လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)
Showing posts with label ကျမ်းမာရေး. Show all posts
Showing posts with label ကျမ်းမာရေး. Show all posts

August 07, 2015

ကျန်းမာလှပသော အသားအရည်ကို ပိုင်ဆိုင်စေဖို့အတွက် စားသုံးသင့်တဲ့ အစားအစာများ






အသားအရည်ဟာ လူရဲ့ ကျန်းမာရေးကို ဖော်ပြပေးသည့် အရာတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ အစားအစာ အမျိုးအစားကို ရွေးချယ်၍ မစားသောက်ပါက ဝက်ခြံများထွက်ခြင်း၊ အသားအရည် ခြောက်သွေ့ခြင်းများ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

ဖော်ပြပါ အစားအစာများကတော့ သင့်အသားအရည်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေးမည့် အစားအစာများဖြစ်ပါတယ်။

အပူပိုင်းဒေသထွက် သစ်သီးများ

ဗီတာမင်စီပါဝင်တဲ့ မာလကာသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ကီဝီသီး စသည့် အပူပိုင်းဒေသထွက် သစ်သီးတွေကို စားသုံးခြင်းဟာ သင့်အသားအရည် ပျက်စီးမှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင်မှ ကိုလာဂျင်နှင့် ပရိုတင်း ထုတ်လုပ်နှုန်းကို မြင့်တက်စေတာကြောင့် အသားအရည်ကို တင်းရင်းလှပစေမှာ ဖြစ်ပါတယ်။

ပန်းဂေါ်ဖီ

ဗီတာမင် စီနှင့် အီး ပါဝင်သည့် ပန်းဂေါ်ဖီကို စားသုံးခြင်းဖြင့် ဗီတာမင် စီက သင့်အသားအရည် အတွက် လိုအပ်သော ကိုလာဂျင်ကို ထုတ်လုပ်ပေးကာ အသားအရည် စိုပြေလှပမှုကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဗီတာမင် အီးကတော့ UV ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရည်ကို အသစ်တစ်ဖန် ပြန်လည် လှပစေမှာ ဖြစ်ပါတယ်။

ဖရုံစေ့

ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်သည့် ဖရုံစေ့ကို စားသုံးခြင်းဟာ သင့်ကိုယ်တွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကိုလာဂျင်ကို ထုတ်လုပ်ပေးကာ အသားအရည်အတွင်းရှိ ဆဲလ်သေများကို ပြန်လည် မွေးဖွားပေးမှာ ဖြစ်ပါတယ်။

( NSD )
#health.thithtoolwin.com

လက်တွဲဖော်ပြောင်းပြီး ချစ်တင်းနှောခြင်းဟာ မျိုးမအောင်ခြင်းအတွက် အကောင်းဆုံး ကုထုံးဖြစ်နိုင်






လက်တွဲဖော် အသစ်နဲ့ ချစ်တင်းနှော တဲ့ အမျိုးသားတွေဟာ ပြီးမြောက်ခြင်းကို ရောက်ရှိဖို့အတွက် ပိုမိုမြန်ဆန်သလို ပိုမို အားကောင်းတဲ့ သုတ်ပိုးတွေကိုလည်း ထုတ်လုပ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါတယ်။

လေ့လာမှု တစ်ခုက ပြသခဲ့တာကတော့ အမျိုးသားတစ်ယောက်ဟာ သူနဲ့ ကိုယ်လက်နှီးနှောနေကြမဟုတ်တဲ့ အခြား အမျိုးသမီး တစ်ယောက် နဲ့ ချစ်တင်းနှောတဲ့အခါမှာ ထို အမျိုးသား ရဲ့ သုတ်ပိုးတွေဟာ ပိုမို အားကောင်းလာကြတယ်ဆိုတာပါပဲ။

အမေရိကန် ပြည်ထောင်စု Ohio ပြည်နယ် မှာရှိတဲ့ Wooster ကောလိပ်က သုတေသီ တွေ ကတော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုဟာ မျိုးမအောင်ခြင်း ပြသနာ တွေနဲ့ ပတ်သက်ပြီး ကုထုံးတစ်ခုသဖွယ် အသုံးဝင်လာနိုင်ဖို့ကို မျှော်လင့်ထားကြပါတယ်။

သုတ်ပိုးတွေအားကောင်နေဖို့အတွက် အရေအတွက် ၊ လှုပ်ရှားမှု နဲ့ တည်ဆောက်ပုံတွေ အားလုံးကောင်းနေဖို့လိုအပ်ပါတယ်။ Evolutionary Psychological Science ဆိုတဲ့ ဂျာနယ်ထဲမှာ ရေးသားထားပုံများအရ သုတေသီတွေဟာ လက်တွဲဖော် အသစ်ပြောင်းလိုက်ခြင်းက ထို သုတ်ပိုးအားကောင်းစေဖို့အတွက် လိုအပ်ချက်များအားလုံးကို အဆင့်မြှင့်တင်ပေးနိုင်ပြီး မျိုးမအောင်ခြင်း ပြသနာ ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

ထိုလေ့လာမှုအတွက် သုတေသီတွေဟာ လုပ်အားပေး ၂၁ ယောက်ကို ခေါ်ယူခဲ့ပါတယ်။ သူတို့ အားလုံးဟာ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်ကြားမှာ ရှိကြပြီး တစ်ယောက် မှာ ဆေးဝါးကုသခံခြင်းမှတ်တမ်းတွေမရှိသလို ဆေးလိပ်လည်းမသောက်တတ်ကြပါဘူး။ သုတေသီတွေဟာ ထို အမျိုးသား ၂၁ ယောက်ကို မင်းသား တစ်ယောက် ၊ မင်းသမီးတစ်ယောက်သာ ပါဝင်တဲ့ လိင်အသားပေး ဇာတ်လမ်းတိုများကို သီးသန့် အခန်းထဲမှာ  နေ့စဉ် တူညီတဲ့ အချိန်တွေမှာ ကြည့်ရှုစေခဲ့ပါတယ်။

ဇာတ်လမ်းတို ၁ ခုကို ၃ မိနစ်ကြာချိန်ရှိပြီး အစမ်းသပ်ခံ အမျိုးသား တစ်ယောက်တည်း စိတ်ဖြေခြင်း ကိစ္စတွေ မပြီးမချင်း ထို ဇာတ်လမ်းတိုကိုပဲ ထပ်ခါထပ်ခါ ပြသခဲ့ပါတယ်။ တစ်နေ့ကို တစ်ကား နှုန်းနဲ့ မင်းသား မင်းသမီး တူညီပြီး ပုံစံ အနေအထားတွေပဲ ကွဲပြားသွားတဲ့ အလားတူ ဇာတ်လမ်းတို ၆ ခုကို ပဲ နေ့စဉ် ဆက်တိုက်ပြသခဲ့ပါတယ်။ ထို အချိန်တွေမှာလည်း အစမ်းသပ်ခံ အမျိုးသားတွေရဲ့ သုတ်ပိုး နမူနာတွေကို ရယူခဲ့ပါတယ်။

အဲဒီ နောက် ၇ ရက်မြောက်တဲ့နေ့မှာတော့ သုတေသီတွေဟာ ထို အမျိုးသားတွေကို မတူညီတဲ့ မင်းသား မင်းသမီး တွေပါဝင်တဲ့ လိင်အသားပေး ဇာတ်လမ်း အသစ်တစ်ခုကို ပြသလိုက်တဲ့အခါမှာ ထို အမျိုးသားတွေဟာ စိတ်ဖြေခြင်းရဲ့ ပြီးမြောက်မှု ကို အမြန်ဆုံး ရရှိသွားပြီး ထို အချိန်မှာသူတို့ရဲ့သုတ်ပိုး နမူနာတွေကို ထပ်မံ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။

၇ ရက်မြောက်နေ့မှာ မင်းသားမင်းသမီး ပြောင်းလဲထားတဲ့ ဇာတ်လမ်းကို ကြည့်ပြီးတဲ့အခါမှာတော့ ထို အမျိုးသားတွေရဲ့ သုတ်ပိုး အရည်အသွေးတွေဟာ အားကောင်းလာတာကို တွေ့ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် သုတေသီတွေက လက်တွဲဖော်ပြောင်း၍ ချစ်တင်းနှော ခြင်းဟာ မျိုးမအောင် ခြင်းအတွက် အကောင်းဆုံး ကုထုံး ဖြစ်လိမ့်မယ်လို့ ဆိုထားကြတာပဲ ဖြစ်ပါတယ်။

( Mario )
#health.thithtoolwin.com

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်စေရန် ဘာတွေ စားရမလဲ






ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ တင်စားကြလေ့ရှိတာကြောင့် ဆံကေသာ အလှဟာလည်း လူတစ်ဦး တစ်ယောက်အတွက် အရေးပါပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံကေသာများကို ပိုင်ဆိုင်စေဖို့ ညီညွတ်မျှတတဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဘယ်အစားစာတွေက ဘယ်လို ကောင်းကျိုးတွေ ရရှိစေတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ ဆဲလ်မွန်၊ ဆာဒင်း စတဲ့ ငါးတွေမှာ အိုမီဂါ 3 ပါရှိတာကြောင့် ဆံကေသာကို တောက်ပစေမှာ ဖြစ်ပါတယ်။

၂။ ဒိန်ချဉ်တွင် ပရိုတင်းဓာတ်များပါရှိပြီး ဆံကေသာ သန်စွမ်းမှုကို အားဖြည့်ပေးပြီး ဗီတာမင် B5 က ဆံပင်ပါးခြင်းနှင့် ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၃။ ဟင်းနုနွယ်ရွက်တွင် ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာကရိုတင်း၊ ဖောလစ်အက်စစ်နှင့် ဗီတာမင်စီတို့ ကြွယ်ဝစွာပါရှိပြီး ကျန်းမာသန်စွမ်းပြီး စိုပြေလှပတဲ့ ဆံကောသာများကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

၎။ မာလကာသီး ဖျော်ရည် တစ်ခွက်မှာ ဗီတာမင်စီ ၃၇၇မီလီဂရမ် ပါရှိတဲ့အတွက်ကြောင့် မာလကာသီး စားသုံးခြင်းဟာလည်း ဆံပင်ကျွတ်ခြင်း၊ ပျက်ခြင်းမှ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

၅။ ဆံပင်ကျွတ်ခြင်းကို တားဆီးဖို့အတွက် သံဓာတ်များစွာပါရှိသည့် အစားအစာများ ဖြစ်သော ကောက်ပဲသီးနှံနှင့် အမဲသားငါးတို့ကို စားသုံးနိုင်ပါတယ်။

၆။ အရောင်တောက်ပပြီး စိုပြေတဲ့ ဆံကေသာတွေ ရရှိရန်အတွက် ဗီတာကရိုတင်း အပြည့်အဝ ပါရှိသည့် ကန်စွန်းဥကို စားသုံးပေးရပါမယ်။

၇။ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတွေ ပိုင်ဆိုင်စေရန် ဗီတာမင်ဘီ ခေါ် ဘိုင်အိုတင်း ဓာတ်လိုအပ်ပြီး ဥအမျိုးမျိုးကို စားသုံးပေးခြင်းဖြင့် လိုအပ်သော ဗီတာမင်ဘီ ပမာဏကို ရရှိမှာ ဖြစ်ပါတယ်။

( NSD )
#health.thithtoolwin.com

အသည်းခြောက်ခြင်းမှတစ်ဆင့် အသည်းကင်ဆာဖြစ်ပွားနိုင်




 အသည်းခြောက်ခြင်းမှတစ်ဆင့် အသည်းကင်ဆာရောဂါအထိ ဖြစ်ပွား စေနိုင်ကြောင်း သိရသည်။ အဆိုပါ အသည်းခြောက်ခြင်းကြောင့် အသည်းကင်ဆာကိုပါ ဖြစ်ပေါ်လာနိုင်ပြီး အရက်သောက်ခြင်းကြောင့်လည်း အသည်းကို ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်ကြောင်းလည်း ဒေါက်တာမြင့်သန်းထွန်းက ပြောသည်။

