လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)
Showing posts with label ကွန်ပျူတနည်းပညာ. Show all posts
Showing posts with label ကွန်ပျူတနည်းပညာ. Show all posts

October 04, 2015

WinX HD Video Converter Deluxe Latest Version Final + Keygen Full


မင်္ဂလာပါခင်ဗျာ ဗီဒီယိုတွေကို ဖြတ်ချင်တောက်ချင်သူများအတွက် WinX HD Video Converter ကိုတင်ပေးလိုက်ပါတယ်။HD ဗီဒီယိုများကို ဖုန်းအမျိုးမျိုးတွင် ကြည့်ရှုနိုင်အောင် Converter လုပ်ပေးနိုင်ပါတယ်။ formats လုပ်ပြီးသော Video များကို YouTube တို့တွင်အဆင်ပြေစွာ ရှယ်ယာလုပ်နိုင်ပါတယ်
ကဲ လိုအပ်သူများအောက်မှာဒေါင်းယူသွားလိုက်နော်

Laptop အဖုံးပိတ်လိုက်တဲ့အခါ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင် ပြုလုပ်နည်း


မင်္ဂလာပါ ဒီနေ့တော့ သိထားသင့်တဲ့ အရာလဲဖြစ်သလို ကွန်ပျူတာ ကိုင်ဆောင်နေတဲ့ သတိမထားမိတဲ့ အရာလေးလဲဖြစ်နိုင်တဲ့ Laptop အဖုံးလေးပိတ်လိုက်တာနဲ့ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင်
ပြုလုပ်နည်းလေးတင်ပေးလိုက်ပါတယ်၊ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ လိုက်လုပ်နိုင်ပါတယ်နော်၊ လုပ်ဆောင်ရတာလွယ်ကူတယ်ဆိုပေမယ့်မသိရင်တော့ခတ်တာပေါ့နော်၊ ကဲကျွန်တော်နဲ့အတူလိုက်လုပ်
ရအောင်..
(၁) ကီးဘုပ်မှ Window Key+R ကိုတွဲနှိပ်ပြီး၊ RunBox ခေါ်ပေးလိုက်ပါ။ အောက်ကပုံလေးတိုင်ပေါ်လာရင်
တော့  Powercfg.cpl  ရိုက်ထည့်ပြီး၊ ok နှိပ်ပေး လိုက်ပါ။အောက်ကပုံလေးတိုင်းပါ..
(၂) နောက်တစ်နည်းဝင်နည်းကတော့ အောက်ကပုံလေးတိုင်းဖြစ်ပါတယ်၊ Power Option ထဲကို ဘယ်လိုဝင်ဝင် ကိုယ်လိုရာရောက်ဖို့ပါဘဲ၊
(၃) အပေါ်မှာပြောခဲ့တဲ့နည်းတွေနဲ့ ဝင်လို့ရောက်သွားရင်အောက်ကပုံလေးတိုင်မြင်ရမှာပါ၊ မြင်ရရင်တော့
Choose when Closing The lid does နိုပ် ပါ....
(၄) Choose when Closing The lid does ကိုနိုပ်ဝင်လိုက်ရင်တော့ အောက်ကဘောက်လေးကျလာမှာပါ
ကျလာရင်တော့ whine I close the lid မှ sleep နေရာမှာ Shut down လို့ ပြောင်းပေးလိုက်ပါ...
(၅) အောက်ကပုံလေးတိုင်းဖြစ်သွားရင်တော့ (၂) မျှားပြထားတဲ့ save changes နိုပ်ပေးလိုက်ရင်တော့
ရသွားပြီ.....
ကဲအားလုံးဘဲနားလည်စွာနည်းပညာတွေအလွယ်တက်မြှောက်နိုင်ကြပါစေ...

September 25, 2015

How to TeamViewer 10 install


မင်္ဂလာပါ ဒီပိုစ့်လေးမှာတော့ TeamViewer 10 ကို install အဆင်ပြေစွာမလုပ်တက်
သေးတဲ့ သူငယ်ချင်းတွေအတွက် install လုပ်နည်း အပြည့်အစုံရေးပေးလိုက်ပါတယ်၊ TeamViewer ဆော့ဝဲလ် က free ပေးထားတယ်ဆိုပေမယ့်၊ သုံးလာတာကြာလာရင် ထိုင်းစာ (သို့) အင်္ဂလိပ်စာတွေနဲ့ ဘောက်တက်လာပြီး၊ လိုင်စင် ဖြစ်အောင်လုပ်ခိုင်းလာပါတယ်၊ လုပ်တက်တဲ့ ဖြေရှင်းတက်တဲ့ သူတွေအဖို့ မခတ်ခဲပေမယ့်၊ မလုပ်တက်တဲ့ သူငယ်ချင်းတွေမှာတော့ အခတ်ခဲဖြစ်နေတာအမှန်ပါ၊ ဒါကြောင့် ကျွန်
တော်တို့က key ဖိုင် pasteဖိုင်တွေအစသဖြင့်ရှာဒေါင်းပြီး၊စက်မှာထည့်ရပါတယ်အဲ့တာမှမိမိတို့အဆင်ပြေပြေ ၊ အမြဲသုံးနိုင်မှာဖြစ်တဲ့ အတွက် install လုပ်နည်းလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်၊ ဒါလေးကိုinstall လုပ်တက်ရင်တခြား တူညီတဲ့ဆော့ဝဲလ်တွေလဲနားလည်သွားမှာပါ အဲ့တော့ အောက်မှာ ပုံတွေနဲ့ အတူ install လုပ်နည်းလေးလိုက်ကြည့်ရအောင်….

(၁) အောက်မှာ ပြထားတဲ့ပုံကိုကြည့်ပါ၊ အစိမ်းရောင်ပြထားတဲ့ Extract Here နဲ့ဖြည်မယ်ဆိုရင်တော့ rar ဖိုင်ထဲမှာ ဖိုင်တွေဘယ်လောက်ပါပါ၊ အကုန်တစ်ခုဆီကျလာမှာပါ၊ အနီရောင်ပြထားတဲ့ အကွပ်နဲ့ ဖြည်ရင်တော့ rar ဖိုင်တဲ့ မှာ ဖိုင်တွေဘယ်လောက်များများ တစ်ဖိုင်ထဲ ပဲကျလာမှာပါ၊ ကျွန်တော်ကတော့ Extract Here နဲ့ပဲဖြည်ချလိုက်ပါတယ်


(၂) ဖြည်ချလိုက်ရင်တော့ ဖိုင် ၂ ဖိုင်ကိုတွေ့ရမှာဖြစ်ပါတယ်၊ Setup ဖိုင်နဲ့ paste ဖိုင်လေးတွေ့ရပါ၊ software တွေမှာတော့ setup ကတော့ ပါပြီးသားဆိုတော့ပြောနေစရာမလိုပါဘူး၊ ပြောရမှာကတော့ ဆော့ဝဲလ်ချင်းတော့တူပါတယ်၊ဒါပေမယ့်၊ပေးလာတဲ့၊ key ဖိုင်တွေမှာကွာသွားပါတယ်၊ သူပေးထားတဲ့ အမျိုးအစားကီးဖိုင်အလိုက်၊ လိုက်လုပ်ပေးရမှာပါ၊ခု လုပ်တဲ့နည်းကတော့ paste နဲ့လုပ်နည်း
လိုဆိုနိုင်ပါတယ်၊ paste နဲ့ လုပ်နည်းမှာလဲ (၂) မျိုးရှိပါတယ်၊ ကျွန်တော်တွေရှိသ
မျှပေါ့၊ နောက်နည်းတွေလဲရှိနိုင်ပါသေးတယ်၊

(၄) အပေါ်ကအဆင့်တွေပြီးပြီဆိုရင်တော့ အောက်ကပုံလေးတိုင်း Setup ဖိုင်လေးကိုအရင် install လုပ်ရမှာဖြစ်တဲ့ အတွက် (၂) ချတ်ကလစ်ပြီး run လို့ရသလိုSetup ဖိုင်ကို မောက်ညာခလုပ်လေးနိုပ်ပြီး၊ Run as administrator ကိုနိုပ်လဲရပါတယ်၊အဆင်ပြေသလိုလုပ်ပါ……

(၅) အောက်ကဘောက်လေးတက်လာရင်တော့ (၁) မျှားပြထားတဲ့နေရာမှာ အမှတ်လေးပေးပါ၊ဆက်ပြီး (၂) မျှားပြထားတဲ့နေရာလေး အမှတ်ပေးပြီး (၃)မျှားနေရာလေးနိုင်ပေးလိုက်ပါ….

