Friday, August 07, 2015
Unknown
 |
| စူးအက်တူးမြောင်းဖွင့်ပွဲ သမ္မတစီစီတက်ရောက် |
အီဂျစ်နိုင်ငံမှာ ကမ္ဘာကျော် စူးအက် တူးမြောင်းကြီးကို တိုးချဲ့ပြီး
မိုင်၂၀ကျော်ရှည်တဲ့ တူးမြောင်းသစ်ကို သမ္မတစီစီက အခမ်းအနားနဲ့ ဖွင့်လှစ်
လိုက်ပါတယ်။
အခုလို တူးမြောင်းကြီးကို ချဲ့လိုက်တဲ့အတွက် နှစ်လမ်းမောင်းနိုင်ပြီး
သင်္ဘောတွေ ပိုဖြတ်သန်းနိုင်လို့ တိုင်းပြည် ဝင်ငွေတိုးလာမယ့် အတွက်
နိုင်ငံ့စီးပွားရေး နာလန်ထူလာမယ် လို့ အီဂျစ်အစိုးရ က မျှော်လင့်ပါတယ်။
ဒီလိုမျှော်လင့်ချက်ကို အီဂျစ် ပြည်သူတွေက အမြင်အမျိုးမျိုး ကွဲနေပါတယ်။
တချို့ကတော့ အခုလိုဒေါ်လာသန်း၈၀၀၀ ကုန်အောင် တိုးချဲ့မယ့်အစား လမ်းတံတားတွေ
ပိုကောင်းအောင် ပြုပြင်တာမျိုး ညံ့ဖျင်း တဲ့ ပြည်သူ့ဝန်ဆောင်မှု
လုပ်ငန်းတွေမှာ သုံးတာ ပိုကောင်းနိုင်တယ် လို့ ထောက်ပြကြပါတယ်။
ကိုင်ရိုရှိ အမေရိကန် တက္ကသိုလ်မှ စီးပွားရေပညာရှင် အာမက် ကာလမီကတော့ အခုလို
တူးမြောင်းကြီးတိုးချဲ့တာဟာ အမျိုးသား စီမံကိန်းကြီးမှာ လူတွေကို
စည်းလုံးနိုင်လို့ စီပွားရေး အကျိုးအမြတ် ထက် နိုင်ငံရေး အကျိုးအမြတ်
ချက်ခြင်း ရနိုင်တယ် လို့ပြောပါတယ်။
လာမယ့်နှစ် ပနားမား တူးမြောင်း တိုးချဲ့တာပြီးသွားရင် အာရှ မြောက်အမေရိက
ရေလမ်းခရီး မှာ အပြိုင်အဆိုင် ဖြစ်လာပြီး စူးအက်က ရမယ့် ဝင်ငွေကိုလည်း
ထိခိုက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
Friday, August 07, 2015
Unknown
 |
| ရီယူနီယန် ကျွန်းတဝိုက်မှာ ဆက်ရှာဖွေ |
အိန္ဒိယ သမုဒ္ဒရာ ထဲက ရီယူနီယန် ကျွန်းတဝိုက် မှာ မလေးရှား လေယာဉ်ပျက် အစအန
တွေ ပိုပြီး တွေ့လို တွေ့ငြား ပြင်သစ် အစိုးရက လေယာဉ်၊ ရဟတ်ယာဉ် တွေနဲ့
သင်္ဘော တွေ သုံးပြီး ရှာနေပါတယ်။
အနီး ဝန်းကျင်က မော်ရစ်ရှပ်နဲ့ မက်ဒါဂါစကာ ကျွန်း နိုင်ငံ အစိုးရ တွေကို
လည်း သူတို့ ကမ်းရိုးတန်း မှာ ဒီအပျက်အစီး အစအန တွေ ကို ကူညီ ရှာဖွေ
ပေးကြဖို့ ပန်ကြား ထား ပါတယ်။
ရီယူနီယန် ကျွန်း ကမ်းစပ်မှာ လာပြီး တင်တဲ့ လေယာဉ် တောင်ပံ အစိတ်အပိုင်း ဟာ
မလေးရှား လေယာဉ်ပျက်က ဖြစ်တယ် ဆိုတာကို ဗုဒ္ဓဟူး နေ့က မလေးရှား အစိုးရ က
အတည်ပြု ခဲ့ပါတယ်။
အပျက်အစီး အစိတ်အပိုင်း တွေ ထပ်တွေ့တယ် ဆိုတဲ့ စောစောပိုင်းက သတင်းတွေ မဟုတ်ဘူး လို့ လည်း သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
Friday, July 31, 2015
Unknown
ယင်းအငြင်းပွားဖွယ်ရာကိစ္စနဲ့  စပ်လျဉ်းပြီး ညဥ့်အတော်နက်သည်အထိ ဆွေးနွေးငြင်းခုန်
ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အစိုးရက လူနဲ့ တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင် ခွင့်ပြုချက်