“အသည်းကင်ဆာ မဖြစ်ခင်မှာ အသည်းခြောက်တယ်။ အသည်းခြောက်ရတဲ့ အကြောင်းအရင်းကတော့ အများကြီးရှိပါတယ်။ အသည်းမခြောက်အောင် ကာကွယ်လို့ရသလို တချို့ကျတော့လည်း ဟန့်တားဖို့ ခက်ခဲတာ တွေလည်းရှိတတ်တယ်။ ဒီလို အသည်းခြောက်ရောဂါ အရမ်းဆိုးဝါးလာပြီဆိုရင်တော့ သူ့ရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ မျက်လုံးဝါလာမယ်၊ ရေဖျဉ်းစွဲပြီး ဗိုက်ကြီးဖောင်းလာမယ်၊ ဆီးတွေက ဝါရာကနေနီလာမယ်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ပင့်ကူအိမ်လိုမျိုး အကွက်လေးတွေ ဖြစ်လာမယ်ဆိုရင်တော့ အသည်းခြောက်ရောဂါ ဖြစ်နေပြီလို့ ပြောနိုင်တယ်” ဟု ပြောသည်။

လူတစ်ဦးတွင် အသည်းခြောက်ရောဂါ ဖြစ်ပွားနေပြီဆိုပါက ရေဖျဉ်းစွဲပြီး ဝမ်းဗိုက် ဖောင်းလာတတ်ကြောင်း အချို့သောသူများသည် ရေဖျဉ်းစွဲခြင်းကို ထမင်းစားပြီး ရေချိုးသည့်အတွက်ဖြစ်ရခြင်းဟု အယူအဆ မှားယွင်းနေကြကြောင်း ယင်းက ဆက်လက်ပြောသည်။

“အသည်းကင်ဆာက အရက်အလွန်အကျွံ သောက်တာ၊ အသည်းအဆီဖုံးတာ ပြီးတော့ အသည်းရောင်ဘီပိုး၊ စီပိုးတွေကို သေသေချာချာ မကုသတဲ့အခါမှာ အသည်းကင်ဆာကို ဖြစ်စေတယ်။ အခုဆိုရင် အရက်ကို အလွန်အကျွံ သောက်လာကြတယ်။ ကိုယ်လက်လုပ်ရှားမှု အားနည်းတဲ့အတွက် အဝလွန်တာတွ ဖြစ်လာတယ်” ဟု ယင်းက ဆက်လက်ပြောသည်။

အသည်းကင်ဆာသည် မှိုတက်သော အစားစာများနှင့် အသည်းရောင် ဘီ၊ စီ ပိုးရှိသောသူများမှ တစ်ဆင့် လည်းကူးစက်နိုင်ကြောင်း သိရသည်။

“ဒီအသည်းကင်ဆာကများသော အားဖြင့်တော့ မှိုတက်တဲ့အစားစာ တွေကနေတစ်ဆင့် ကူးနိုင်တယ်။ တချို့က မှိုတက်တဲ့ အစားစာတွေကို နှမြောပြီး သိသိကြီးနဲ့ စားလိုက်တာတွေ ရှိသလို မသိဘဲစားလိုက်တာတွေရှိတယ်။ ဘယ်လိုပဲစားစား စားတာများ လာရင်တော့ ရောဂါဖြစ်လာနိုင်တာပဲ။ နောက်တစ်ခုက အသည်းရောင်ဘီ၊ စီပိုးရှိတဲ့သူတွေကနေ တစ်ဆင့်လည်း ကူးနိုင်တယ်။ တံတွေး၊ သွေး၊ မစင် တို့ကနေလည်း ကူးစက်နိုင်တယ်” ဟု ယင်းကဆက်လက်ပြောသည်။

ယင်းသို့ မကူးစက်အောင် ကာကွယ်ဆေးထိုးထားရန် လိုအပ်ကြောင်း သိရသည်။ “ဒီရောဂါက ကာကွယ်လို့ ရပါတယ်။လူကြီးရော လူငယ်ရော ကာကွယ်ဆေးထိုးထားရင်တော့ အကောင်းဆုံးပေါ့။ ကလေးငယ်လေးဆိုရင် မွေးစတည်းက ကာကွယ်ဆေး ထိုးထားရတယ်။ ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ ဆိုရင်လည်း ကာကွယ်ဆေးထိုးထားတာ အကောင်းဆုံးပါပဲ” ဟု ပြောသည်။

ယင်းသို့ အသည်းရောဂါ ခံစားနေရပါက တတ်သိနားလည်သော ဆရာဝန်များနှင့်သာပြသရန် ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က အကြံပြုပြောထားသည်။

သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies

အသည်းရောင် အေပိုးရှိသောသူများသည် ဘီပိုးနှင့် စီပိုး ရှိသည်ဟု အမှတ်မှားကာ ရောဂါ စစ်ဆေးလေ့ရှိဟုဆို




 အသည်းရောင် အေပိုးရှိသော သူများသည် ဘီပိုးနှင့်စီပိုးရှိသည်ဟု အမှတ်မှားကာ ရောဂါစစ်ဆေးလေ့ ရှိသည့်အတွက် အသည်းရောင် အေပိုးရောဂါအဖြစ်များကြောင်းသိရသည်။

“လူအများစုက မျက်လုံးတွေ ဝါလာတယ်။ အသားတွေဝါလာတယ်ဆိုရင် အရက်ကြောင့် (သို့) အသည်း ရောင်ဘီပိုး၊ စီပိုးကြောင့် ဖြစ်တယ်လို့ပဲ သိကြတယ်။ ဘီပိုးနဲ့စီပိုးကိုစစ်ရင် တွေ့နိုင်ပေမယ့် အေပိုးကြတော့ စစ်ဆေးဖို့ခဲယဉ်းတယ်။ အများစုကလည်း ဘီပိုးနဲ့စီပိုးကိုသာ စစ်ကြတာများတယ်။ အေပိုးကို စစ်သူနည်းတယ်။ အဲ့ဒါကြောင့် အသည်းရောင် အေပိုးရှိတဲ့ ၄၀ ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယ် အသည်းရောင်အေပိုး ရှိမှန်းကို မသိကြတဲ့အတွက် အဖြစ်များတာတွေ့ရတယ်” ဟု ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က ပြောသည်။

အဆိုပါရောဂါသည် မသန့်ရှင်းသော အစားအစာ၊ မသန့်ရှင်းသော ရေ၊ ရေခဲနှင့် မချက်ပြုတ်ရသေးသော အစားစာများမှတစ်ဆင့် အများဆုံး ကူးစက်နိုင်ကြောင်း၊ အဆိုပါ အသည်းရောင်အသားဝါ အေပိုးသည် RNA ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်၍ ထိုအေပိုး အရွယ်အစားမှာ ၂၇၊ ၂၉ နာနိုမီတာ ခန့်သာရှိပြီး အလွန်သေးငယ်သော microscope ဖြင့် အဆတစ်သိန်းကျော် ချဲ့ကြည့်မှသာလျှင် တွေ့မြင်နိုင်ကြောင်း သိရသည်။

“ဒီရောဂါပိုးက အလွန်သေးငယ်တဲ့အတွက် အလွယ်တကူ မတွေ့မြင်နိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦီး ထိတွေ့ဆက်ဆံတာနဲ့တင် ကူးစက်နိုင်သလို ရောဂါပိုးရှိတဲ့ အစားအသောက်တွေက တစ်ဆင့်လည်း ကူးစက်နိုင်တယ်။ မသန့်တဲ့ အစားသောက်တွေက အစာလမ်းကြောင်းကနေ တစ်ဆင့် အသည်းထဲကို ရောက်ရှိလာတယ်။ ပြီးတော့ အသည်းထဲမှာ ဒီရောဂါပိုးတွေ ပွားတယ်။ အသည်းနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေတာကိုတွေ့ရတယ်။ အသည်းရောင် အသားဝါအေရောဂါမဖြစ်ခင် ၂ ပတ် ခန့်အလိုမှာ ရောဂါလက္ခဏာ ပြလာတယ်။ ၁ ပတ်အတွင်းမှာတော့ ကူးစက်နိုင်ခြေက အမြင့်မားဆုံးပဲ။ ဥပမာ တစ်နေရာက အစားအသောက်တစ်ခု စားခဲ့တယ်ဆိုရင်တောင် ချက်ချင်းတော့ မဖြစ်ပေမယ့် ၁ ပတ်ကျော် ၂ ပတ်ခန့် အကြာမှာတော့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတာကို တွေ့ရတယ်” ဟု ဒေါက်တာမြင့်သန်းထွန်းကပြောသည်။

ယင်းအသည်းရောင် အသားဝါအေပိုးသည် အသည်းမှတစ်ဆင့် အစာအိမ်လမ်းကြောင်းသို့ ရောက်ရှိပြီး ဝမ်း(မစင်)မှတစ်ဆင့်လည်း ရောဂါပိုးကို ကူးစက်နိုင်ကြောင်းနှင့် ရောဂါပိုးကူးစက်ပါက ၂ ပတ်ခန့်အလိုတွင် ရောဂါလက္ခဏာပြသကြောင်း အဆိုပါရော ဂါဖြစ်ပေါ်လာပါက ဆီးဝါခြင်း၊ အစားသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းတွင်အရောင် ဖျော့လာခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းသွားခြင်း အစရှိသော ရောဂါလက္ခဏာများကို ခံစားရနိုင်ကြောင်း သိရသည်။

“အေပိုးကူးစက်ခံရပြီ ဆိုရင်တော့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ လျော့နည်းလာမယ်။ အဲ့လိုလျော့နည်း လာတဲ့အတွက် ဆီးအရောင်ကဝါလာတာကနေ ဆီးရောင်ရင့်လာမယ်။ အသည်းရှိတဲ့ ညာဘက်အခြမ်းနာမယ်၊ အသားယားမယ်၊ စတဲ့ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာမယ်” ဟု ပြောသည်။

အဆိုပါ အသည်းရောင်အသားဝါ အေခံစားနေရပါက ကောင်းမွန်စွာ အနားယူခြင်း၊ ရေများများသောက်ခြင်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို များများစားပေးခြင်းတို့ ပြုလုပ်ရန်လိုအပ်ပြီး အဆီများသော အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုးဆေးဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ဂက်စ်ပါသော အချိုရည်များ၊ အရက် နှင့်အခြား အသည်းကိုထိခိုက်စေသော အစားစာများကို ရှောင်ကြဉ်သင့်ကြောင်းသိရသည်။

သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies

ဝက်ခြံများကို သဘာဝနည်းဖြင့် ကုသနည်းများ




 မျက်နှာပေါ်မှာ ၀က်ခြံတွေ ရှိနေတာကြောင့် အပြင်သွားခါနီး စိတ်ပျက်နေရတယ်ဟုတ်။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့နည်းသွားစေတာမို့ နေ့စဉ်ဘ၀မှာ စိတ်မပျော်ရွှင်နိုင်တော့ပဲ ဒီဝက်ခြံတွေကို ဘယ်လို ကုသနိုင်မလဲဆိုတာချည်း တွေးနေရသူတွေအတွက် နည်းကောင်းလေးတွေ ပေးချင်ပါတယ်။
ဒါတွေက သဘာဝနည်းတွေမို့ ဘာအန္တရာယ်မှလည်း ရှိမှာမဟုတ်ဘူးနော်။
၁။ ပျားရည်နဲ့သံပုယို
မျက်နှာပေါ်က ၀က်ခြံတွေကို ခြောက်သွားစေဖို့ လုပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလေးက တော်တော်ထိရောက်ပါယ်။ သံပုယိုသီးကို အစိတ်စိတ်လိုက်ပြီး ပျားရည်ထဲနှစ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် တင်လိုက်ရုံပါပဲ။ အသားအရေအတွက်လည်း ကောင်းတဲ့နည်းမို့ စမ်းကြည့်လိုက်ပါဦး။
၂။ ရေနွေးငွေ့
ဝက်ခြံတွေအတွက် အကောင်းဆုံး ကုသနည်းတွေထဲမှာ ရေနွေးငွေ့ပေးတဲ့ နည်းလည်း အပါအ၀င်ပါပဲ။ ဒါ့ကြောင့် spa တွေသွားတဲ့အခါ သင့်အသားအရေကောင်းမွန်စေဖို့ ဒီနည်းကို အသားပေးကုသပေးကြတာ တွေ့ဖူးကြမှာပါ။ အိမ်မှာဆိုရင်တော့ ရေနွေးထဲ လိုအပ်တဲ့ အဆီ၊ လက်ဖက်ခြောက်နည်းနည်း ထည့်ပေးဖို့ လိုပါတယ်။ အဲ့ဒီကထွက်လာတဲ့ ရေနွေးငွေ့ကို မျက်နှာတစ်ဝိုက်နားရောက်အောင် သင်ကြိုးစားပေးရမှာပါ။ ရလာဒ်ကောင်းရမှာ သေချာပါတယ်။
၃။ ရေခဲ
အေးစက်နေတဲ့ ရေဟာ ၀က်ခြံကုသဖို့အတွက် မှော်နည်းတစ်နည်းပါပဲ။ လုပ်ဆောင်ရမယ့်နည်းကတော့ ပလတ်စတစ်ထဲကို ရေခဲထည့်ပြီး မျက်နှာပေါ်က ၀က်ခြံတွေပေါ် မိနစ် အနည်းငယ် အုံထားရမှာပါ။ သူက ၀က်ခြံတွေကို ကျုံ့သွားစေပြီး အသားအရေးကို ဘက်တီရီးယားတွေ မကပ်ငြိ မကူးစက်အောင် ကာကွယ်ပေးပါသေးတယ်။ ဒါ့အပြင် သူက အသားနီရဲခြင်းမဖြစ်အောင်လည်း ထိန်းပေးနိုင်ပါသေးတယ်။
၎။ အာလူးများ
ဗီတာမင် စီ၊ ဗီတာမင် ကေနဲ့ ဗီတာမင်အေ ကြွယ်ဝတဲ့ အာလူးကို သုံးပြီးတော့လည်း မျက်နှာပေါ်က ၀က်ခြံတွေကို အပြတ်ဖြုတ်နိုင်ပါတယ်။ အာလူးကို ပါးပါးလေးလှီးပြီး မျက်နှာပေါ် တင်ထားလိုက်ရုံပါပဲ။ သူက အက်ဆစ်ဓာတ်ရှိတာ ကြောင့် သင့်မျက်နှာပေါ်က ၀က်ခြံတွေ ညှိုးသွားပါလိမ့်မယ်။
Ref:womanitely.com
Trend Myanmar
Credit to အမျိုးသမီးနှင့်ကျန်းမာရေး

လုပ်ငန်းခွင်ပင်ပန်းနွမ်းနယ်မှုကြောင့် ဦးနှောက်စွမ်းရည် ဆိုးရွားစွာကျဆင်းနိုင်




 သြဂုတ် (၃) ကျန်းမာရေး

 နေ့ စဉ် အလုပ်ချိန်ကြာမြင့်ခြင်း၊ လုပ်ငန်းတွင်း ဖိအားများခြင်း၊ ကြိုးပမ်းသမျှအတွက် ထူးထူးခြားခြား ချီးမွမ်းမခံရ သော်လည်း မှားယွင်းမှု တစ်စုံတရာရှိလျှင်မူ စိတ်ထိခိုက်အောင် အပြောဆို ခံရခြင်းများကို ရေရှည်ခံစားရသူများတွင် ဦးနှောက်စွမ်းရည် ဆိုးရွားစွာ ကျဆင်းနိုင်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်း၊ အလုပ်ကိုခုံမင်နှစ်သက်မှု နည်းပါးသွားခြင်း၊ မိမိလုပ်သမျှ မထိရောက်ဟုခံစားရခြင်း အစရှိသော အကျိုးဆက်များကို ခံစားရနိုင်ကြောင်း ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာနည်း ပညာတက္ကသိုလ်မှ သုတေသီများက ပြောသည်။

ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုက ဦးနှောက်ထဲက အာရုံကြောစီးကြောင်းတွေကို ပြောင်းလဲစေပါတယ်။ အဲဒါက ဖိအားများတဲ့အခြေအနေတစ်ခုမှာ အရည်အချင်းတွေအားလုံး ပျောက်သွားသလိုကို ခံစားရစေနိုင်ပါတယ်။ ဖိအား များလို့  စွမ်းရည်ကျသွားပြီး စွမ်းရည်ကျသွားလို့  ဖိအားပိုများလာတဲ့ သံသရာလည်သွားမှာဖြစ်လို့  အရမ်းပင်ပန်း နွမ်းနယ်အောင် ရေကုန်ရေခမ်း အလုပ်လုပ်ပြီးရင် ကိုယ့်ကိုကိုယ် အနားပေးဖို့  လိုအပ်ပါတယ်ဟု သုတေသီတစ်ဦး က ရှင်းပြသည်။

တစ်ပတ်ကို နာရီ ၆၀ ကနေ ၇၀ အထိ နှစ်နဲ့ ချီ အလုပ်လုပ်လာတဲ့လူတွေကို စမ်းသပ်ကြည့်တဲ့အခါမှာ သာမန်လူ တွေနဲ့  ကွာခြားနေတာကို တွေ့ ရပါတယ်။ အထူးသဖြင့် ခံစားမှုပိုင်းမှာပါ။ သာမန်လူတွေဟာ သားငယ်လေးရဲ့  ကျောင်းကကိစ္စကို အရေးတယူနားထောင်၊နားလည်၊ခံစား၊တုန့် ပြန် နိုင်ပေမယ့် အလုပ်ဖိအားများသူတွေဟာ ကလေးကို အရေးတယူနားမထောင်ချင်ကြပါဘူး။ နားထောင်ရင်လည်း နားမလည်ပါဘူး။ အသံပဲကြားပြီး စကားလုံး ကို နားမလည်တော့တာပါ။ နားလည်တယ်ထားဦး၊ မခံစားနိုင်ကြပါဘူး။ အလုပ်ရှိသေးတယ်လေ။ ဒီတော့ တုန့် ပြန်မှု လည်း မရှိဘူးပေါ့ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

မိမိသား၊သမီးတို့ နှင့် ဆက်ဆံရေးအဆင်မပြေခြင်းသည် အလုပ်ဖိအားများသူတို့ ကြုံတွေ့ ရလေ့ရှိသော အဆင်မပြေ မှုများအနက် သေးငယ်သောဥပမာတစ်ခုသာဖြစ်ကြောင်း၊ အာရုံစူးစိုက်နိုင်မှုတွင်လည်း သိသာစွာ လျော့နည်း ကြောင်း၊ ထို့ အပြင် သေးသေးမွှားမွှားကိစ္စကအစ ၄င်းတို့ ကို စိတ်အနှောက်အယှက်ပေးနိုင်ကြောင်း၊ တစ်နည်းအား ဖြင့် အတွင်းအပြင်အာရုံစိုက်မှုညံ့ဖျင်းကာ အပြင်အတွင်းအာရုံစိုက်မှုအားကောင်းနေခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

ထို့ အပြင် စိတ်ကျရောဂါကို ခံစားရလာနိုင်ပြီး မိမိတွင် လောကကိုရင်ဆိုင်ရန် ခွန်အားမကျန်ရှိတော့သလိုပင် ခံစား ရလာနိုင်သဖြင့် အလုပ်ဖိအားများသူတို့ သည် အလုပ်၊ဘ၀နှင့်နားချိန်တို့ ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်ရန်မှာ အရေးကြီးလှကြောင်း သိရသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်
Lashio News Diary
https://www.facebook.com/lashio.news.city

ဆေးရုံများက နှလုံးခုန်ရပ်လူနာများအား ကုသမှုပေးနိုင်သည့် မြန်နှုန်းကို ပိုမိုတွက်ဆထားလေ့ရှိ




 ဆေးရုံအများအပြားသည် လေဖြတ်လူနာများအား သွေးကျဲဆေးပေး ကုသမှုပြုရာတွင် ၎င်းတို့ဆောင်ရွက် နိုင်သည့် မြန်နှုန်းကို ပိုမိုတွက်ဆထားလေ့ရှိသည်ဟု အမေရိကန်သုတေ သနတစ်ခုက ဖော်ပြသည်။ သုတေသနပညာရှင်များက ဆေးရုံဝန်ထမ်း များအား လူနာများကို သရွန်ဘိုလီ ဆစ် ခေါ် IV ကုထုံးပေးနိုင်သည့်မြန် နှုန်းကို မေးမြန်းခဲ့ပြီး အမှန်တကယ် ကုသမှုပေးJhသည့် အချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။ ထိုသို့လေ့လာရာတွင် ဆေးရုံ ၂၉ ရာ ခိုင်နှုန်းကသာ ၎င်းတို့၏မြန်နှုန်းကို မှန်ကန်စွာ ပြောကြားနိုင်ခဲ့ပြီး ကုသမှု နှေးကွေးသည့်ဆေးရုံများက ၎င်းတို့ ၏ စွမ်းဆောင်ရည်ကို ပိုမိုတွက်ဆ ထားတတ်ကြသည်ဟုဆိုသည်။ ဒုခ် တက္ကသိုလ်ဆေးကျောင်းမှ သုတေသနပညာရှင် ဒေါက်တာဆီမယ်ရှားက “အားလုံးက သူတို့ကောင်းကောင်းလုပ် နိုင်တယ်လို့ ထင်နေပါတယ်။ ကုသမှုမြန်မြန်မလုပ်နိုင်တာက လူနာအတွက်မကောင်းပါဘူး” ဟု ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းအရ နှစ်စဉ်ကမ္ဘာပေါ်တွင် လေဖြတ်ခြင်းခံစားရသူ ၁၅ သန်းရှိပြီး ၎င်းတို့ ထဲမှ ၅ သန်းခန့်သေဆုံးကာ ၅ သန်းမှာ အမြဲတမ်းမသန်စွမ်းဖြစ်သွားရသည် ဟုဆိုသည်။ လေဖြတ်ခြင်း၏ ကနဦးလက္ခဏာများမှာ မျက်နှာတစ်ခြမ်းထုံကျင်ခြင်း၊ လက်တစ်ဖက်မလှုပ်ရှားနိုင်ခြင်း၊ ခံစားနိုင်မှုမရှိခြင်းနှင့် စကားပြောရန်ခက်ခဲခြင်းတို့ဖြစ်သည်။ IV ကုထုံးမှာ ရောဂါလက္ခဏာပေါ် ပြီး ၃ နာရီအတွင်း (သို့) လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းနှင့် ဦးခေါင်းထိခိုက်မှုတို့ မကြုံတွေ့မီ အသုံးပြုနိုင်သည်။ IV ကုထုံးမှာ အများဆုံးကြုံ တွေ့ရသော လေဖြတ်ပုံစံဖြစ်သည့် ဦးနှောက်သို့ သွေးကြောများ ပိတ်ဆို့ မှုအတွက် ထိရောက်စွာ အသုံးပြုနိုင် သည်။