(၆) အောက်ကပုံလေးမှာ (၁)မျှားပြထားတဲ့ဘောက်လိုမျိုးအနည်းငယ်ရက်သန့်နေပြီးလုပ်နေတာတွေ့ရမှာပါ၊ (၂) မျှားလိုကိုယ့်စတ်မှာ ဆော့ဝဲလ်ပေါ်လာရင်တော့ ဖွင့်လိုက်နိုင်ပါတယ်၊….

(၇) ဆော့ဝဲလ်လေးဖွင့်လိုက်တဲ့ခါမှာတော့ အောက်ကလိုမျိုး စာလေးပေါ်နေတာတွေရမှာဖြစ်ပါတယ်၊ အဲစာလေးကမကြာချင်မှာလိုင်စဉ်မလုပ်ပေးရင်၊သုံးလို့ရတော့မဟုပ်ပါဘူး၊အဲ့တော့အဲစာတန်းလေးပြောက်သွားအောင်နဲ့ လိုင်စဉ် အနေနိုင်အမြဲအဆင်ပြေအောင်သုံးနိုင်ဖို့ထပ်လုပ်ပေးရမှာဖြစ်ပါတယ်…..
(၈) အောက်မှာပြထားသလို Help>About ကိုနိုပ်ပြီးသွားကြည့်ပါ..

(၉)အောက်မှာပြထားတဲ့ update လုပ်ခိုင်းတဲ့ စာတန်းလေးတွေ့ရပြန်ပါတယ်၊အားလုံးကိုပြောက်အောင်လို့၊ paste ထည့်ပေးရမှာပါ……
(၁၀) ဒေါင်းထားတဲ့ဖိုင်ဖြည်ချတုန်းက paste ဖိုင်လေးကို အရင် copy လုပ်ပါအောက်ကပုံလေးတိုင် paste ကိုမောက်ညာခလုပ်လေးနိုပ်ပြီးတော့…
(၁၁) desktop မှာရှိနေတဲ့ TeamViewer ဆော့ဝဲလ်လေးကို(၁)မျှားပြထားသလိုမောက်ညာခလုပ်လေးနိုပ်
ပြီး၊ (၂) မျှားပြထားတဲ့ open file location ကိုနိုပ်ပြီး ဒါရိုတ် ဝင်သွားနိုင်ပါတယ်…..
(၁၂) အောက်မှာပြထားတဲ့ဘောက်တက်လာရင်တော့(၁)မှားပြထားတဲ့နေရာမှာဘောက်ကိုရှင်းအောင်
အကြီးဖော်လိုက်ပါ၊ ပြတ်သနာဖြစ်တက်လို့ပါ၊ ရှင်းရှင်းလေးလုပ်တော့ကောင်းတာပေါ့၊ ပြီးရင်တော့ လွက်တဲ့နေရာမှာမောက်ညာခလုပ်လေးနိုပ်ပြီး၊ paste လေးလုပ်လိုက်ပါ၊ (၂) မျှားပြထားသလိုပေါ့….
(၁၃) အောက်ကပုံလိုဘောက်တက်လာရင် continue ဆိုတာနိုပ်ပေးလိုက်ပါ…
(၁၄) ပြီးရင်တော့ အောက်မှာ (၁) မျှားပြထားသလို paste ဖိုင်လေးတွေ့ရင် မောက်ညာခလုပ်လေးနိုပ်ပြီး၊ Run as administratorနဲ့runပေးလိုက်ပါ၊Runasadministratorနဲ့မှrunရတာလားလို့တော့မမေးပါနဲ့မောက် ဘယ်ခလုပ် လေးနဲ့လဲ(၂)ချတ်ကလစ်ပြီး၊ run ရပါတယ်၊ နှစ်မျိုးလုံးနားလည်အောင်ရှင်းပြပေးတာပါ…

(၁၅) အောက်ကပုံလိုဘောက်တက်လာရင်တော့Pasteစာကိုနိုပ်ပေးလိုက်ပါ၊သူအလုပ်လုပ်နေတာတွေ့ရ
မှာပါ၊ ပြီးရင်တော့ paste နေရာမှာ paste ok လို့ပေါ်လာမှာပါ၊ ပေါ်လာရင်တော့၊ အဲ့ တက်နေတဲ့ ဘောက်လေးကို x လေးနိုပ်ပြီး၊ပိတ်လိုက်ရပါပြီး၊ ပြီးရင် အကုန်လုံးပိတ်လိုက်ပြီး၊ TeamViewer 10 ဆော့ဝဲလ်လေးဖွင့်ကြည့်နိုင်ပါပြီ…..
(၁၆) paste ဖိုင်မထည့်ခင်က ပေါ်နေတဲ့ စာတွေပြောက်ပြီး help> about မှာဝင်ကြည့်ရင်လဲ update ခိုင်းတဲ့နေရာမှာ အောက်ကမျှားပြထားတဲ့စာလေးပြောင်းသွားရင်တော့ မိမိတို့ရဲ့ TeamViewer 10 လေးကပြတ်သနာကင်းပြီး၊ အဆင်ပြေပြေအသုံးပြုနိုင်ပြီပေါ့ဗျာ….

ကျွန်တော်မောင်စေတနာကို အမြဲအားပေးနေတဲ့ သူငယ်ချင်းတွေအားလုံးအဆင်ပြေ
ပြေ တက်မြှောက်နိုင်ကြပါစေနားလည်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊
install လုပ်နည်း video အသံဖိုင်   DOWNLOD HERE
TeamViewer 10         DOWNLOAD HERE

August 20, 2015

Behind Memory Speed


ကျွန်တော်တို့တွေ ကွန်ပျုတာမှာသုံးဖို့အတွက် memory တွေကို ဝယ်ယူကြတယ်။ memory အမျိုးအစားခြင်း speed ခြင်းတူတာတောင် တချို့ memory တွေက ပိုဈေးကြီးတယ်။ ပိုပြီး Performance ကောင်းကြတယ်။ ဒါဟာ memory တွေရဲ့ Timing တွေကြောင့်ဖြစ်ပါတယ်။ အလယ်အလက်နဲ့ high end memory တွေမှာ memory  speed တွေအပြင် timing တွေကိုပါထည့်သွင်းဖော်ပြလာပါတယ်။  ဥပမာဆိုရင် DDR2 800 MHz 4-4-4-15, DDR2 800MHz 2-3-2-6-T1 စသည်ဖြင့်ဖော်ပြလာပါတယ်။ 4-4-4-15, 2-3-2-6-T1 တို့ဟာ memory timing တွေပဲဖြစ်ပါတယ်။ Memory Timing ဆိုတာက memory ကအလုပ်တစ်ခုကိုလုပ်ဆောင်ရာမှာ ကြာတဲ့အချိန်ဖြစ်ပါတယ်။ 4-4-4-15, 2-3-2-6-T1, 5-5-5-15 စသည်ဖြင့်ဖော်ပြထားတဲ့ memory timing တွေကတော့ CL-tRCD-tRP-tRAS-CMD တွေကိုအစဉ်လိုက်ညွှန်းဆိုပါတယ်။ အခုတစ်ခုခြင်းစီရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြပါမယ်။


CL (CAS) latency
CL ကတော့ CPU ကနေ ပေးလိုက်တဲ့ command တစ်ခုကို memory ကနေအမြန်ဆုံးပြန်လည်တုန့်ပြန်ပေးနိုင်တဲ့ကြာချိန်ဖြစ်ပါတယ်။ ဥပမာ အားဖြင့် CPU ကနေ data A ကိုထုက်ပေးပါလို့ တောင်းဆိုလိုက်တဲ့အချိန်နဲ့ memory ကနေ data A ကိုထုက်ပေးလိုက်တဲ့အချိန် နှစ်ခုကြား ကြာချိန်ဖြစ်ပါတယ်။ပိုမိုရှင်းလင်းအောင် အောက်ပုံကိုကြည့်ပါ။

