လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)
Showing posts with label ပေးစာကဏ္ဍ. Show all posts
Showing posts with label ပေးစာကဏ္ဍ. Show all posts

February 18, 2015

သစ်တောဝန်ထမ်း အချို့ကြောင့် အလောင်းတော်ကဿပ ဘုရားဖူးများ ဒုက္ခရောက်

23 January 2015 11:21(+0630) (26 ရက် ခန့်က) မုံရွာမှ မနက်စောစော ထွက်လာပြီး အလောင်းတော် ကဿပကို နေ့လည် ၁၂ နာရီကျော်မှာ ရောက်ခဲ့ ပါတယ်။ နေ့လည့်စာ စားပြီး ၁ နာရီထိုးတော့ ထမင်း ဆိုင်ပိုင်ရှင်မှ ဆင်တွေ နားချိန် ဖြစ်သော်လည်း ဘုရားဖူးများ သောကြောင့် ဆင်စီးရန် တန်းစီ စောင့်သင့်ကြောင်း ပြောပြ၍ စောင့်ဆိုင်း ခဲ့ပါတယ်။ ညနေ ၃ နာရီထိုးတော့ ဆင် ၄ကောင်ရောက်လာပြီး ဘုရားဖူးများ တင်ဆောင်ရန် ပုခက်များ ပြင်ဆင်နေစဉ် သားရေကုတ်အင်္ကျီ ဘောင်းဘီရှည် ၀တ်ဆင်ထားသော အမျိုးသမီး တယောက်ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆင်သမားများကို အမိန့်ပေး ခေါ်ဆောင်သွားတယ်။ ဓါက်ပုံဆရာတဦးက " ဒီအမျိုးသမီးက ဆင်စခန်းရဲ့ သစ်တော အုပ်ချုပ်ရေးမှူး မိန်းမပါ။ သူဆီမှာတည်းခိုတဲ့ သူတွေက အများသူငါလို့ ဆင်စောင့်ရန်မလို့ဘူး သူကခေါ်ပေးတယ်။ ဒါပေမဲ့ သူဆီမှာတည်းရပြီး တခန်း ၃သောင်း ဆင်တကောင်စီးရင် ပုံမှန်ဈေးက ၈ထောင်ကို သူက ၁သောင်း၆ထောင် တောင်းတယ်။ သူတို့က လုပ်ပိုင်ခွင့်ရှိတော့ ဒီလိုလုပ်စားနေတာ ကြာပြီပေါ့ဗျာ။ ဘုရားဖူးတွေကို အားနာ/စာနာမှုမရှိဘူး ငွေရဘို့ဘဲကြည့်တာ " လို့ပြောပြတယ်။ ညနေ ၄ နာရီခွဲမှ ဆင်၂ ကောင် ထပ်ရောက်လာသော်လည်း ဘူရားဖူးများကိုတက်ဆောင်ခြင်းမရှိဘဲ တောင်ပေါ်စားသောက်ဆိုင်အတွက် အရက် ဘီယာ အချိုရည်များ တင်ပြီးထွက်သွားခဲ့တယ်။ ဘုရားဖူးထဲမှ လူငယ်အချို့မှ ဒေါသထွက်နေပြီး လမ်းလျှောက်ပြီး ဖြေးဖြေးခြင်းနားတက်တော့မယ်ဆိုပြီး အုပ်စုလိုက် ထွက်သွားတယ်။ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုအနည်းငယ်ကဆက်စောင့်နေပြီး ညနေ့ ၅ နာရီဝန်းကျင်မှာ ဆင်ငယ် ၂ ကောင်ထပ်ရောက်လာပေမဲ့ ဆင်ငယ်တွေဖြစ်တဲ့အတွက် တကောင် ၂ ယောက်ဘဲတင်ဆောင်နိုင်တယ်။ ကျန်တဲ့ ဘုရားဖူးတွေက အဲဒီညမှာ သပိတ်ဆေးကားစခန်းမှာ ညအိပ်ခဲ့ရတယ်။ ဘုရားဖူးတဦးမှ " ဦးတို့ ပုသိမ် ကလာဖူးတာပါ။ အသက်ကြီးရွယ်အို ဘုရားဖူးတွေကိုတော့ ဆင်သမားတွေဦးစားပေးတင်သင့်တာပေါ့။ အခုတော့ သစ်တောဝန်ထမ်းတွေက ဘယ်သူမှဂရုမစိုက်ဘူး ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ပုံစံနဲ့ ဘုရားနယ်မြေမှာ စီပွားရှာနေကြတာ။ ဥပမာ - ဆင်နားချိန် ဆင်မမောင်းရလို စာကပ်ထားပေမဲ့ သူတို့အချင်းချင်းခေါ်တော့လိုက်တယ်။ ဆင်စီးချိန်သတ်မှတ်ထားပြီး ဘုရားဖူးတွေ ဦးစားမပေးဘဲ စားသောက်ဆိုင်အတွက်ပစ္စည်းတင်တာမျိုးတွေ ကမဖြစ်သင့်ဘူးလို့ " ပြောပြတယ်။ ဘုရားဖူးကားမောင်းသူတဦးကလည်း " ဒီလိုဖြစ်နေတာကြာပြီ ဘုရားဖူးနည်းလို့ ဆင်နည်းတယ်လို့ ပြောပေမဲ့ ဘုရားဖူးများလာလည်း ဆင်များလာပေမဲ့လည်း စနစ်တကျလုပ်တာမျိုးမရှိဘူး။ နိုင်ငံခြားသားတွေ တောလှည့်တာမျိုးရှိတဲ့နေဆို တနေ့ကုန်သုံးတာ။ ဒီဆင်တွေကို ဘုရားဖူးပို့တဲ့ဆင်တွေယူသုံးတော့ အဆင်မပြေဖြစ်ကုန်တာပေါ့လို့ " ပြောပြတယ်။ ဘုရားဖူး ခရီးသည်တဦး BY THIT HTOO LWIN

Related Posts Plugin for WordPress, Blogger...