လေဖြတ်ခြင်းအားကုသရာတွင် မြန်နှုန်းမှာ အရေးကြီးသဖြင့် ရှားနှင့်အဖွဲ့က လူနာများဆေးရုံသို့ရောက် လာချိန်နှင့် ကုသမှုခံယူရချိန်အထိ ကြာချိန်ကို အဓိကလေ့လာခဲ့ကြခြင်းဖြစ်သည်။ လေ့လာမှုတွင်ပါဝင်သည့် ဆေး ရုံ ၁၄၀ ရုံက လေဖြတ်လူနာ ၄၈၂၀၁ ဦး လက်ခံကုသပေးခဲ့ရသည်ဟုဆိုသည်။ လူနာရောက်ရှိချိန်မှ ၁ နာရီအတွင်း ကုသမှုခံယူရသည့် အမျိုး အစားအလိုက် ဆေးရုံများကို အဆင့်သတ်မှတ်ပေးခဲ့သည်။ စွမ်းဆောင်ရည်အမြင့်ဆုံးဆေးရုံများမှာ နှစ်စဉ် လေဖြတ်သည့်လူနာ ကုသပေးရမှုပိုများပြီး IV ကုထုံးအသုံးပြုမှုပိုများသည်။ ထိုဆေးရုံများရှိ ဝန်ထမ်းများ က လူနာ ၆၀ ရာခိုင်နှုန်းကျော်အား တစ်နာရီအတွင်း ကုသမှုစတင်နိုင်ခဲ့ သည်ဟု ဖြေကြားခဲ့ပြီး အမှန်တကယ် ကုသနိုင်မှုမှာ ၅၇ ရာခိုင်နှုန်းဖြစ်သည်။ စွမ်းဆောင်ရည်နိမ့်သည့် ဆေးရုံများတွင် ဝန်ထမ်းများ၏ပြောကြားမှုနှင့် အမှန်တကယ် ကုသပေးနိုင်မှုကွာခြားချက်ပိုမိုမြင့်မားသည်။

ဂျပန်နိုင်ငံ၌ပြုလုပ်ခဲ့သည့် သီး ခြားသုတေသနတစ်ခုတွင် ဆေးရုံ ပြင်ပ၌ နှလုံးရောဂါဖောက်မှု အချက်အလက် ၁၆၈၀၀၀ နီးပါးကိုလေ့လာခဲ့ရာ ၎င်းတို့အား အနီးမှလူများက တွေ့ရှိကူညီမှုမှာ ၂၀၀၅ မှ ၂၀၁၅ အတွင်း မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ ထို့ပြင်၎င်းတို့အနက် ဦးနှောက်ထိခိုက်မှု ကြီးကြီးမားမားမရှိသူများကြား အသက်ရှင်မှုလည်း ပိုမိုမြင့်တက် လာသည်ဟု ယိုကိုဆူကာရှိ ကာနာဒါ ဝါတက္ကသိုလ်မှ ဒေါက်တာရှင်ဂျီနာ ကာဟာရကဆိုသည်။ အိုင်ယိုင်းယိုးရှိ ကလိဗ်လန်းဆေးခန်းမှ ဒေါက်တာ မီနွန်က “အချိန်ကအရေးကြီးပါတယ်။ နှလုံးခုန်ရပ်သွားရင် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ၊ အထူးသဖြင့် နှလုံးကိုသွေးမရောက်တော့ပါဘူး” ဟု ပြောကြားသည်။ အထက်ပါ သုတေသန ၂ ခုတွင် ပါဝင်ခြင်းမရှိသည့် ဒေါက်တာမီနွန်က နှလုံးဖောက်သူများအား အနီးရှိလူများက ကူညီခြင်းဖြင့် အသက်ကယ်နိုင်သည်ဟု ဆိုသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

HIV ပိုးရှိသူများ စောစီးစွာကုသမှုခံယူခြင်းက အကျိုးရှိနိုင်




HIV ရောဂါပိုးရှိသူများတွင် AIDS ရောဂါလက္ခဏာများ စတင်ပြသခြင်းမပြုမီ (သို့) သွေးဖြူဥဆဲလ်အရေအတွက် သတ်မှတ်ထားသည့် ပမာဏအောက် ကျဆင်းခြင်းမပြုမီ ကုသမှုခံယူခြင်းက ဗှီုS နှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားခြင်းနှင့် သေဆုံးခြင်းကို သိသာစွာ နှောင့်နှေးစေသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင်မူ ရောဂါလက္ခဏာမပြသေးသည့် လူနာအား မည်သည့်အချိန်တွင် စတင် ကုသမှုခံယူရမည်ဆိုသည့် အချက်မှာ ရှင်းလင်းမှုမရှိသေးပေ။ ထို့အပြင် AIDS ရောဂါအတွက် ဗျွဠ ဆေးများ စောစီးစွာ အသုံးပြုပါက လူနာတွင် နှလုံးနှင့်ကျောက်ကပ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်ဆိုသော စိုးရိမ်မှုများလည်း ရှိသည်။ CD 4 သွေးဖြူဥဆဲလ်အရေအတွက် တစ်ကုဗမီလီမီတာတွင် ၃၅၀ အထက်ရှိနေချိန်၌ လူနာအား ကုသမှု စတင်ခံယူစေရမည့် အချိန်နှင့်ပတ်သက်၍ ဆယ်စုနှစ် ၂ ခုကျော် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။

ယခုလေ့လာမှုတွင် HIV ရောဂါ ပိုးရှိသူ ၄၆၈၅ ဦးအား ပျမ်းမျှ ၃ နှစ် ကြာမှ စောင့်ကြည့်ခဲ့ကြသည်။ ၎င်းတို့မှ ထက်ဝက်မှာ CD 4 ပမာဏ ၅၀၀ အထက်ရှိနေချိန်တွင် ARV ဆေးဖြင့် ကုသမှု ချက်ချင်းစတင်စေ ပြီး အခြားသူများကို CD 4 ပမာဏ ၃၅၀ အောက်ရောက်မှ ကုသမှုခံယူစေခဲ့သည်။ ရလဒ်မှာ သိသာစွာကွာခြားခဲ့သဖြင့် စမ်းသပ်မှုကို သတ်မှတ်ချိန် မတိုင်မီ ရပ်ဆိုင်းကာ လူနာအားလုံးကို ARV ဆေးဖြင့် ကုသမှုခံယူစေခဲ့သည်။ ကုသမှု စောစီးစွာခံယူခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုး မှာ ပြဿနာတစ်ရပ်မဟုတ်ဟု ဆို သည်။ လေ့လာမှုအရ စောစီးစွာ ကုသမှုခံယူခြင်းကြောင့် နှလုံးနှင့်ကျောက် ကပ်ရောဂါဖြစ်ပွားနိုင်ခြေ သိသာစွာ တိုးလာခြင်းမရှိဟု ဆိုသည်။ စောစီး စွာ ကုသမှုခံယူသူများမှာ တီဘီ၊ AIDS နှင့် ဆက်စပ်သော ကင်ဆာများ ဖြစ်ပွားနိုင်ခြေ လျော့နည်းသည်ဟု ဆိုသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

မျက်နှာကို ကြည့်ပြီး သိနိုင်တဲ့ ကျန်းမာရေး အခြေအနေများ






ပြောစကားတစ်ခုရှိပါတယ်။ "မျက်နှာဟာ စိတ်ရဲ့ ပြတင်းပေါက်ပါ" တဲ့ ။

လူတွေဟာ ကိုယ့် ခန္ဓာကိုယ် မှာ ဘယ်လို အာဟာရ တွေလိုအပ်နေတယ် ။ ဘာတွေချို့တဲ့နေတယ် ဆိုတာကို စိတ်ထဲက အလိုလျောက်မသိနိုင်ပါဘူး။ ဒါပေမယ့်လည်း မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ပြီး မိမိရဲ့ ကျန်းမာရေး အခြေအနေတွေကို သိနိုင်တ်ယလို့ Healthista သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ မျက်နှာမှာ သဘာဝ အသားအရေ လှပမှု ကိုဖျက်ဆီးထားတဲ့ လက္ခဏာတွေရှိပါတယ်။ နဖူးမှာ အရေးအကြောင်းများထင်တာ ၊ ဆံပင်ကျွတ်တာ ၊ နှုတ်ခမ်းထောင့်မှာ အနာပေါက်တာ စတာတွေကို ကြည့်ခြင်းအားဖြင့် မိမိ ခန္ဓာကိုယ်မှာ ဘာတွေလိုအပ်နေတယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း

သင့် အသားအရေတွေ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်းဟာ သင့်ခန္ဓာကိုယ်တွင်း မှာ သံဓါတ် လိုအပ်နေလို့ပါ။ လူတစ်ယောက်ဟာ သံဓါတ်လိုအပ်နေတဲ့အခါမှာ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတတ်သလို မျက်လုံးပတ်ပတ်လည် မှာလည်း အမဲ ရောင်အစက်အပြောက်လေးတွေ ပေါ်လာတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းကတော့ အနီရောင်ရှိတဲ့ အသားတွေ စားတာ နည်းလို့ပါ။ အနီရောင်ရှိတဲ့ အသားတွေမှာ Haem လို့ခေါ်တဲ့ သံဓါတ်တစ်မျိုးပါဝင်ပြီး ထို သံဓါတ်ဟာ လူသားတွေရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ သံဓါတ်နဲ့ တူညီနေပါတယ်။ သက်သက်လွတ်စားသုံးသူတွေအတွက်တော့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ဗီတာမင်စီ ကို မှီဝဲ ပေးနိုင်တယ်လို့ သိရပါတယ်။

နှုတ်ခမ်းထောင့်မှာ အနာပေါက်ခြင်း

သင့် နှုတ်ခမ်းထောင့်မှာ အနာပေါက်တာ ကို လကုန်ရက်တွေတိုင်းမှာတွေ့ရတတ်တာရဲ့ အကြောင်းအရင်းက ဗီတာမင် ဘီ အစုတွေနည်းနေလို့ပါ။ ထိုရောဂါကို Angular Stomatitis လို့လည်းခေါ်ပြီး ဗီတာမင် ဘီ ၂ ၊ ဗီတာမင် ဘီ ၃ တို့ ချို့တဲ့နေတဲ့အခါမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီရောဂါကိုတော့ အသီးအရွက်သာစားတဲ့ သက်သက်လွတ် သမားတွေမှာ အဖြစ်များတာကို တွေ့ရပြီး ဗီတာမင် ဘီ အများဆုံးပါဝင်တဲ့ နို့ထွက် ပစ္စည်းတွေကို စားသုံးမှု နည်းလို့ ပဲ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် အရွက် ပါတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင် ဘီ ကြွယ်ဝစွာပါဝင်ပေမယ့်လည်း ရေရှည်မှာတော့ မလုံလောက်နိုင်ပါဘူး။

မေးစေ့မှာ ၀က်ခြံပေါက်ခြင်း

ဒီ ပြသနာကိုတော့ အမျိုးသမီးတွေမှာ အဖြစ်များတာကိုတွေ့ရပါတယ်။အမျိုးသမီးတွေဟာ ဓမ္မတာ ကာလ ၀န်းကျင်မှာ မေးစေ့ ၊ ပါးရိုး နားတွေမှာ ဟော်မုန်းပြောင်းလဲမှု ကြောင့် ၀က်ခြံတွေ ပေါက်လာပါတယ်။ သွေးရိုးသားရိုးမဟုတ်တော့ဘူးဆိုရင်တော့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြကြည့်လိုက်ပါ။ ဒါဟာ ဗြိတိန်နိုင်ငံ က၁၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေကြုံတွေ့နေရတဲ့ (PCOS) ဆိုတဲ့ သန္ဓေဆောင်ခြင်းမှာ အခက်အခဲ ဖြစ်တဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကိုဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ဆရာဝန်သွားပြပြီး သွေးစစ်ကြည့်လိုက်ပါ။