CL တန်ဖိုး 3 နဲ့ 5 ရှိတဲ့ memory နှစ်ခုကိုနှိုင်းယှဉ်ပြထားပါတယ်။ CPU ကနေပြီး READ command ကိုပေးလိုက်တယ်။ ဒီအခါမှာ CL တန်ဖိုး 3 ရှိတဲ့ memory က clock cycle ၃ခုအပြီးမှာ CPU ဆီကို data ကိုပြန်လည်ပေးပို့နိုင်တယ်။ read လုပ်ပြီးပေးပို့နိုင်တယ်။ CL တန်ဖိုး 5 ရှိတဲ့ memory ကတော့ clock cycle ၅ခုပြီးမှ data ကို ပေးပို့နိုင်တယ်။ မှတ်သားထားရမှာက ကျွန်တောတို့လက်ရှိသုံးနေတဲ့ DDR 1,2,3 memory တွေက clock cycle တစ်ခုအတွင်းမှာ data နှစ်ခု၊ တနည်းအားဖြင့် command နှစ်ခုကိုလုပ်ဆောင်နိုင်တယ်။ (DDR ဆိုတာDual Data Rate ကိုဆိုလိုတာပါ။ DDR 1, DDR2, DDR3 ဆိုတာတွေက generation တွေကိုဆိုလိုတာပါ။ DDR2 က 2 data per clock cycle, DDR3 က 3 data per clock cycle မဟုတ်ပါဘူး) Time နဲ့ frequency အတွက် ပုံသေနည်းတစ်ခုရှိပါတယ်။ T= 1/f ဖြစ်ပါတယ်။ DDR2 533 MHz (266.66 MHz x 2) နဲ့ အလုပ်လုပ်တဲ့ memory တစ်ခုအတွက် clock cycle တစ်ခုရဲ့ကြာချိန်က 3.75 ns (nanosecond) ရှိပါတယ်။ ဒါကြောင့် CL 3 memory က CPU ကတောင်းဆိုတဲ့ data ကိုပေးပို့ ဖို့ဆိုရင် 11.25 ns (3.75ns x3 ) ကြာပြီး၊ CL 5ရှိတဲ့ memory က 18.75ns (3.75ns x 5)ကြာပါတယ်။
ဒါပေမယ့်DDR memories တွေက brust mode (command တစ်ခုရဲ့နောက်မှာ နောက်command တစ်ခုဆက်တိုက်လာခြင်းကိုဆိုလိုသည်) နဲ့အလုပ်လုပ်တဲ့အတွက် CPU ကနေ Command နှစ်ခုထက်မကပေးလာတဲ့အခါ CL Latency က ပထမ Command တစ်ခုအတွက်ပဲ စောင့်ရပါတယ်။ နောက် command တွေအတွက် စောင့်ဆိုင်းစရာမလိုတော့ပါဘူး။


RAS to CAS Delay (tRCD)
Memory chip တွေရဲ့လုပ်ဆောင်မှုကို Matrix ပုံစံအားဖြင့်တည်ဆောက်ထားတယ်။ Matrix မှာ row နဲ့ column တွေပါဝင်ပါတယ်။ Row နဲ့ column တွေရဲ့ဆုံမှတ်တိုင်းမှာ capacitor တစ်ခုစီကိုထည့်ထားတယ်။ အဲ့ဒီ့ capacitor တစ်ခုခြင်းက 0 ဒါမှမဟုတ် 1 ဆိုတဲ့data နှစ်ခုကို မှတ်သားထားနိုင်တယ်။ မှတ်သားထားတဲ့ data ကို လိုချင်တဲ့အခါ CPU ကနေ row number ဘယ်လောက်၊ column number ဘယ်လောက် မှာရှိတဲ့ data ကို Read လုပ်ပါ လို့ memory ကိုခိုင်းစေတယ်။
ဒီအခါမှာ memory ကနေ CPU ခိုင်းစေတဲ့ Row နဲ့ Column မှာရှိတဲ့ data ကိုရှာပေးရတယ်။ (technical term အရ ကိုယ်လိုချင်တဲ့ row ဒါမှမဟုတ် column ကို activate လုပ်တယ်လို့ခေါ်တယ်)။ Row number အတွက် RAS (Row Address Strobe) signal ကနေလုပ်ဆောင်ပြီးတော့၊ column အတွက် CAS (Column Address Strobe) signal ကနေလုပ်ဆောင်တယ်။ RAS နဲ့ CAS signals နှစ်ခု ရဲ့ကြာချိန်ကနည်းလေလေ data ကိုမြန်မြန်ဆန်ဆန် ဖတ်နိုင်လေပဲ။ ၄င်းကို RAS to CAS Delay (tRCD) လို့ ခေါ်တယ်။ ပုံမှာ ဆိုရင် tRCD 3 ရှိတဲ့ memory ကိုပြထားတယ်။

tRCD 3 ဖြစ်တဲ့အတွက် RAS ကလုပ်ဆောင်ပြီး clock cycle ၃ခုကြာမှသာလျှင် data ကို read လုပ်နိုင်တယ်။ write command အတွက်လည်းထိုနည်းတူပဲဖြစ်တယ်။


RAS Precharge (tRP)
Data တစ်ခုကို memory ကနေယူပြီးတဲ့နောက်မှာ Precharge command တစ်ခုကိုထုက်ပေးရတယ်။ လက်ရှိ row ကို ပိတ်ပြီး နောက် row တစ်ခုကို activate လုပ်ခြင်းဖြစ်ပါတယ်။ tRP ဆိုတာဟာ precharge command ကနေ activate command ကြားကြာချိန်ပဲဖြစ်ပါတယ်။ ပုံမှာဆိုရင် tRP 3 ရှိတဲ့ memory ရဲ့ အလုပ်လုပ်ပုံကိုပြထားတယ်။

tRP 3 ဖြစ်တဲ့အတွက် precharge command ကိုထုက်ပေးပြီး clock cycle ၃ခုကြာမှ Active command ကိုထုက်ပေးတယ်။


Active to Precharge Delay (tRAS)
Row တစ်ခုကို activate လုပ်တဲ့အခါကြာတဲ့အချိန်ဖြစ်ပါတယ်။ Row တစ်ခုဟာ tRAS မပြီးမခြင်း Precharge command ကိုထုက်ပေးလို့ မရပါဘူး။


Command Rate (CMD)
Command တစ်ခုနဲ့တစ်ခု ကြား ကြာချိန်ဖြစ်ပါတယ်။ သူ့ကို "T" နဲ့ဖော်ပြပါတယ်။ 1T ဆိုရင် Command တစ်ခုနဲ့တစ်ခုကြား clock cycle တစ်ခုခြားပြီး 2T ဆိုရင် Command တစ်ခုနဲ့တစ်ခုကြား 2 clock cycle ခြားပါတယ်။


အခြား Timing များ
အခြား timing များအနေနဲ့ကတော့ tRC, tRRD, tRFC, tRW, tRTW/RWT, tWTR, tREF, tWCL တို့ ဖြစ်ပါတယ်။

tRC - row cycle time ဖြစ်ပါတယ်။ cycle တစ်ခုရဲ့ minimum time ဖြစ်ပါတယ်။ ၄င်း cycle က complete full cycle ဖြစ်ဖို့ အတွက် row တွေကိုလုပ်ဆောင်ပါတယ်။ ၄င်းဟာ tRAS + tRP ဖြစ်ပါတယ်။ ဒီအချိန်ကို နည်းထားလိုက်ရင် data ဆုံးရှူံးမှုတွေဖြစ်နိုင်ပါတယ်။ ကြာထားလိုက်ရင် Performance ကျသွားနိုင်ပါတယ်။ ဒါပေမယ့် system stability ပိုကောင်းလာပါတယ်။

tRRD - Row to Row delay သို့ RAS to RAS delay ဖြစ်ပါတယ်။ Row တစ်ခုကနေ နောက်တစ်ခုကို activate လုပ်ရာမှာကြာတဲ့အချိန်ဖြစ်ပါတယ်။

tRFC - Row Refresh Cycle time ဖြစ်ပါတယ်။ row ကို refresh လုပ်ရာမှာ ကြာတဲ့အချိန်ဖြစ်ပါတယ်။