ကို ထုတ်ပြန်ရန် ဗြိတိန် အစိုးရက မဲဆန္ဒပေးခဲ့ကြောင်း သိရှိရပါတယ်။
ပါလီမန်လွှတ်တော် အမတ် အယောက် ၈၀ကျော်က ဗြိတိန် မှာ လူနှင့် တိရိစ္ဆာန်
မေထုံမှီဝဲမှုကို တရားဝင်ခွင့်ပြုတဲ့ ပြဌာန်းချက်ကို ထောက်ခံခဲ့တဲ့
သမိုင်းတွင်မယ့် မဲပေးပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။။ ပါလီမန် အမတ်များဟာ ကန်
့ကွက်မဲ ၇ မဲနဲ့ ထောက်ခံမဲ ၇၈ မဲနဲ့  ယင်းပြဌာန်းချက်ကို မဲပေးခဲ့ကြပါတယ်။
မဲပေးဆုံးဖြတ်ချက်မတိုင်ခင်ထိ ယင်းကဲ့သို့ တိရိစ္ဆာန်နှင့် မေထုံမှီဝဲ မှုဟာ
တရားမ၀င်ခဲ့ပါဘူး။သို့ သော် လူအများအပြားက ယင်းလုပ်ဆောင်ချက်ကို
ဗြိတိန်မှာ တရားဝင်စေဖို့ အတွက် လူထုစည်းရုံးလှုံဆော်ပွဲတွေ
လုပ်ဆောင်လာကြတဲ့အတွက် ဗြိတိန်အစိုးရက ယင်းနဲ့ ပတ်သက်တဲ့ဥပဒေကို
ပြင်ဆင်ပြောင်းလဲဖို့  မဲပေးဆုံးဖြတ်ခဲ့တာပါ။
တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှုဟာ သူတို့ ကို သတ်ဖြတ်တာနဲ့  ဘာမှမခြားဘူးလို့ ဆို-
လူနဲ့ တိရိစ္ဆာန် လိင်ဆက်ဆံမှုကို ဆန့်ကျင်တဲ့ အဆိုတစ်ရပ်ကတော့
တိရိစ္ဆာန်များဟာ လိင်ဆက်ဆံဖို့  သဘောတူညီချက် မပေးနိုင်တဲ့အတွက် ဒါဟာ
တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်ဆက်မှု တစ်ရပ်ပါပဲ လို့ ဆိုပါတယ်။
တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုပြီးလုံခြုံစိတ်ချရသည်ဟုဆို
-တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာကို ထောက်ခံချက်တစ်ရပ်ကတော့ သင်ဟာ
ယင်းသတ္တ၀ါများနဲ့ လိင်ဆက်ဆံရာကနေ STD(လိင်ဆက်ဆံမှုမှတဆင့်
ကူစက်သောရောဂါများ) ရောဂါမျိုးတွေ မရနိုင်တဲ့အတွက်ကြောင့်
ပိုမိုဘေးကင်းစိတ်ချရတယ်လို့  ဆိုပြန်ပါတယ်။ သို့သော်လည်း
အခြားကူးစက်နိုင်တဲ့ ရောဂါမျိုးတွေတော့ ရှိပြီး ပဋိဇီဝဆေးများနဲ့ ကုသလို
့တော့ရတယ်လို့  ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့
ဖြစ်ရက်အတောတွင်းမှာ သင့်ကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ် တော့ ရှိပါတယ်။
အလားတူ သင့်ကို လူသား ပြည့်တန်ဆာ တစ်ဦးကလည်း သူစိတ်ဆိုးနေတဲ့ အခါ သင့်ကို
တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။
ယင်းပြဌာန်းချက်ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့  လူကုန်ကူးမှုကို လျှော့ချပေးလိမ့်မယ်လို့ ဆို
နောက်ထပ် ထောက်ခံချက်တစ်ရပ်ကတော့ လူတွေဟာ လိင်ဆက်ဆံဖို့ တိရိစ္ဆာန်တွေဆီ
ကူးကြတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းတွေမှာ သုံးဖို့ လူကုန်ကူးမှုတွေကို
လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန် တွေကို
လက်ဆက်ဆံဖို့ အတွက် တရားမ၀င် ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ နိုင်ငံအများစုမှာ တရားမ၀င်
ဖြစ်နေတုန်းဆိုပေမယ့် အောက်ပါနိုင်ငံများမှာတော့ သင် တိရိစ္ဆာန်များနဲ
့လိင်ဆက်ဆံခွင့်ကို တရားဝင် ရရှိနိုင်ပါတယ်။ ယင်းနိုင်ငံများက
ကမ္ဘောဒီယား၊ဒိန်းမတ်၊ဖင်လန်၊ဟန်ဂေရီ၊ ဂျပန်၊ မက္ကဆီကို၊ဆွီဒင်၊ထိုင်း၊
အမေရိကန်တွင် ၁၆ ပြည်နယ် ၁၆ ခု နဲ့ ယခု ဗြိတိန် တို့ ပဲဖြစ်ပါတယ်။
Ref:shockingtimes.co.uk
Treand Myanmar
သက်ဆိုင်သော အကြောင်းအရာများ ပိုမိုဖတ်ရှုရန် ===>
world-news
Monday, July 20, 2015
Unknown
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
ဗဟိုဘဏ်မှ ဖွင့်ဈေး အမေရိကန် တစ်ဒေါ်လာ ကျပ် ၁,၂၀၀ ဖြင့် ဈေးမြှင့်
ဖွင့်ပြီးသည့် နောက် ပြင်ပတွင် အမေရိကန် ဒေါ်လာ ပေါက်ဈေး ဆက်လက်
မြင့်တက်ခဲ့ပြီး ယနေ့ညနေတွင် တစ်ဒေါ်လာ လျှင်ကျပ် ၁,၂၇၈ အထိ မြင့်တက်ခဲ့သည်။
အမေရိကန် ဒေါ်လာ ဈေးကွက်ကို စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက “ဗဟိုဘဏ်
ကလည်း ဖွင့်ဈေးကို တနေ့ နည်းနည်းစီ မြှင့်ပြီး ဈေးဖွင့်တယ်။ ပြင်ပ
ပေါက်ဈေးက လည်း ၁,၂၃၀ ကနေ တနေ့ကို နည်းနည်းချင်းစီ လိုက်တက် လာတယ်။
အခုတော့ ၁,၂၇၈ ကျပ်အထိ မြင့်တက်လာတယ်’’ ဟု ဆင်ဟွာ ကိုပြောသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင်တော့ ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ကျပ် ၁,၂၃၀ ဖြင့်
ဈေးဖွင့်ခဲ့ပြီး၊ ပုဂ္ဂလိက ဘဏ်များတွင်တော့ တစ်ဒေါ်လာကို ကျပ် ၁,၂၄၀ ဖြင့်
ဈေးဖွင့်ခဲ့သည်။စီးပွားရေး လေ့လာသူ ဦးသန်းစိုး (ဘောဂဗေဒ) က “အခုလို
ဆက်တိုက် မြင့်တက်တာကတော့ စီးပွားရေးက အေးနေတယ်။ အိမ်ခြံမြေက ဈေးကျတယ်။
အဲဒီတော့ ဒေါ်လာဘက်ကို လှည့်ပြီး ဈေးကစားလာ ကြတယ်။ ဈေးကစားသူတွေကြောင့်
ဆက်တိုက် မြင့်တက်နေတာလို့ ယူဆရပါတယ်’’ ဟု ပြောသည်။
သွင်းကုန် လုပ်ငန်းရှင်များကိုတော့ သွင်းကုန်လိုင်စင်နှင့် လိုအပ်သည့်
စာရွက် စာတမ်းများ ပြနိုင်လျှင် ပုဂ္ဂလိက ဘဏ်များမှ တစ်ဒေါ်လာကို ကျပ် ၁,၂၄၀
ဖြင့် ရောင်းချပေးလျက် ရှိသည်ဟု သိရသည်။
ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဒေါ်လာ နှင့် သွင်းကုန် ပစ္စည်းများ ဈေးကွက်တွင် ဈေးနှုန်း မြင့်တက် လာခဲ့သည်။
ယနေ့ညနေတွင် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၂၇၈ ၊ ပို့ကုန်ဝင်ငွေ တစ်ယူနစ်ကို ကျပ် ၁,၂၄၀၊ ရွှေတစ်ကျပ်သားကို ကျပ် ၇၄၅,၅၀၀ ရှိပါတယ်။
(Xinhua)
http://www.xinhuamyanmar.com