လည်ပင်းမှာ အမည်းရောင် အရေးအကြောင်းများပေါ်လာခြင်း 

သင့်လည်ပင်းမှာ ဂျီးတွေရှိနေသလိုမျိုးအမည်းရောင် အရေးအကြောင်းတွေ ပေါ်နေပြီးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောတဲ့အခါမှာလည်း ပျောက်ကွယ်သွားခြင်းမရှိရင်တော့ သင့်မှာ ဆီးချိုသွေးချို ဖြစ်နိုင်ချေ များနေပါပြီ။ Acanthosis Nigricans လို့ လူသိများတဲ့ ထိုရောဂါဟာ အ၀လွန်ခြင်းနဲ့ သကြားဓါတ်မှီဝဲမှု လွန်ကဲ ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းရမယ့်နည်းလမ်းကတော့ ဆရာဝန်သွားပြပြီး သကြားမှီဝဲမှု ပမာဏ ကိုတိုင်းတာကြည့်လိုက်ပါ ။ ပြီးရင်တော့ ကံကောင်းထောက်မစွာနဲ့ပဲ သင့်မှာ ဆီးချိုသွေးချို မဖြစ်သေးဘူးဆိုရင်တော့ သင်ဟာ သကြားပမာဏ နည်းပါးတဲ့ အစားအစာတွေ ၊ ကာဗွန်ဟိုက်ဒရိတ် နည်းပါးတဲ့ အစားအစာ တွေ ကို စားသုံးပြီး ၀ိတ်ချခြင်းနဲ့ ဖြစ်လာနိုင်မယ့် ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

health.thithtoolwin.com

August 06, 2015

၂၀၃၀ ခုနှစ် မြန်မာငှက်ဖျား အမြစ်ပြတ်ဖို့ စုပေါင်းရည်မှန်း




 မြန်မာနိုင်ငံမှာ နှစ်စဉ် လူ ၃ သိန်းကနေ ၂ သိန်းအထိ ဖြစ်နေတဲ့ ငှက်ဖျားရောဂါကို ၂၀၃၀ ခုနှစ်ကျရင် အမြစ်ဖြတ်နိုင်ရေးအတွက် မြန်မာဘက်က သန္ဓိဌာန်ချထားပြီး နိုင်ငံတကာဘက်ကလည်း ဝိုင်းကူဖို့ ရှိတယ်လို့  မြန်မာနဲ့ အမေရိကန် အရာရှိတွေက ကြေညာလိုက်ပါတယ်။ ဒီရောဂါ တိုက်ဖျက်ရေးအတွက် လာမယ့် ၁၅ နှစ်မှာ တနှစ်ကို ဒေါ်လာ သန်း ၈၀ လိုအပ်မှာ ဖြစ်ပါတယ်။

မြန်မာနဲ့ အမေရိကန် အစိုးရအရာရှိတွေ အပါအဝင် မြန်မာအတိုက်အခံတွေနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့တွေပါ တက်ရောက်တဲ့ ငှက်ဖျားတိုက်ဖျက်ရေး ဆွေးနွေးပွဲကို ဝါရှင်တန်မြို့တော်မှာ သြဂုတ်လ ၃ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

တနင်္လာနေ့ကကျင်းပခဲ့တဲ့ ဒီမြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး ဆွေးနွေးပွဲအကြောင်း သတင်းကြေညာချက် ထုတ်ရာမှာ ဒီမတူတဲ့ နိုင်ငံရေး၊ လူမျိုးရေး အဖွဲ့တွေအားလုံးက ထူးထူးခြားခြား သဘောတူညီမှုတွေ ရလိုက်တာကို မီးမောင်းထိုးပြထားပါတယ်။ မြန်မာနိုင်ငံဘက်က ကျန်းမာရေးအထူးဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး ဦးဆောင်တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို CSIS လို့ အတိုကောက်ခေါ်တဲ့ ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက အဓိက ဦးဆောင်ကျင်းပပေးခဲ့တာပါ။

အမေရိကန်သမ္မတရဲ့ ငှက်ဖျားတိုက်ဖျက်ရေး အစီအစဉ် ဦးဆောင်သူတွေနဲ့ အမေရိကန် စစ်တပ်ဘက်က ငှက်ဖျားဆိုင်ရာ အရာရှိတွေပါ တက်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ကမကထလုပ်ပေးတဲ့ နောက်တဖွဲ့ဖြစ်တဲ့ Maryland ဆေးသက္ကသိုလ်ရဲ့ Institute of Global Health ခေါ် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအဖွဲ့က မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေးဆိုင်ရာ သုတေသီ ဒေါက်တာ မြိုင်မြိုင်ညွန့် ကလည်း ဦးဆောင် ဆွေးနွေးပေးခဲ့ပါတယ်။ မြန်မာအဓိက အတိုက်အခံပါတီ NLD အမျိုးသားပါတီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကြီးတန်း ကျန်းမာရေးအကြံပေး ဒေါက်တာ တင်မျိုးဝင်းလည်း တက်တဲ့ ဒီဆွေးနွေးပွဲရဲ့ ထူးခြားမှုကို ဒေါက်တာ မြိုင်မြိုင်ညွန့် က

“အဖွဲ့ပေါင်း မြောက်များစွာပေါ့နော် Ministry သုံးခု ပါတယ်။ အစိုးရဘက်က Parliamentarian တွေပါတယ်။ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေက ၃ ဖွဲ့ပေါ့နော်။ ကရင်ရယ်။ ကရင်နီရယ်။ ရှမ်းရယ်ပေါ့ ။ အဲဒီလိုမျိုး အားလုံးပူးပေါင်းပြီးတော့ ဆွေးနွေးကြပြီး တကယ့်ကို ခေါင်းချင်းဆိုင် ရိုးသားစွာနဲ့ ပြောဆိုဆွေးနွေးပြီးတော့ ရလာတဲ့အဖြေက နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပဲဖြစ်နေ ဒီငှက်ဖျားတိုက်ဖျက်ရေးကို အားလုံးက လက်တွဲပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ဟာက အင်မတန်မှ အရေးကြီးတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။”

ဒါ့အပြင် ဒီဆွေးနွေးပွဲ ကြေညာချက်ထဲမှာလည်း မြန်မာနိုင်ငံမှာ ငှက်ဖျားဖြစ်နှုန်း၊ သေနှုန်း ကျဆင်းလာတာဟာ ထူးခြားတဲ့ တိုးတက်မှု ဖြစ်တယ်။ အာဆီယံအဖွဲ့ဝင်အဖြစ်နဲ့အညီ ၂၀၃၀ ရောက်ရင် ငှက်ဖျားအမြစ်ဖြတ်နိုင်ဖို့ သန္ဓိဌာန်ချထားတဲ့အပေါ် အခုလို မတူတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ကြရင် နိုင်ငံတကာဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ ဒီဆွေးနွေးပွဲက ရလာတဲ့ ထူးခြားတဲ့ သက်ရောက်မှုအပေါ် ဒေါက်တာ မြိုင်မြိုင်ညွန့်က ဆက်ပြီး

“ငှက်ဖျားတိုက်ဖျက်ဖို့ဆိုတာ တဦး တယောက်တည်းကလည်း လုပ်လို့မရဘူး။ အဖွဲ့အစည်း တခုတည်းကလည်း လုပ်လို့မရဘူး။ ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံး ဘယ်သူပဲ အစိုးရနေရာမှာ ရောက်နေပါစေ ဒီအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီးတော့ လုပ်မှ ဖြစ်မယ်ဆိုတဲ့ဟာကို ကျမတို့ လူတိုင်းနားလည်တယ်။ ဒါက ပထမဦးဆုံးအဆင့်ပဲ ရှိပါသေးတယ်။ ပထမဦးဆုံးအဆင့်မှာ အားလုံးကနေပြီးတော့ ဒီပြဿနာတွေရှိတယ်။ ဒီပြဿနာတွေကို အားလုံးပေါင်းပြီး ဖြေရှင်းမှဖြစ်မယ် ဆိုတဲ့ဟာက ပထမဦးဆုံး အဆင့်ကိုရောက်မှ နောက်တဆင့်ကို ထပ်ပြီးတော့သွားဖို့ ဖြစ်နိုင်မယ်ဆိုတဲ့ဟာက အင်မတန်မှ အရေးကြီးတယ်လို့ ကျမရဲ့ စိတ်ထဲမှာ မြင်ပါတယ်။ အခု လောလောဆယ်မှာ ဆိုလို့ရှင်ရင် ကျမတို့ Ministry ၃ ခုပါတယ်။ ဒါပေမဲ့ ကျမတို့အကုန်လုံး နားလည်တယ်။ Ministry ၃ ခုထဲနဲ့လည်း မပြီးသေးဘူး။ ဒီပြင့် Ministry တွေကိုလည်း ထည့်ဖို့ လိုမယ်။ ဘာလို့ဆိုတော့ ငှက်ဖျားတိုက်ဖျက်ရေး လုပ်မယ်ဆိုလို့ရှိရင် government ပဲဖြစ်ဖြစ် Non-government ပဲဖြစ်ဖြစ် civil society တွေပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတွေပဲ ဖြစ်ဖြစ် အကုန်လုံးပါပြီး လုပ်မှဖြစ်မယ်။ အဲဒါမှလည်း ကျမတို့က Community ရော၊ hard to reach area တွေရော border တွေတင် မဟုတ်ဘူး၊ မြန်မာပြည်တွင်းမှာရောပဲ hard to reach ဖြစ်နေတဲ့ နေရာတွေအများကြီးပဲ။ အဲဒီနေရာတွေကို reach လုပ်နိုင်မယ်။ ဒီအဆင့်ကို အရင်ဆုံးရောက်လာပြီးမှ ဆက်ပြီးတော့ သွားနိုင်မှာပေါ့နော်။ ဒါကို လမ်းထွင်လိုက်တဲ့ သဘောပေါ့နော်။ လမ်းထွင်လိုက်တဲ့အခါမှာ လမ်းလေးကတော့ ပွင့်သွားတယ်လို့ ကျမက မြင်ပါတယ်။”

ဒေါက်တာ မြိုင်မြိုင်ညွန့်ကပဲ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ လုပ်ရတာနဲ့ ၀ါရှင်တန်မြို့တော်ကို ရွေးရတဲ့ အကြောင်းအရင်းကလည်း မြန်မာနိုင်ငံမှာ ဆေးမတိုးတော့တဲ့ ငှက်ဖျားပိုး ပြန့်လာနိုင်တဲ့ အန္တရာယ်ရှိနေပြီး အချိန်မီ အမြန် မဟန့်တားနိုင်ရင် အရင်အတွေ့အကြုံတွေအရ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးနိုင်တာနဲ့ ဒီမတူတဲ့ အဖွဲ့တွေအားလုံး တက်နိုင်ဖို့ ဘက်မရှိတဲ့ ကြားနေ နေရာတခုကို ရွေးတာနဲ့ မြန်မာအပြင် နိုင်ငံတကာမှာလည်း ဒီသတင်းပြန့်သွားနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်ခင်ဗျား။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

August 04, 2015

အရက်နာကျ ခြင်းကို သက်သာစေတဲ့ သစ်တော်သီး ရဲ့ စွမ်းပကားများ






အရက်အလွန်အကျွံ သောက်မိမယ့် ည မတိုင်ခင်မှာ အရည်ရွှမ်းတဲ့ သစ်တော်သီးတစ်လုံးကို ကြိုတင်စားသုံးထားခြင်းဟာ နောက်တစ်နေ့မနက်မှာ ကြုံတွေ့ရမယ့် အရက်နာကျခြင်း ရဲ့ သက်ရောက်မှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသန ပြုလုပ်သူ သိပ္ပံပညာရှင်တွေက အခိုင်အမာဆိုလိုက်ကြပါတယ်။

သုတေသီတွေရဲ့ ပြောကြားချက်အရတော့ အရက်သောက်မယ့် ည မတိုင်မီမှာ သစ်တော်သီးစားထားခြင်းရဲ့ အကျိုးဆက်ဟာ အရက်နာကျခြင်းရဲ့ ဒုက္ခတွေကနေ ၂၁ ရာခိုင်နှုန်းခန့် ထိ ပိုမို ကောင်းမွန်သွားစေနိုင်တယ်လို့ သိရပါတယ်။