tRW - Write Recovery Time. Data တစ်ခုကို write လုပ်မှာကြာတဲ့အချိန်ဖြစ်ပါတယ်။ ၄င်းဟာ data ကို အမှန်တကယ် write လုပ်ထားလားဆိုတာကို စစ်ပေးပါတယ်။

tRTW/tRWT - Read to Write Delay. Write command ကိုရတာနဲ့ memory က ၄င်းကိုစတင်လုပ်ဆောင်ဖို့ကြာတဲ့အချိန်ဖြစ်ပါတယ်။ (memory က write command ကိုစတင်လုပ်ဆောင်ဖို့ကြာတဲ့အချိန်ပါ။ လုပ်ဆောင်ပြီးလို့ CPU ဆီကို ပြန်လည်ပေးပို့ တဲ့ CL latency နဲ့မတူပါ)

tWTR - Write to Read Delay. Write command နဲ့ Read command ကြားကြာချိန်ဖြစ်ပါတယ်။

tREF - capacitor ထဲမှာ သိုလှောင်ထားတဲ့ charge ကို refreshed မလုပ်ခင်ကြာတဲ့အချိန်ဖြစ်ပါတယ်။ micro seconds နဲ့တိုင်းတာပါတယ်။

tWCL - CAS Number တွေကိုရေးသားရာမှာကြာတဲ့အချိန်ဖြစ်ပါတယ်။



မှတ်သားရန်။  ။ Memory Timing တွေနည်းခြင်းက System ကိုပိုမိုမြန်စေပါတယ်။ ဒါပေမယ့် stability မကောင်းပါဘူး။ Memory Timing တွေများခြင်းက System ကိုနှေးစေပါတယ်။ ဒါပေမယ့် stability ကောင်းပါတယ်။ Overclocking လုပ်ရာမှာ timing တွေကို အနည်းငယ်မြင့်ပေးရပါတယ်။ CPU ကို stability ကောင်းစေဖို့ဖြစ်ပါတယ်။ (memory timing ကြောင့်နှေးသွားတဲ့ speed ထက် CPU stability ဖြစ်လို့ Overclocking လုပ်ရာမှာရရှိတဲ့ CPU speed က ပိုများပါတယ်)

Desktop Computer Casing အကြောင်း



Casing တွေကို ကွန်ပျုတာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ သိထားကြတယ်။ မဝယ်မဖြစ် မသုံးမဖြစ် ပစ္စည်းတစ်ခုလို့ ပဲမှတ်ယူထားကြတယ်။ ဒါပေမယ့် casing တစ်ခုဟာ ကွန်ပျုတာရဲ့ component တွေကို ထည့်ဖို့ သက်သက်မဟုတ်ပဲ ကွန်ပျုတာ component တွေအတွက် အဓိကကျတဲ့ အလုပ်ကိုလုပ်ဆောင်ပါတယ်။Component တွေကို အကာအကွယ်ပေးဖို့ ၊ အစဉ်အမြဲအေးမြစေဖို့ အပြင် လှလှပပ casing ဟာ မြင်သူအပေါင်းကိုစွဲဆောင်စေပါတယ်။ Low end componets တွေကိုသုံးထားပေဦးတော့ casing ကောင်းကောင်းနဲ့ဆိုရင် ဘာပဲပြောပြော လူရှိန်တာပေါ့။ ဈေးပေါပေါ casing တွေကိုဝယ်ထားပြီး ရာသီဥတု ဒါဏ်မခံနိုင်လို့  သံချေးတက်တာတွေ၊ အဖုံးတွေ ပိန်ကုန်တာတွေ၊ မလုံတာတွေကိုတွေ့ ရတာများပါတယ်။ Componet တွေကို upgrade လုပ်ရာမှာ လဲ ပစ္စည်းနဲ့မဆံတာတို့ အထဲမှာ ကျပ်ညှပ်နေတာတို့ ဖြစ်ကုန်ပါတယ်။
ဒါကြောင့် casing ကိုမဝယ်ခင် မိမိရဲ့ ပစ္စည်းတွေနဲ့ ကိုက်ညီအောင် စဉ်းစားရပါတယ်။ casing တစ်လုံးကိုဝယ်ယူရာမှာ အဆင်ပြေစေဖို့ အတွက် ဒီ post ကိုဖော်ပြလိုက်ပါတယ်။ casing တစ်လုံးကိုဝယ်ယူကြရာမှာ သာမန် ကွန်ပျုတာအသုံးပြုသူတွေဟာ အပြင်ပိုင်းဆိုင်ရာအလှအပကိုဦးစားပေးဝယ်ယူကြတယ်။ professional user တွေက အတွင်းပိုင်းဆိုင်ရာ နဲ့ case material ကိုဦးစားပေးဝယ်ယူကြတယ်။
      case material တွေအနေနဲ့ အသုံးအများဆုံးက aluminum နဲ့ steel ပဲ။ Steel casing ကဈေးသက်သာပါတယ်။ Aluminum ထက်ပိုလေးပြီး အပူစွန့် ထုက်မှုမှာ နည်းပါးပါတယ်။ Aluminum casing က ပိုပေါ့ပြီး ဈေးပိုကြီးပါတယ်။ အပူစွန့်ထုက်မှုကလဲ ပိုကောင်းပါတယ်။ သူတို့ထက်အကောင်းဆုံးကတော့ titanium သတ္ထုစပ်တွေပါပဲ။ Titanium casing တွေကို high end casing တွေမှာပဲအသုံးပြုပါတယ်။ ကွန်တော်တို့ဆီမှာ ရှိတဲ့ casing တွေက တော့ Aluminum alloy တွေပါပဲ။
Aluminum သီးသန့် casing တွေကတော့ ရှားပါးပါသေးတယ်။ ဈေးနှုန်းလဲသက်သာအောင် စွမ်းဆောင်ရည်လည်းကောင်းအောင် နောက်ပိုင်း casing ထုက်လုပ်သူတွေဟာ Steel-Aluminum နှစ်မျိုးကိုပေါင်းသုံးလာပါတယ်။ casing ကိုဝယ်ယူရာတွင်စတယ်စဉ်းစားရမယ့် အချက်က ကျွန်တော်တို့သုံးမဲ့ပစ္စည်းတွေပါပဲ။

Motherboard
စစခြင်း motherboard ကိုစတင်စဉ်းစားရပါတယ်။ ကိုယ့်ရဲ့ motherboard က ATX လား ၊Micro ATXလား။
ATX MB တပ်ဆင်နိုင်တဲ့ casing မှာ Micro ATX MB တွေတပ်ဆင်နိုင်ပေမယ့်၊ Micro ATX MB တပ် casing တွေမှာ ATX MB တွေမတပ်ဆင်နိုင်ပါဘူး။
MB ဆိုက်တွေအနေနဲ့
-E-ATX (Extented ATX ) MB တွေဟာ ၁၂” x ၁၁” ကနေပြီး ၁၂”  x ၁၃” ထိရှိပါတယ်။ အထူးသဖြင့် server board နဲ့ Dual CPU board တွေဖြစ်ပါတယ်။
-ATX MB တွေက ၁၂” x ၉.၆” ကအကြီးဆုံးဖြစ်ပါတယ်။
-Mirco ATX MB တွေက အကြီးဆုံး ၉.၆” x ၉.၆” ဖြစ်ပြီး ပုံမှန် ၉” x ၇.၅”ဖြစ်ပါတယ်။
-Mini ATX MB တွေကတော့အသေးဆုံးဖြစ်ပြီး 17cm x 17 cm ဖြစ်ပါတယ်။
Computer အသစ်တစ်လုံးကိုဝယ်မယ်ဆိုရင် တော့ ကိုယ်သုံးမယ့် motherboard ကိုအရင်စဉ်းစားပြီး သူနဲ့ကိုက်ညီမဲ့ casing ကိုစဉ်းစားရပါမယ်။