အဲဒီလို အရက်မသောက်ခင်ညနေပိုင်းမှာ အရည်ရွှမ်းတဲ့ သစ်တော်သီး တစ်လုံး ကြိုတင်စားသုံးထားခြင်းဟာ အာရုံ စူးစိုက်မှုကို ပိုမို အားကောင်းစေခြင်း ၊ မှတ်ဥာဏ်ဆုံးရှုံးမှုကို လျှော့ချပေးခြင်း နဲ့ သွေးကြောထဲမှာ ယမကာ စီးဆင်းမှု နှုန်းကို လျော့ကျစေနိုင်ခြင်းစတဲ့ အကျိုးသက်ရောက်မှု တွေကို ရရှိစေနိုင်တယ်လို့ သြစတြေးလျအစိုးရ အဖွဲ့ရဲ့ သိပ္ပံပညာရှင်တွေက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သစ်တော်သီးတွေဟာ လူတစ်ယောက်ရဲ့ အလင်းရောင်နဲ့ အသံ တို့ကို မခံနိုင်ခြင်းတွေကိုလည်း လျော့ကျစေပါတယ်။

အခုတစ်ခေါက် သုတေသန ပြုလုပ်တဲ့အခါမှာ လေ့လာဖို့ အသုံးပြုခဲ့တာကတော့ အာရှထွက် Nashi ဆိုတဲ့ သစ်တော်သီး တစ်မျိုးဖြစ်ပြီး ထို သစ်တော်သီးတွေကို ဗြိတိန် နိုင်ငံ က စူပါမားကတ် တွေမှာလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း သုတေသီတွေကတော့ အနောက်ပိုင်းဒေသ တွေမှာ ပေါက်ရောက်တဲ့ သစ်တော်သီးတွေကရော အာရှထွက် သစ်တော်သီးတွေလို ကောင်းမွန်တဲ့ သက်ရောက်မှု မျိုးရှိနိုင်သလားဆိုတာကိုတော့ လေ့လာနေဆဲ ပဲ ဖြစ်ပါတယ်။

သြစတြေးလျ အစိုးရ ရဲ့ သိပ္ပံပညာဆိုင်ရာ သုတေသန အဖွဲ့အစည်းတွေကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရတော့ အရက်နာကျခြင်း ရဲ့ သက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် အရက်မသောက်ခင် ညနေမှာ သစ်တော်သီးဖျော်ရည် ၂၂၀ မီလီလီတာ ခန့် (သို့) သစ်တော်သီးတစ်လုံးခန့်ကို စားသုံးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။

( Mario )
thithtoolwin.com

သစ်ပင်တက်ခြင်းဟာ ဦးနှောက်မှတ်ဥာဏ်အခြေခံ စွမ်းရည်တွေကို တိုးတက်အောင် ကူညီနိုင်






ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက အလုပ်လုပ်တဲ့အခါ သတင်းအချက်အလက်တွေကို ထိန်းသိမ်းမှတ်သားနိုင်စွမ်းရည် တိုးတက်စေဖို့ အကူအညီဖြစ်စေပါတယ်။

သစ်ပင်တက်ခြင်း၊ ခြေဗလာဖြင့်လမ်းလျှောက်ခြင်း၊ အတားအစီးများကို ရှောင်ရှားသွားလာခြင်း စတဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်နေ့ကို မိနစ်အနည်းငယ်မျှပြုလုပ်ခြင်းဖြင့် ဦးနှောက်မှတ်ဥာဏ်အခြေခံ စွမ်းရည်တွေကို တိုးတက်စေတယ်လို့ စူးစမ်းသူတွေ အသစ်လေ့လာတွေ့ရှိရပါတယ်။

 “ အလုပ်လုပ်တဲ့ စွမ်းရည်တိုးတက်လာမှုဟာ ကျွန်မတို့ဘ၀ရဲ့နေရာတော်တော်များများမှာ အကျိုးရှိစေပါတယ်။” လို့ University of North Florida မှ တွဲဖက်ပါမောက္ခ Tracy Alloway က သတင်းစာမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။

လေ့လာသူတွေဟာ အသက် ၁၈နှစ်နဲ့ ၅၉ နှစ်ကြား လူတွေကို ခေါ်ယူလေ့လာခဲ့ပါတယ်။ သူတို့ရဲ့အလုပ်လုပ်နိုင်မှု မှတ်ဥာဏ်ကို စစ်ဆေးပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်စေခဲ့ပါတယ်။ သစ်ပင်တက်ခြင်း၊ လမ်းလျှောက်ခြင်း၊ တွားသွားခြင်း၊ ခြေဗလာဖြင့်ပြေးခြင်းစတာတွေကို ပြုလုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။

၂နာရီကြာ စမ်းသပ်ပြီးတဲ့နောက်မှာ ပါဝင်သူတွေရဲ့ အလုပ်လုပ်နိုင်မှု မှတ်ဥာဏ်တွေကို ထပ်မံစစ်ဆေးကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို တွေ့ရှိရပါတယ်။

လေ့လာသူတွေဟာ အခြားအဖွဲ့၂ဖွဲ့ကိုလည်း လေ့လာခဲ့ပါတယ်။ တစ်ဖွဲ့ကတော့ ကောလိပ်မှာ သတင်းအချက်အလက်အသစ်တွေကို လေ့လာသင်ယူနေသူတွေဖြစ်ပြီး နောက်တစ်ဖွဲ့ကတော့ ယောဂသင်တန်းသားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့လှုပ်ရှားမှုတွေဟာ တိုးတက်မှုတစ်စုံတစ်ရာမရှိတာကို တွေ့ရပါသတဲ့။

 “ ဒီသုတေသနအရ ကိုယ်လက်လှုပ်ရှားမှုတွေဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်သာမက ဦးနှောက်ကိုလည်း လေ့ကျင့်မှုတွေပြုလုပ်နိုင်ကြောင်း သိရှိရပါတယ်။ ဒါဟာ ကလေးတွေရော လူကြီးတွေအတွက်ပါ အသုံးဝင်ပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေကို အချိန်ခဏပေးပြီး လုပ်ခြင်းဖြင့် အလုပ်လုပ်နိုင်မှု မှတ်ဥာဏ်တွေကို ပိုမိုတိုးတက်စေပြီး စာသင်ကြားခြင်းနှင့် အစည်းအဝေးတက်ခြင်းများတွင် ပိုမိုကောင်းမွန်တက်ကြွစွာ သင်ကြားဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

( Michelle )
#health.thithtoolwin.com

ငယ်ရွယ်စဉ်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ အမျိုးသမီးတွေ ကင်ဆာကြောင့် သေဆုံးနိုင်ချေနည်း






ဆယ်ကျော်သက် အမျိုးသမီး ငယ်လေးတွေအနေနဲ့ ဆယ်ကျော်သက်အရွယ်မှာကတည်းက လေ့ကျင့်ခန်း နဲ့ အားကစား ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် လူလတ်ပိုင်းအရွယ်ရောက်တဲ့အခါမှာ ကင်ဆာရောဂါ ကြောင့် သေဆုံးနိုင်ချေ နည်းပါးလာနိုင်တယ်ဆိုတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီလေ့လာတွေ့ရှိမှုကတော့ ကလေးဘ၀ လှုပ်ရှားမှုတွေဟာ ဘ၀ရဲ့ နောက်ပိုင်းအချိန်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတဲ့ အကြောင်းအရာ အောက် က တွေ့ရှိမှုတွေပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်ဘ၀မှာကတည်းက တစ်ပတ်ကို တစ်နာရီနဲ့ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းလုပ်ပေးသူတွေဟာ အသက် ၄၀ ကနေ ၇၀ အတွင်းရောက်လာတဲ့အခါမှာ ကင်ဆာရောဂါ ကြောင့်သေဆုံးနိုင်ချေ ကို ၁၆ ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်ဆိုတာကို ထိုသုတေသန က အဖြေထုတ်ပေးခဲ့ပါတယ်။ နှလုံးရောဂါ အပါအ၀င် အခြား သေဆုံးနိုင်သောရောဂါတွေကနေ သေဆုံးနိုင်ချေကိုလည်း ၁၅ ရာခိုင်နှုန်း အထိ လျှော့ချပေးပါတယ်။

အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု ဌာန က သတ်မှတ်ပေးထားတဲ့ အချိန်စာရင်းအရတော့ အရွယ်ရောက်ပြီးသူတွေဟာ တစ်ပတ်ကို ၂ နာရီ ခွဲခန့် လေ့ကျင့်ခန်းလုပ်ပေးသင့်တယ်လို့ဆိုပါတယ်။ သူတို့ ပြောကြားခဲ့တာကတော့ အသက် ၅ နှစ်ကနေ ၁၈ နှစ်ကြားမှာ ရှိတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေဟာ ပိုပြီး လှုပ်ရှားမှု လုပ်ပေးသင့်ပါတယ်။

ဒီ သုတေသန အသစ်ကိုတော့ အမေရိကန်ပြည်ထောင်စု ၊ Vanderbilt တက္ကသိုလ်မှာရှိတဲ့ ကျွမ်းကျင်သူတွေက ဦးဆောင်ပြီး ဆယ်ကျော်သက်အရွယ်လှုပ်ရှားမှုတွေရဲ့ သက်ကြီးပိုင်းဘ၀ ကျန်းမာရေး အပေါ် သက်ရောက်မှုတွေ အဖြစ်  လေ့လာခဲ့ကြတာဖြစ်ပါတယ်။ သုတေသီတွေဟာ အသက် ၄၀ ကနေ ၇၀ ကြားမှာ ရှိတဲ့ တရုတ်အမျိုးသမီး ၇၅၀၀၀ ကို သူတို့ရဲ့ ဆယ်ကျော်သက် ဘ၀ မှာ လုပ်ခဲ့တဲ့ လေ့ကျင့်ခန်း တွေအကြောင်းမေးမြန်းခဲ့ပြီး ၁၃ နှစ်ခန့် စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုအခါမှာ အသက် ၁၃ နှစ်ကနေ ၁၉ နှစ် အရွယ်တွေအတွင်းမှာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ အသက် ၄၀ ကနေ ၆၀ အတွင်း သေဆုံးခြင်းနည်းပါးခဲ့ကြပါတယ် ။ အထူးသဖြင့် ကင်ဆာ ရောဂါ ကြောင့် သေဆုံးမှု အထူးပင်နည်းပါးခဲ့ပါတယ်။ အရွယ်ရောက်ပြီးချိန်တွေမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခဲ့သူတွေဟာ သက်လတ်ပိုင်းအရွယ်မှာ သေဆုံးဖို့ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေနည်းပါးနေခဲ့တာကိုလည်း တွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)

မိုဘိုင်းလ်ဖုန်းတွေဟာ ကင်ဆာ နဲ့ ဦးနှောက်ရောဂါ အချို့ကို ဖြစ်ပေါ်စေနိုင်






မိုဘိုင်းလ် ဖုန်းတွေဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ် အရှိဆုံး အရာ တစ်ခု ဖြစ်ကြောင်းကို သုတေသန အသစ်တစ်ခုက အခိုင်အမာ ဖော်ပြလိုက်ပါတယ်။

စမတ်ဖုန်း တို့ ၊ တတ်ဘလတ် တို့လို ကြိုးမဲ့ ကိရိယာတွေက ထုတ်လွှင့်တဲ့ ရေဒီယို လှိုင်းတွေဟာ ကျန်းမာရေး ပြသနာ အမြောက်အများကို ဖြစ်ပေါ်စေနိုင်ပြီး ကင်ဆာရောဂါကစပြီး ဦးနှောက်ရောဂါ တွေဖြစ်ကြတဲ့ Parkinson's နဲ့ Alzheimer's ရောဂါတွေကို ချိတ်ဆက် ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆိုပါတယ်။

သုတေသီတွေ က ဒါကို ဘာကြောင့် အခိုင်အမာဆိုခဲ့ကြရလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ အောက်ဆီဒေးတစ်ဗစ် စိတ်ဖိစီးမှု လို့ ခေါ်ပါတယ်။ အောက်ဆီဒေးတစ်ဗစ် စိတ်ဖိစီးမှုဟာ ထိခိုက်မှု တွေရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး မဖွံဖြိုးခြင်း ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ထိုလေ့လာမှု အသစ်ဟာ သက်ရှိ ဆဲလ်တွေမှာ တွေ့ရတဲ့ ရေဒီယိုကြိမ်နှုန်းရဲ့ သက်ရောက်မှု အချက်အလက်တွေ ကို ပြန်လည် သုံးသပ်ထားတာပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ဒါဟာ မိုဘိုင်းလ်ဖုန်းတွေက လူတစ်ယောက်ရဲ့ DNA ကို ဘယ်လောက် ထိခိုက်စေနိုင်သလဲဆိုတဲ့ သုံးသပ်ချက်မျိုးပဲ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံက သိပ္ပံပညာ အကယ်ဒမီ က ဆရာဝန် ဒေါက်တာ Igor Yakymenhko ကတော့ အောက်ဆီဒေးတစ်ဗ် စိတ်ဖိစီးမှု ဆိတဲ့ ရေဒီယိုကြိမ်နှုန်းတွေဟာ ကြိုးမဲ့ကိရိယာ တွေနဲ့ ကင်ဆာရောဂါ ကြားက ချိတ်ဆက်မှုတွေကို ရှင်းပြနိုင်ခဲ့ပါတယ်။ ထို ရေဒီိယို ကြိမ်နှုန်းတွေကို ကြာရှည်ထိတွေ့လာရတဲ့အခါမှာ ခေါင်းကိုက်ခြင်း ၊ မေပန်းနွမ်းနယ်ခြင်း နဲ့ အရေပြား ယားယံ ခြင်းတို့ကို ခံစားလာရနိုင်ပါတယ်။

ဒေါက်တာ Igor ရှင်းပြခဲ့တာကတော့ အောက်စီဂျင်မှာပါဝင်တဲ့ မော်လီကျူး တစ်ချို့ကြောင့်ဖြစ်ပါတယ်တဲ့။ ထို မော်လီကျူးတွေဟာ ဆဲလ်များ အချက်ပြခြင်းနဲ့ အပူချိန်လိုမျိုး အတွင်းပိုင်းအခြေအနေတွေကို ထိန်းချုပ်တဲ့အပိုင်းတွေမှာ အဓိက နေရာက လုပ်ဆောင်ရပါတယ်။ ထိုမောလီကျူးတွေ အဆမတန် များပြားလာတဲ့အခါမှာတော့ ဆဲလ်တည်ဆောက်ထားပုံတွေကို ထိခိုက်မှုတွေဖြစ်စေပြီး ဒါကို အောက်ဆီဒေးတစ်ဗ် စိတ်ဖိစီးမှု လို့ ခေါ်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အောက်ဆီဒေးတစ်ဗ် စိတ်ဖိစီးမှု တွေဟာ ခေါင်းကိုက်ခြင်းကစပြီး Parkinson နဲ့ Alzheimer ရောဂါတွေအပြင် ကင်ဆာရောဂါ တွေကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် မိုဘိုင်းလ်ဖုန်းတွေက ကင်ဆာရောဂါ အထိ ဖြစ်ပေါ်စေနိုင်တယ်လို့ သုတေသီတွေက ဆိုကြတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

ရေကြီးရေလျှံခြင်းကြောင့် အဖြစ်များသော ကျန်းမာရေး ပြဿနာများ





 အရေပြားမှာ အပေါ်ယံပြတ်ရှဒဏ်ရာတွေ၊ ပွန်းပဲဒဏ်ရာတွေ ဒါမှမဟုတ် အင်းဆက်အကိုက်ခံထားရတဲ့ နေရာတွေမှတဆင့် အရေပြားနဲ့ တစ်သျှူးရောဂါပိုးကူးစက်မှု၊

ထိခိုက်ဒဏ်ရာမှ တဆင့်အတွင်းပိုင်းက တစ်သျှူးနက်ရှိုင်းတဲ့ နေရာအထိရောဂါ ပိုးဝင်ခြင်း၊

ရေလျှံခြင်းကြောင့် မသန့်ရှင်းတဲ့ ရေနဲ့ ထိတွေ့မိထားတဲ့ အစာနဲ့ ရေကို စားသောက်မိတဲ့အခါ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊
ကာကွယ်မှု

ရေကြီးရေလျှံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့အတွက် အခြေခံကတော့ သန့်ရှင်းရေးပါပဲ။

ရေကြီးရေလျှံရာမှ ရေတွေနဲ့ ထိတွေ့မိထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီးနောက်တဲ့ အစာမစားခင် လက်ကို ဆပ်ပြာနဲ့ သန့်စင်တဲ့ရေသုံးပြီး စင်ကြယ်စွာ ဆေးကြောပါ။

မသန့်ရှင်းတဲ့ရေတွေကို မသောက်ပါနဲ့။ သန့်ရှင်းတဲ့ ရေသန့်ဗူးမရနိုင်ရင် ရေကို ကြိုချက်သောက်သုံးပါ။

ရေကြီးရေလျှံရာမှ ရေတွေနဲ့ ထိတွေ့ထားတဲ့ စားစရာဘူးတွေက မလုံရင်ကွဲအက်ရာတွေရှိရင် လုံးဝမစားပါနဲ့။ လွှင့်ပစ်လိုက်ပါ။

စည်သွတ်ဘူးတွေကိုတော့ လုံရင်ပြန်လည်သန့်စင်ပြီး အသုံးပြုနိုင်ပါတယ်။ အညွှန်းစာရွက်ကို ဖယ်ပြီးဘူးကို ဆပ်ပြာနဲ့ ရေပူပူနဲ့ လောင်းပြီး ဆေးကြောပါ။

မသန့်ရှင်းတဲ့ရေတွေနဲ့ ထိတွေ့ထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ သေသေချာချာဆေးကြောပြီးရင်တောင် အစိမ်းတော့ မစားသင့်ပါဘူး။

ရေလျှံနေတဲ့ ရေတွေနဲ့ ကြာရှည်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။

ဖြစ်နိုင်ရင်တော့ အကာအကွယ်ဘွတ်ဖိနပ်တို့၊ လက်အိတ်တွေ ဝတ်ဆင်ပါ။

ရေကြီးရေလျှံနေတဲ့ ရေတွေကို ဖြတ်လျှောက်ခဲ့ရရင် သန့်ရှင်းတဲ့ရေနဲ့ တတ်နိုင်သမျှ မြန်မြန်ပြန်လည် ဆေးကြောသန့်စင်ပါ။

မသန့်ရှင်းရေတွေနဲ့ ထိတွေ့ခဲ့ရတဲ့ အဝတ်အစားတွေကို သေချာလျှော်ဖွပ်ပါ ။

ရေလျှံတတ်တဲ့ မိုးရာသီမှာ အရေပြား ထိခိုက်ပွန်းပဲ့တာတွေနဲ့ အင်းဆက်အကိုက်ခံရတာတွေ မဖြစ်အောင် အထူးသတိထားပါ။

ကိုယ်ခံအားကောင်းနေအောင် မျှတတဲ့ အစားအာဟာရတွေကို စားသုံးပြီး အိပ်ရေးဝအောင် အိပ်ပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

ဘီစကွတ်နဲ့ ကိတ်မုန့်တွေဟာ စိတ်ခံစားမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်






ကျွန်ုပ်တို့ အားလုံး ယုံကြည်ထားကြတာက ကွတ်ကီး ဟာ ကျွန်ုပ်တို့ အတွက် ကောင်းတယ်ဆိုတာပါပဲ။ ဒါပေမယ့် သုတေသန အသစ်တစ်ခုက ပြသခဲ့တာကတော့ ဘီစကွတ် နဲ့ ကိတ်မုန့်တွေဟာ ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှု တွေကို တစ်ကယ်ကြီး အနှောင့်အယှက်ပေးနိုင်တယ်ဆိုတာပါပဲ။
ကောင်းမွန်စွာ ဖုတ်ထားတဲ့ မုန့်တွေ ၊ ကိတ်တွေ ၊ ကွတ်ကီး တွေမှာ ပါဝင်တဲ့ Fatty အက်ဆစ် ဟာ ကျွန်ုပ်တို့ရဲ့ ခံစားမှုတွေ ပုံမှန်လည်ပတ် နေတာကို ပြောင်းလဲလိုက်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
လူအယောက် ၅၀၀၀ ကို လေ့လာစစ်တမ်းကောက်ယူ ကြည့်ခဲ့တဲ့အခါမှာ အဲဒီ Fatty အက်ဆစ် ကို များများ စားသုံးသူတွေဟာ သတိနည်း ကြပြီး စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တာကို တွေ့ခဲ့ရပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သတိမပြုမိကြပဲ ၊  ခံစားမှုတွေကို လည်း ပြတ်သားစွာ နားမလည်ကြသလို သူတို့ရဲ့ စိတ်ကို ပုံမှန်လည်ပတ်နိုင်စွမ်း မရှိကြဘူးလို့ Yahoo ကျန်းမာရေးဌာနက တင်ပြထားပါတယ်။
ဒါပေမယ့် သူတို့တွေ Fatty အက်ဆစ် စားသုံးမှု လျှော့ချလိုက်တဲ့အခါမှာတော့ သူတို့ဟာ စိတ်ကို ပုံမှန်အတိုင်း ထိန်းချုပ်နိုင်စွမ်းရှိလာကြတာကို သုတေသီတွေက သိခဲ့ကြပါတယ်။
ထိုလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ San Diego ပြည်နယ် တက္ကသိုလ် က အစာဗေဒ ကျွမ်းကျင်သူ Megan Holt ကတော့ သူမအနေနဲ့ Fatty အက်ဆစ် နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကြားက ဆက်စပ်နေမှု တွေကို ထပ်မံ သုတေသန ပြုလုပ် လေ့လာသွားဦးမယ်လို့ ဆိုပါတယ်။
ထို Fatty အက်ဆစ်ကို အသားနဲ့ နို့ထွက် ပစ္စည်းတွေမှာလည်း တွေ့ရတတ်ပြီး ဘီစကွတ် နဲ့ ကိတ်မုန့်တွေမှာလည်း ထည့်သွင်းပြုလုပ်ကြပါတယ်။ များသောအားဖြင့် အစားအစာ တွေ ကြာရှည်ခံစေဖို့ လည်း အသုံးပြုကြပါတယ်။
အရင်တစ်ခေါက်က ပြုလုပ်ခဲ့တဲ့ သုတေသန အရလည်း Fatty အက်ဆစ် စားသုံးမှု များသူတွေဟာ ဒေါသထွက်လွယ် ၊ စိတ်တိုလွယ် ကြပါတယ်။
( Mario )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

ဆေးလိပ်သောက်သုံးသူများ ရင်သားကင်ဆာဖြစ်ပွားပါက သေဆုံးနိုင်ခြေ ပိုမြင့်




 မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနတစ်ခုအရ ရေရှည်ဆေးလိပ်သောက်သုံးသူများမှာ ရင်သားကင်ဆာဖြစ်ပွားသည့်အခါ သေဆုံးနိုင်ခြေ ပိုမိုမြင့်မားသည်ဟုဆိုပြီး ဆေးလိပ်အန္တရာယ်ကို မီးမောင်းထိုးပြသည့် အချက်အလက်သစ်တစ်ခု ဖြစ်ခဲ့သည်။ လေ့လာမှုတွင် ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီး ၈၀၀ ကျော်အနက် ဆယ်စုနှစ် ၂ ခုကျော် ဆေးလိပ်သောက်သုံးသူများမှာ ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက အဓိကအားဖြင့် ရင်သားကင်ဆာနှင့် အခြားအကြောင်းများကြောင့် သေဆုံးနိုင်ခြေ အနည်းဆုံး ၃ ဆပိုများသည်ကို တွေ့ခဲ့ရသည်။ အခြားလေ့လာမှုများမှာ ရင်သားကင်ဆာဝေဒနာရှင်များကြား အသက်ရှင်မှုနှင့် ဆေးလိပ်သောက်သုံးမှု ဆက်စပ်ပုံကို လေ့လာခြင်းဖြစ်ပြီး ယခုသုတေသနမှာ ဆေးလိပ်သောက်သုံးသည့် ကြာမြင့်ချိန်က ရင်သားကင်ဆာအပေါ် သက်ရောက်ပုံကို လေ့လာခြင်းဖြစ်သည်ဟု ဂျပန် နိုင်ငံ မီယာဂီကင်ဆာစင်တာဆေးရုံမှ ဒေါက်တာမာဆာအာကီ ကာဝါအီက ပြောကြားသည်။