Graphic Card
Casing တွေနဲ့ component တွေကြားအဓိက ပြဿနာအပေးဆုံးကောင်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကွန်ပျုတာမှာ high end graphic card ကိုတပ်ဆင်ရာမှာ မိမိ casing ရဲ့အလျား ကသေးနေရင် ATX casing ကိုသုံးထားဦးတော့ မဆံ့ဖြစ်တက်ပါတယ်။ ဆံ့တယ်ဆိုရင်တောင် HDD တွေနဲ့ သွားညိနေတက်ပါတယ်။ အဖြစ်အများဆုံးက HDD power cable / SATA cable ခေါင်းတွေနဲ့ မလွက်တာပါ။


CPU Cooler
CPU Cooler  ကိုတပ်ဆင်မယ်ဆိုပါက case ဟာ ၄င်းကိုဆံ့မယ့် ဗျက်အကျယ်ရှိရပါမယ်။ သာမန် case တွေဟာ G-PowerII Pro လိုမျိုး cpu cooler အကြီးစားတွေကိုမဆံ့ပါဘူး။

Interior Design
နောက်တစ်ခုတော့ ဒီဇိုင်းပိုင်းပါပဲ။ အတွင်းပိုင်းဒီဇိုင်းအနေနဲ့ ပြောရရင် Drive bay တွေအတွက် screw less ဖြစ်တာကောင်းပါတယ်။ screw less case တွေဟာ အမှန်တကယ်ကို ဖြုတ်ရတပ်ရလွယ်ပါတယ်။

HDD device bay တွေအနေနဲ့လည်း ဘေးဘက်ကိုလှည့်ထားတဲ့ case ကပိုကောင်းပါတယ်။ High end case တွေမှာဆိုရင် HDD တွေအတွက် အောက်ဘက်မှာသက်သက်ကိုထားပေးထားပါတယ်။ ဥပမာဆိုရင် silverstone Raven case မှာဖြစ်ပါတယ်။


Zalmen ရဲ့ GS1000 plus မှာဆိုရင် HDD တွေကိုအရှေ့ဘက်ကနေ သွင်း/ထုက် လုပ်လို့ရပါတယ်။


device bay ဘယ်နှစ်ခုပါမလဲဆိုတာလဲ အရေးကြီးပါတယ်။ အထူးသဖြင့် HDD တွေအတွက်ဖြစ်ပါတယ်။CD/DVD device တွေကို သာမန်အားဖြင့် တစ်ခုလောက်သာသုံးကြပေမယ့် HDD တွေကိုတော့ နှစ်ခု သုံးခုထက်ပိုသုံးတက်ကြပါတယ်။ HDD တွေကိုများများသုံးမယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့အတိုင်း device bay များများပါပြီး graphic card နဲ့လွတ်မဲ့ case ကိုရွေးရပါမယ်။Professional user တွေအတွက်ကတော့ water cooling အတွက် အဆင်ပြေရပါမယ်။ water cooling တပ်ဆင်နိုင်တဲ့ case တွေက များသောအားဖြင့် power supply ကိုအောက်ဘက်မှာတပ်ဆင်ပါတယ်။ cable management လည်းပါဝင်ရပါမယ်။


Exterior Design
အပြင်ဘက်ပိုင်းအနေနဲ့ကတော့ port တွေပဲဖြစ်ပါတယ်။ Printer တွေ၊ USB Flash drive တွေ၊ external HDD တွေ၊ များများတပ်ဆင်သူတွေအနေနဲ့ USB Port တွေများများပါတဲ့ case ကိုရွေးရပါမယ်။ Audio ပိုင်းအနေနဲ့ front panel မှာ head set တပ်ဆင်နိုင်ရန် Audio ပေါက်ပါဝင်ရပါမယ်။ Port တွေရဲ့နေရာတွေဟာလဲ အလွယ်တကူတပ်ဆင်နိုင်ရပါမယ်။ လုံခြုံမှုပိုင်းအနေနဲ့ တချို့ case တွေမှာ သော့ပေါက်တွေပါဝင်ပါတယ်။ ကွန်ပျုတာဟာ လုပ်ငန်းမှာထားတယ်ဆိုရင် security ကောင်းတဲ့ case ကိုရွေးရပါမယ်။


Cooling
case အတွင်းပိုင်းကိုအေးစေဖို့ အတွက် case တော်တော်များများမှာ fan တွေပါပြီးဖြစ်ပါတယ်။ ဒါပေမယ့် fan များတိုင်းကောင်းပါသလား.....
သင့်တော်အောင်မတပ်ဆင်ထားရင်တော့ နားညီးရုံပဲရှိမယ်။ ဘေးဘက်မှာ side fan ပါဝင်တာကိုကောင်းတယ်လို့ထင်ကြပါတယ်။ အမှန်တော့ပါတိုင်းမကောင်းပါ။
case မှာ ရှေ့ပန်ကာလည်းပါမယ်၊ ဘေးပန်ကာလည်းပါမယ်ဆိုရင် စဉ်းစားစရာဖြစ်လာပါပြီ။ ဥပမာ- ရှေ့ပန်ကာက လေကိုစုပ်သွင်းတယ်၊ ဘေးပန်ကာကလည်းလေကိုစုပ်သွင်းတယ်။ ဒါဆိုရင်ရှေ့ကလေလမ်းကြောင်းကို ဘေးပန်ကာ ဝင်ပြီးနှောက်ယှက်သလိုဖြစ်သွားပြီ။ သာမန် component တွေသာသုံးထားတယ်ဆိုရင် တော့ ကိစ္စမရှိပါဘူး။ အထူးသဖြင့် highend graphic ဆိုရင်တော့သွားပြီ။ ဒီကဒ်တွေရဲ့ အဓိကလေယူတာက သူတို့ရဲ့ ဘေးအစွန်းကပဲ။ အထူးသဖြင့် R5800 series တွေမှာဖြစ်ပါတယ်။ နှစ်ကဒ်များ စိုက်ထားလို့ကတော့ ကဒ်တွေကပိုမအေးတဲ့အပြင် ပိုပူလာလိမ့်မယ်။ side fan က front fan ကလာတဲ့ လေကိုအနှောင့်အယှက်မပေးဘူးဆိုရင်တော့ ကောင်းပါတယ်။ နောက်တစ်ခုကဘေးပန်ကာကြီးကြီးပါတာ က ပိုအသံကျယ်တာပါပဲ။ ဘေးပန်ကာလေကိုစုပ်ထုက်တာဆိုရင်တော့ အဲ့ဒီ့casing ကို လှည့်တောင်မကြည့်နဲ့တော့။ ကိုယ့်ရဲ့ CPU ကလေကိုစုပ်သွင်းတာလေ။ ဘေးပန်ကာက စုပ်ထုက်လိုက်မှတော့ ဘာကျန်တော့မှာတုန်း။ ဒါကြောင့် highend series casing တွေမှာ side fan ပါမလာတာပါပဲ။ ဒီ့အစား ရှေ့ပန်ကာများများနဲ့ ဘေးဘက်ကနေသံဇကာ ကို ထည့်ပေးထားတယ်။ ပိုကောင်းတဲ့casing မှဆိုရင် CPU အတွက် အပေါ်ဘက်မှာ ပန်ကာတွေတပ်ဆင်ပေးထားတယ်။

ရွေးချယ်ရာမှာသိသင့်တဲ့အချက်တွေကိုဖော်ပြပြီးတဲ့နောက်မှာ casing အမျိုးအစားတွေကိုဖော်ပြပေးထားပါတယ်။
အကြမ်းဖြင်းအားဖြင့်  full tower, mid tower, HTPC ဆိုပြီးရှိတယ်။ အမှန်တော့ဒီထက်များပါတယ်။ full tower case တွေမှာ External 5.25" bay ၅ခုနှင့်အထက်ပါဝင်တယ်။ Mid Tower Cases တွေမှာဆို ရင် External 5.25" bay ၃ခုကနေ ၅ခုထိတပ်ဆင်နိုင်တယ်။ HTPC (home theratar PC) case တွေကတော့ များသောအားဖြင့် entertainment အတွက်အသုံးပြုတယ်။ အဲ့ဒီ့case တွေက ထောင်ထားတဲ့ပုံမဟုတ်ပဲ လေးထောင့်ပုံးပုံဖြစ်တယ်။ External 5.25" bay နှစ်ခုလောက်ပဲတပ်ဆင်နိုင်တယ်။ အခုလောက်ဆိုရင် မိမိကြိုက်နှစ်သက်မယ့်၊ မိမိနဲ့ကိုက်ညီမဲ့ case တစ်လုံးကိုရွေးချယ်နိုင်ပြီလို့ထင်ပါတယ်။ အောက်မှာတော့ အကောင်းတကာ့အကောင်းဆုံး case တွေကိုပြထားပါတယ်။


Tharmaltake Level 10

Coolermaster HAF


Zalman GS1000 Plus


Silverstone Raven


ASUS CG6155


Acer Predator


HP Blackbird

August 09, 2015

ဗီဒီယို တည်းဖြတ် အခွေထုတ်ချင်သူ အတွက် Cyberlink Power Director - 12 Cyberlink Power Director - 12



နမူနာစမ်းသုံးကြည့်တာပါ အတော်လေးအဆင်ပြေတယ် မယူခင် ကြည့်ကြည့် လိုက်ပါ

ဗီဒီယို တည်းဖြတ်တာ  ၀ါသနာပါသူတွေအတွက်  လေ့လာသင့်တဲ့ ဆော့ဝဲတစ်ခုကို

မျှဝေချင်ပါတယ် ။ အခြေခံဝါသနာရှင်ကနေ ပညာရှင်ဖြစ်သည်အထိ အသုံးပြုနေတဲ့

ဆော့ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိ ဗီဒီယိုထုတ်လုပ်ဖြန့် ချီရေးတွေမှာလည်း

သုံးနေကြဆဲပါ ရိုက်ကူးလိုက်တဲ့ ဗီဒီယိုဖိုင်တွေကို တည်းဖြတ် အခွေထုတ်ဖို့  အဆင်

ပြေစေနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ သုံးတတ်ရင် သုံးတတ်သလို ဖန်တီးလို့ ရတယ်


Ulead ထက် သုံးရတာ ပိုလွယ်သလိုပဲ  ။ version အသစ်တွေ 12အထိ ထွက်နေပြီ

ကောင်းမကောင်း ကလည်း ဇောက်ချသုံးကြည့်ချိန်မရှိဘူး ။ လေ့လာရုံ စမ်းကြည့်ရုံပဲ

Download - Cyberlink Power Director - 12

Setup ကို အင်စတောလုပ်ပါ။
ဆော့ဝဲကို မဖွင့်ပါနဲ့။
Crack ဖိုင်(၄)ဖိုင်ကို C\Program Files\CyberLink PowerDirector\ မှာ copy
and paste လုပ်ပါ။
အဲဒီ(၄)ဖိုင်ထဲက 12 ဆိုတဲ့ဖိုင်လေးကို run လိုက်ပြီး Ok ကိုကလစ်ပေးပါ။
Windows 7(32/64) and Windows 8(32/64) Only***

ဆော့ဝဲ Credit to-   http://www.linthit.com



အသုံးအများဆုံး ဗီဒီယိုတည်းဖြတ်ခြင်း ဆော့ဝဲ များပါ အောက်ပါအတိုင်း ဖြစ်ပါသည်

USB မှ Window တင်နည်း ( အပြည့်အစုံ)


USB မှ Window တင်နည်း


USB မှ Window တင်နိုင်ဖို့ အတွက်

1.ပထမဆုံး ကိုယ့်ရဲ့ စက်မှာ 64 Bit တင်ချင်လို့ စစ်ဆေးကြည့်ချင်ရင်တော့ ဒီမှာ စစ်ကြည့်နိုင်ပါတယ်..။

2.ကိုယ်လိုချင်တဲ့ Window ISO File တွေကို ဒီမှာ ရွေးချယ်ပီး Download ရယူနိုင်ပါတယ်...။
3. ISO File ကို Download ရယူပီးပီးဆိုရင် Rar File ကိုဖြေလိုက်ပါ...။
4. USB မှ Window တင်နိုင်စေဖို့ အတွက် Bootable USB ဖြစ်အောင် ပြောင်းလဲ ယူရမှာပါ..။
အဲလို လုပ်ဖို့အတွက်   USB Stick ကို Computer မှာ  Plug ထိုးလိုက်ပါ...။



5.Bootable  USB   ဖြစ်အောင်ပြောင်းနိုင်စေဖို့ အတွက် ပထမဆုံး  မိတ်ဆက်ပေးချင်  တာကတော့ 
Win ToFlash ဆိုတဲ့ Tool လေးပါပဲ ဒီ Tool လေးကတော့ ကိုယ်တို့ ISO ရဲ့
Components တွေ စုံလင်မှု ရှိမရှိပါစစ်ဆေးပေးတဲ့ အတွက် အကြိုက်တွေ့စေပါတယ်..။
လိုချင်ရင်တော့ ဒီမှာ ယူနိုင်ပါတယ်..။
1. ပထမဆုံးသူရဲ့ ဒီလို Interface လေးရှိမှာပါ..။



2. Advanced Mood ကိုသွားပါ..။ Task အောက်က Drop Down လေးမှာ

ကိုပြောင်းမယ့် Window Version ကိုရွေးပါ..။
3.Create ကိုဆက်နှိပ်လိုက်တဲ့ အခါမှာ ဒီလို Interface လေးမှာ အပေါ်ကတော့
ISO File ရှိတဲ့ Path ကိုရွေးပေးရမှာ ဖြစ်ပီးအောက်ကတော့ USB ရှိနေတဲ့
Path ကိုရွေးချယ်ပီး Run ကိုနှိပ်လိုက်ရုံပါ..။
ပြောင်းလဲမှုပီးဆုံးသွားရင်တော့ Finished လို့ပေါ်လာမှာပါ..။
ဒါဆိုရင်တော့ Window တင်ဖို့ အတွက် Bootable USB တစ်ခုရပါပီ...။


အဲဒီလို Bootable USB  ပြောင်းလဲနိုင်တဲ့ တစ်ခြား Tool လေးတွေနဲ့ မိတ်ဆက်ပေးပါမယ်..။
1. ဒီ Tool လေးကတော့ ISO to USB လေးပါ...။ 
ဒီမှာ ယူနိုင်ပါတယ်...။
2. ဒီ Tool လေးကတော့ Win To Bootic လေးပါ ..။
လိုချင်ရင်တော့ ဒီမှာ ယူနိုင်ပါတယ်..။
3.နောက်တစ်ခုကတော့ WinUSB Maker ပါတဲ့ ..။ 
ယူချင်ခဲ့ရင်တော့ ဒီိကို သွားလိုက်ပါ..။
အပေါ်က မိတ်ဆက်ပေးခဲ့တဲ့ Software တွေကိုမသုံးဘဲ Command Prompt ကနေ ပီး
USBကိုပြောင်းချင်ပါတယ်ဆိုရင်တော့  ကို  Thura  ရေးတဲ့ USB မှ Window တင်နည်း
PDF ကို ဒီမှာ ယူနိုင်ပါတယ်...။


USB Window တင်နည်း


1. ကွန်ပျူတာကို Restart ချပြီး Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ပါ..။


2. BIOS ထဲကိုရောက်ရင် Advanced BIOS Features ကို select လုပ်ပြီး Enter ခေါက်ပါ ။


3.F irst Boot ကို USB HDD  လို့ပြောင်းပေးပါ.။

4. Second Boot Device ကို Hard Disk လို့ပြောင်းပေးပါ..။


5. Keyboard မှ F10 ကိုနှိပ်ပြီး Save ပါ..။
ပြန်တက်တဲ့အခါ USB ကနေ၀င်းဒိုးတက်မှာပါ..။


.......................................................................
ရိုးရိုး CD ကတင်နည်းစာအုပ်ကတော့ ဒီနေရာ မှာ ယူနိုင်ပါတယ်..။
ဝင်းဒိုး တင်ပီး အပ်တီဗိတ် ဖြစ်စေဖို့ အတွက် လိုအပ်တဲ့ ၀င်းဒိုး လုပ်ဒါ ကိုတော့
   အောက်မှာယူလိုက်ပါ..။

ကိုစုဆောင်းထားသမျှကို အားလုံး တစ်ခါတည်း ယူချင်ပါတယ်ဆိုရင်တော့ 
လုပ်ဒါ ( 7 ) ခုထည့်ပေးထားပါတယ်


မသိသေးသော သူများအတွက်သာ
 
အားလုံးအဆင်ပြေကြပါစေ

July 31, 2015

ကွန်ပျုတာစာစီစာရိုက် သင်လိုသူများအတွက် သိရှိရမယ့် အခြေခံအချက်


စာစီစာရိုက် ပညာဆိုလျှင် Miscrosoft Office,2003,2007,2010 တို့ ကို  သိရှိနားလည်ဖို့ 

လိုသည်။ အခြေခံအားဖြင့်  စာစီစာရိုက်ဆော့ဝဲ  များစွာရှိသော်လည်း  ယခုလက်ရှိ အခါတွင်မူ

Miscrosoft Office  ကိုသာ  အလေးပေး အသုံးပြုကြသောကြောင့်  သင့်အနေဖြင့် ကွန်ပျုတာ

ဗဟုသုတ အခြေခံတတ်ပြီး  စာစီစာရိုက်ကို သုံးတတ်မည်ဆိုခဲ့လျှင်  သာမာန်ကုပ္မဏီများတွင်

ဝင်ရောက် လုပ်ကိုင်နိုင်ပေလိမ့်မည် ။စာရင်းဇယားများမှာ  ပုံသေသတ်မှတ်ချက် မဟုတ်ကြဘဲ

လုပ်ငန်းတစ်ခုနှင့်တစ်ခု  ကွာခြားနိုင်သောကြာင့်  စာစီစာရိုက်စာရင်း ဇယားဆွဲ  အခြေခံရှိလျှင်

အတော်လေး  အဆင်ပြေနိုင်ပေလိမ့်မည် ။ကျနော်ဆိုလျှင် စာရင်းဇယားဆွဲနည်းအခြေခံကနေ

 လုပ်ရင်းကိုင်ရင်းနဲ့  အလုပ်ထဲက   သင်ပေးသွားတာပါ ။ အခုဆိုရင်  ဆရာပြန်ပြပေးနိုင်ပါတယ် 

ကွန်ပျုတာသင်တန်းကို  ပိုက်ဆံအကုန်ခံပြီး  တစ်လတက်တာနဲ့   ကိုယ်ပိုင်ကွန်ပျုတာမှာကိုယ်

တိုင်လေ့လာတာနဲ့ မတူပါဘူး ။ ဘေးကနေ သင်ပြပေးမယ့် ဆရာလဲရှိမယ် ကိုယ်တိုင်ကလည်း

လေ့လာမယ်ဆိုရင် ၃ရက်အတွင်း စာစီစာရိုက်တတ်အောင်နည်းပေးလမ်းပြလုပ်ပေးနိုင်ပါတယ်

လက်တွေ့ အားဖြင့်ကျနော်နဲ့ အတူနေတဲ့သူငယ်ချင်းတွေ ဘာသင်တန်းမှမတက်ဘူးဆယ်တန်း

လည်းမအောင်ပါဘူးလက်တော့ဝယ်ပြီးလေ့လာတော့Computerbasicအောင်ပြီးသားတွေထက်

အများကြီး အပုံတစ်ရာလောက် သာပါတယ် ဒါကြောင့် ဘွဲ့ ရတွေ ကွန်ပျုတာကျောင်းဆင်းတွေ

မဟုတ်လည်း ကွန်ပျုတာဟာ  လေ့လာမယ်ဆိုအခြေခံပညာ အလယ်တန်းအောင်ရုံနဲ့ အထိုက်

အလျှောက်ပညာရှင်ဖြစ်လာနိုင်ပါတယ်Porgrammer တွေ Designer တွေတော့ မဆိုလိုဘူးပေါ့

ပြောချင်တာက ပညာအခြေခံနည်းခဲ့ပေမယ့်လည်း အားမငယ်ကြဖို့  ညီအကိုမောင်နှမအားလုံး


ကိုဒီနေရာကနေ  ပြောချင်ပါတယ်။ကျလေ့လာသင်ယူမိသမျှ  ပညာများကို ဗဟုသုတရစေချင်

သောစေတနာဖြင့် သိသလောက်  မျှဝေပြောပြသွားမည်  ဖြစ်ပါကြောင်း......... .....................။




အောက်မှာတင်ထားသော စာအုပ်လေးကိုဒေါင်းလုပ်ယူပြီးလေ့လာပါ


 Miscrosoft word စာစီစာရိုက်နည်းပညာအခြေခံစာအုပ်

စာစီစာရိုက်အခြေခံ ကွန်ပျုတာ လက်ကွက်ကျင့်နည်းနဲ့  စာရိုက်မြန်စေနိုင်တဲ့ Game



ဒီဆော့ဝဲလေးက  အင်စတောလုပ်စရာမလိုပဲ  တန်းသုံးလို့ ရတဲ့ဟာပါ portable

လေးမလို့  အားလုံးအဆင်ပြေမှာပါ  ။ အားတဲ့အခါ  စာစီစာရိုက်ကျင့်ရင်းGame

ဆော့လို့ ရတယ်နော ။ Game ဆော့တာကလဲ   Abc  ပေါ်လာတဲ့  ဟာရိုက်ရင်

အမှတ်ရတဲ့ဟာ  သူပေါ်ပေးတဲ့ဟာ  အမြန်ရိုက်ရင်    လက်ကွက်ကမြန်လာမှာ

ပါ  ။ အများကြီးစာရှည်မှာစိုးလို့  ဒီဆော့ဝဲယူသင်တဲ့သူတွေကို ပြောပြမယ်နော


(၁) စာစီစာရိုက်အခြေခံသင်တန်း မတက်ဖူးသေတဲ့အခြေခံသူများ

(၂)အခုမှကွန်ပျုတာကိုစတင်လေ့လာမည်အခြေခံပညာသင်သူများ

(၃)စာရိုက်ပုံရိုက်နည်းကိုစနစ်တကျမသိသူများ

(၄)သင်တန်းတက်ဖူးသော်လည်းအမြန်မရိုက်တတ်သူများ


အထက်ပါ   ၄ချက်ထဲမှာ   ပါရင်တော့   ဒီဆော့ဝဲလေးယူမှ   ရမှာနော်

game ဆောရင်းရိုက်နေတာပျော်ဖို့ ကောင်းတယ်စာရိုက်လည်းမြန်တယ်အ

ပျင်းလည်းပြေတယ်.......ကဲ...စမ်းချင်ရင်ဆွဲပေတော့.......................။

ဒီမှာDownload ယူပါ ===  စာစီစာရိုက်ကျင့်တဲ့ဆော့ဝဲ (Zipshare )

ဒီမှာDownload ယူပါ ===  စာစီစာရိုက်ကျင့်တဲ့ဆော့ဝဲ  ( Ziddu )

စာစီစာရိုက်လက်ကွက်မသိသေးသော သူများအတွက် လက်ကွက့်ကျင့်ရေးဆော့ဝဲ



စသင်ခါစ လူတွေအတွက် အခြေခံကျကျ ပြပေးပါတယ် သူပြတဲ့အတိုင်းရိုက်

ဘယ်လက်သန်းလို့ ပြရင် ဘယ်လက်သန်းနှင်း သတ်မှတ်နေရာကိုနှိပ်ပေးပါ

ဒါဆို အခြေခံကျကျ စာစီစာရိုက် စနစ်တကျအလွယ်ဆုံး သင်ယူနိုင်ပါလိမ့်မယ်

အခြေခံကျကျ မြန်မာအင်္ဂလိပ် လက်ကွက်ကျင့်လိုသူ အောက်ကလင့်မှာ ဆွဲပါ

Download- Myanmar လက်ကွက် လေ့ကျင့်နည်း

July 27, 2015

Network ကိုယ်တိုင်ချိတ်ဆက်နည်း



မင်္ဂလာပါ  သည်တခါတော့ ကျွန်တော် လေ့လာ မိခဲ့ဖူးတဲ့ Network ချိတ်ဆက်နည်းလေးပါ
သည်နည်းလေးကိုတော့ ကျွန်တော် မှတ်သားထားခဲ့ပေမယ့် ကြာတော့ 
ဘယ်သူဘယ်ဝါ ရေးသားထားတယ်ဆိုတာ ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး 
စတင်ရေးသားခဲကသော နည်းပညာရှင်အား သည်နေရာကနေ  ခရက် ပေးလိုက်ပါတယ်..
အခြေခံ Network ချိတ်နည်းလေးပါ .. ဒီနည်းလမ်းသိရုံလောက်နဲ့ကိုယ်တိုင်ချိတ်ဆက်လို့ ရပါပြီ ..။
 အရင်ဆုံး Network မချိတ်ဆက်ခင် ကြိုးကိုက်တာသိဖို့လိုပါတယ် နှစ်မျိုးရှိပါတယ် ကွန်ပျူတာ 2 
လုံးပဲချိတ်မှာလားအများကြီးချိတ်မှာလားဆိုတာတော့ ရွေးချယ်ပီး ကြိုးကိုက်ပါ.. 

ကြိုးကိုက်နည်းဆိုတာထက်ကြိုးအရောင်အလိုက်ခေါင်းမှာတပ်ဆင်ရမဲ့ကိစ္စပါ 
လုပ်စရှိတဲ့သူဆိုရင်တော့တစ်ခါထဲ့အဆင်ပြေပါတယ်

လုံးဝကိုမလုပ်တတ်တဲ့သူကိုတော့စာနဲ့အသေးစိပ်ရေးပြရတာခက်လို့ကြိုးနဲ့ခေါင်းနဲ့
ဝယ်ရင်းအဲဒီဆိုင်မှာပဲလုပ်ခိုင်းလိုက်ပါ ။ ကြိုးအဆင်ပြေမပြေကိုတော့ စမ်းသပ်တဲ့ကိရိယာရှိပါတယ် 
အဲဒါနဲ့စမ်းသပ်ပါ။နောက်ပီး မိမိစက်မှာ Network port မပါရင် Network card 
လိုပါမယ်အားလုံးပြည့်စုံပြီဆိုရင်အောက်ကပုံကိုကြည့်ပါ

Window key + Pause Break (သို့)My computer ကို Right-click လုပ်ပီး Computer name tab 
ကိုနိုပ်ပါ။ပီးရင် Change ကိုနိုပ်ပါ အဲဒီမှာ Computer name ကကျန်တဲ့စက်တွေနဲ့မတူအောင်ထားပီး 
Workgroup nameကတော့အားလုံးတူရပါမယ်၊ 
ကိုယ်ချိတ်မဲ့စက်တွေအားလုံးအဲဒါလေးတွေပြင်ဆင်လိုက်ပါကွန်ပျူတာနှစ်လုံးထဲ့ချိတ်မယ်ဆိုရင်

တော့ Switch မလိုပါဘူး တစ်လုံးနဲ့တစ်လုံးကိုချိတ်ဆက်ဖို့ကြိုးပဲလိုပါတယ် 2 
လုံးနှင့်အထက်ချိတ်မယ်ဆိုရင်တော့Switch လိုပါမယ် အားလုံးပီးပြည့်စုံလို့ချိတ်ဆက်တော့မယ်ဆိုရင် .. 

1 ကွန်ပျူတာတွေအားလုံး ကြိုးတွေထိုးပါ

2 ကွန်ပျူတာမှနက်ဝက်ကြိုးအားလုံးနှင့်Switch မှာချိတ်ဆက်ပါ

3 Run box မှာ ncpa.cpl  ရိုက်ထဲ့ပီး Enter နိုပ်ပါ အဲမှာ Local area connection ဆိုတာတွေ့ပါမယ်

အဲဒါကကိုယ့်ရဲ့စက်မှာ Network card 
တစ်ခုရှိရင်တစ်ခုပေါ်မယ် နှစ်ခုရှိရင်နှစ်ခုပေါ်ပါမယ်သိပ်အရေးမကြီးပါဘူး

ကိုယ်သုံးမယ်ကဒ်ကို  Right-click နိုပ်ပီး Properties ကိုဝင်ပါပီးရင်အောက်ကပုံကိုကြည့်ပါ..
4 ပီးရင်internet protocol(TCP/IP) ကိုရွေးပါ အောက်မှာ properties ကိုနိုပ်ပါ 

5 use the following ip address: ကိုရွေးပီး ip သတ်မှတ်ပေးရပါမယ် စက်တစ်လုံးက 192.168.1.1
ဆိုရင်နောက်စက်ရဲ့ IP မှာ 192.168.1.2 ပေါ့အဲလိုမျိုးပဲ နောက်ထပ်ချိတ်ဆက်ချင်တဲ့စက်တွေကိုလဲနောက်ဆုံးက
ဏန်းပဲပြောင်းပေးလိုက်ပါ ဒါဆို Network ချိတ်ဆက်တာအဆင်ပြေသွားပါပြီ။

စက်အားလုံး Network မိ မမိ စမ်းကြည့်မယ် ping လုပ်ကြည့်ရအောင် ကိုယ့်ရဲ့ Network group ထဲ့မှာ
IP 192.168.1.1ကနေ10 ထိရှိတယ်ဆိုပါစို့ အရင်ဆုံး Run box  မှာcmd  ရိုက်ပီး Enter နိုပ်ပါ Command prompt
ကျလာရင် ping 192.168.1.1 ဟုရိုက်ပီး Enter နိုပ်ပါ နောက်ပီး ping 192.168.1.2/3/4/5/6/7/8/9
/10 ဆိုပီးစက်တစ်လုံးချင်း ping ကြည့်ပါ အောက်ကပုံကိုကြည့်ပါ reply လာရင်ချိတ်မိပါပီ request timeout
ဆိုရင်မချိတ်မိသေးပါ ဒီလောက်ဆို Network ချိတ်ဆက်တာအဆင်ပြေပါပြီ

NETWORK ချိတ်နည်း (2)

 

ကွန်ပျူတာကိုတွေကို ....8 port switch နဲ့ ချိတ်တဲ့နည်းပြောပြပါမယ်..( peer to peer ပါ )
ပထမဆုံး ..RJ 45 ခေါင်းနဲ့ male ခေါင်းတွဲပါတဲ့ နက်ဝပ် cable တွေ နဲ့ switch မှာ ချိတ်ဆက်ထားဘို့ လိုပါတယ်...ပထမဆုံး စက်မှာ ..IP ထည့်ပါမယ်.. ခုပြောပြတဲ့အတိုင်း ထည့်ကြည့်ပါ...my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.1 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်..General Tab ကို ပြန်ရောက်ရင်..show icon in notification ဆိုတာကို အမှန်ချစ် လုပ်ပေးခဲ့ပါ..( tray မှာ ကွန်ပျူတာပုံလေးပေါ်လာအောင်ပေါ့) ဒါဆို ပထမ ဆာဗာအထိုင်စက် ပြီးပါပြီ...

တခြားစက်တွေ ချိတ်ပါမယ်..

.my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.2 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်ပါ ...
ဒီလိုဘဲ တစ်လုံးပြီး တစ်လုံး IP address မှာ 2 . 3 . 4စသဖြင့် ဆီးရီး ပေးသွားပါ..
အားလုံးပြီးသွားပြီ ဆိုရင်တော့ ...စက်အားလုံး ရဲ့ mycomputer > properties > computer name မှာ အမည်တွေပေးပါ...အောက်မှာရှိတဲ့ workgroup ဆိုတာမှာ ..စက်အားလုံးကို Group name တစ်ခုထဲ တူညီစွာပေးထားပါ...

စက်အားလုံးကိုရီစတပ်ချလိုက်ပါ ...ဒါဆိုရင် .. စက်အားလုံးချိတ်လို့ပြီးနေပါပြီ...
တစ်လုံးက တစ်လုံးကို ခေါ်ချင်ရင် .. run box မှာ ..\\ 15.11.80.2\ .enter ခေါက်လိုက်ရင် .. IP no 2 စက်ကို ခေါ်လို့ ရပါပြီ...နဲနဲလေးစောင့်ပြီးမကြာခင်မှာတက်လာမှာပါ ...

အားလုံးအဆင်ပြေကြပါစေ...သည်နည်းလေးကို စတင်ရေးခဲကသော နည်းပညာရှင်အား သည်နေရာကနေကျေးဇူးတင်စကားပြောလိုက်ပါတယ်..

Related Posts Plugin for WordPress, Blogger...