ကမ္ဘာပေါ်တွင် ရင်သားကင်ဆာမှာ အမျိုးသမီးများတွင် အဖြစ်အများ ဆုံးကင်ဆာတစ်မျိုးဖြစ်သည်။ အမျိုးသမီး ၉ ဦးလျှင် ၁ ဦးနှုန်း ဖြစ်ပွားနိုင်ပြီး အသက်အရွယ်ကြီးလာချိန်တွင် ဖြစ်ပွားနိုင်ခြေ ပိုမြင့်လာသည်။ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်း အရက်သောက်ခြင်းနှင့် အပျိုဖော်ဝင်ချိန် စောခြင်းတို့ကလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားစေသည့်အချက် များဖြစ်သည်။ ယခုလေ့လာမှုတွင် ကာဝါအီနှင့်အဖွဲ့က မီယာဂီကင်ဆာစင်တာ၌ ၁၉၉၇ မှ ၂၀၀၇ အတွင်း ကုသမှုခံယူခဲ့သူ အမျိုးသမီး ၈၄၈ ဦး အား လေ့လာခဲ့ခြင်းဖြစ်သည်။ လက်ရှိဆေးလိပ်သောက်သုံးနေသူ အမျိုးသမီးများမှာ ရင်သားကင်ဆာကြောင့် ကုသမှုစတင်ခံယူစဉ် အသက်ပိုငယ်ကြပြီး ပျမ်းမျှ ၄၉ နှစ်ဖြစ်သည်။ ယခင်က ဆေးလိပ်သောက်သုံးခဲ့သူများမှာ စတင်ကုသမှုခံယူစဉ် ပျမ်းမျှအသက် ၅၃ နှစ်ရှိပြီး ဆေးလိပ်မသောက်သူများမှာ ၅၈ နှစ်ဖြစ်သည်။ လေ့လာမှုတွင် ပါဝင်သူများအား အနည်းဆုံး ၇ နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ၎င်းတို့ထဲ မှ ၁၃၂ ဦး ရင်သားကင်ဆာကြောင့် သေဆုံးခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

ကော်ဖီသောက်သုံးသူများ သွေးချိုဖြစ်နိုင်ခြေလျော့နည်း




 ကော်ဖီသောက်သုံးသူများသည် ကော်ဖီမသောက်သူများနှင့် နှိုင်းယှဉ်ပါက ပုံစံ ၂ သွေးချိုရောဂါဖြစ်ပွား နိုင်ချေ ထက်ဝက်လျော့နည်းသည်ဟု ကာလရှည်သုတေသန ရလဒ်တစ်ခုတွင်ဖော်ပြပြီး ရောင်ရမ်းမှုလျော့ကျစေသော ကော်ဖီ၏အာနိသင်ကြောင့်ဖြစ် ဖွယ်ရှိသည်ဟု သုတေသနပညာရှင် များကယူဆထားကြသည်။ လေ့လာမှုတွင် ပညာရှင်များသည် ၂၀၀၁ နှင့် ၂၀၀၂ တို့၌ အေသင်မြို့မှ အသက် ၁၀ နှစ်အထက် အမျိုးသား၊ အမျိုးသမီး ၁၃၀၀ ကျော်ကို ကျပန်းရွေးချယ်ကာ ကော်ဖီသောက်သုံးမှုပမာဏ အပါအဝင် စားသောက်မှုပုံစံအချက် အလက်များကို ရယူမှတ်သားခဲ့ကြ သည်။ တစ်ရက်လျှင် ကော်ဖီ ၁.၅ ခွက် သောက်သုံးသူများကို သာမန် သောက်သုံးသူများ၊ နေ့စဉ် ၁.၅ ခွက် အထက် သောက်သုံးသူများကို ပုံမှန်သောက်သုံးသူများဟု သတ်မှတ်ခဲ့ပြီး လေ့လာမှုတွင် သာမန်သောက်သုံးသူ ၈၁၆ ယောက်၊ ပုံမှန်သောက်သုံးသူ ၃၈၅ ယောက်နှင့် ကော်ဖီမသောက် သူ ၂၃၉ ယောက်တို့ပါဝင်ခဲ့သည်။ ၎င်းတို့အား သွေးစစ်ဆေးမှုပြုလုပ်ကာ ရောင်ရမ်းမှုဖြစ်စေသည့် ပရိုတိန်း ပမာဏကို လေ့လာခဲ့ကြသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းဆဲလ်များ ကို ထိခိုက်စေသော ဓာတ်ပစ္စည်းများ အား ဖယ်ရှားပေးသည့် အန်တီအောက် စီဒန့် ပမာဏကိုလည်း တိုင်းတာခဲ့ကြ သည်။

၁၀ နှစ်ကြာပြီးနောက် ၎င်းတို့ထဲ မှ ၁၉၁ ဦး သွေးချိုရောဂါဖြစ်ပွားခဲ့ပြီး အမျိုးသားများ၏ ၁၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၁၂ ရာခိုင်နှုန်းဖြစ်သည်။ ကော်ဖီသောက်သုံးမှုများသူများမှာ သွေးချိုရောဂါဖြစ်ပွားမှု လျော့ နည်းသည်ကိုတွေ့ခဲ့ရသည်။ ပုံမှန်ကော်ဖီသောက်သုံးသူများမှာ ကော်ဖီမသောက်သူများနှင့် နှိုင်းယှဉ်ပါက ၅၄ ရာခိုင်နှုန်းလျော့နည်းပြီး ထိုပမာ ဏမှာ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ မိသားစုတွင်း သွေးချိုရောဂါဖြစ်ပွားမှု၊ ကာဖင်းဓာတ်ပါသော အခြားအစားအစာများ စားသုံးမှု စသည်တို့ကိုပါ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်ဟု European Journal of Clinical Nutrition တွင် ဖော်ပြသည်။ ရောင်ရမ်းမှုကိုဖြစ်စေသော သွေးအတွင်းရှိ ဆီရမ်အမီလွိုက်ခေါ် ဓာတ်တစ်မျိုး၏ ပမာဏက ကော်ဖီနှင့်သွေးချို ရောဂါဆက်စပ်ပုံကို ရှင်းပြနိုင်မည်ဟု သုတေသနအဖွဲ့က ဆိုသည်။ ကော်ဖီသောက်သုံးမှုများပြားပါက အမီလွိုက် ပမာဏကျဆင်းသွားတတ်သည်။

ယခုတွေ့ရှိမှုက ၂၀၁၃ တွင်ပြု လုပ်ခဲ့သည့် လူ ၈၃၆ ဦးပါ သီးခြားသုတေသနတစ်ခု၏ရလဒ်ကို ထောက်ခံပေးသည်။ အချို့သောသုတေသနများအရ ကော်ဖီနှင့် သွေးချိုဆက်စပ် မှုမှာ အမျိုးသမီးများနှင့် ဆေးလိပ်မသောက်သူများတွင် ပိုမိုသိသာသည်ဟု တရုတ်နိုင်ငံ၊ ကျင်ဒေါင်ဆေး တက္ကသိုလ်မှ ဒေါင်ဖန်ဇန်ကဆိုသည်။ “ကော်ဖီက သွေးချိုကို ကာကွယ်ပေး နိုင်လားဆိုတာ မသေချာသေးပေမယ့် လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းတာက ပိုပြီးထိရောက် မှုရှိတယ်ဆိုတာ သေချာပါတယ်” ဟု သုတေသနပညာရှင်တစ်ဦးက ရိုက်တာသို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

ကျောက်ကပ်အတွက် ဆေးတစ်ခွက်




 မြန်မာနိုင်ငံတွင် တိုင်းရင်းဆေး အဖြစ်အသုံးပြုနိုင်သော သစ်သီးဝလံများ ပေါများစွာရှိနေသည်။ လူတို့သည် တန်ဖိုးနည်းသောဆေးနည်းဆိုလျှင် အထင်သေးစွာသုံးစွဲရမှာ အလွန်ဝန်လေးတတ်ကြသည်။ ထို့ကြောင့် ဤဆောင်းပါးဖြင့် ကိုယ်တွေ့ကြုံခဲ့ရသော ဆေးနည်းတစ်ခုကို ရေးသား ဖော်ပြရခြင်းဖြစ်သည်။

ကျွန်မတို့ နေ့စဉ်စားသုံးနေသော အသီးအနှံများထဲမှ ကျောက်ဖရုံသီး၏ အကျိုးအာနိသင်ကို ဖော်ပြပေးချင်သည်။ ကျွန်မ၏ခင်ပွန်းသည် ကျောက်ကပ်ရောဂါကို ပြင်းထန်စွာခံစားခဲ့ရသည်။ ဆေးခန်းပေါင်းများစွာကို
 ပြသခဲ့သော်လည်း ဆေးထိုးစဉ် ခဏသာသက်သာခဲ့သည်။ တစ်နေ့ ကျွန်မ၏မိတ်ဆွေက အမျိုးသားခံစားနေရသောရောဂါအကြောင်း စကား စပ်ပြောမိရာ ကျောက်ကပ်ရောဂါနှင့် ပတ်သက်လျှင် ကျောက်ဖရုံသီးဖြင့် အမြစ်ပြတ်နိုင်ကြောင်း အကြံÓဏ်ပေးသောကြောင့် ကျောက်ဖရုံသီးကို ဂျစ်ဖြင့်ခြစ်ကာ ဆားအနည်းငယ်၊ သကြားသင့်တော်ရုံထည့်၍ ဖျော်ရည် အဖြစ်ပြုလုပ်ပြီး နေ့စဉ်နံနက်တစ်ခွက် ညတစ်ခွက် အမြဲသောက်သုံး ပေးသောကြောင့် မခံမရပ်နိုင်အောင်ခံစားနေရသော ဝေဒနာသည် နှစ်ပတ် ခန့်အကြာတွင် ယူပစ်သလို သက်သာပျောက်ကင်းသွားသည်ကို လက်တွေ့ ကြုံခဲ့ရသည်။ ကျောက်ဖရုံသီးသည် ကျောက်ကပ်ရောဂါသာမက ဆီးလမ်း ကြောင်းတွင် ကျောက်တည်ခြင်းများကိုလည်း ပျောက်ကင်းစေကြောင်း သိခဲ့ရသည်။

ဆီးလမ်းကြောင်းတွင် ပိတ်ဆို့ နေသော ကျောက်များကိုပင် အရည်ပျော်စေသည်မှာ အမျိုး သားကြောင့် လက်တွေ့ကြုံခဲ့ ဖူးပါသည်။ ထို့ကြောင့် ဆီးနှင့် ပတ်သက်သော ရောဂါများတွင် လည်း ကျောက်ဖရုံသီးကို လိုအပ် သလို စားသုံးပေးခြင်းဖြင့် ငွေကုန် သက်သာ လူမပင်ပန်းဘဲ ရောဂါ ပျောက်ကင်းစေသည်။ ထို့ကြောင့် မြန်မာ့စိုက်ပျိုးရေးမှ ထွက်သော သီးနှံများသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစား အစာများဖြစ်သလို အလွန်အသုံး ဝင်သော ဆေးစွမ်းကောင်းများ လည်းဖြစ်သည်။ ကျောက်ဖရုံသီးကို ကြော်ချက်၍လည်းကောင်း၊ ဟင်းချိုအဖြစ်လည်းကောင်း နှစ်သက်သလို ချက်ပြုတ်၍လည်း စားသုံး နိုင်သည်။ ထို့အပြင် ကျောက်ဖရုံသီးအနုကိုလည်း တို့စရာအဖြစ် စားသုံး နိုင်သည်။ ဝေဒနာခံစားရသောရောဂါအတွက် ငွေကုန်ကြေးကျသက်သာသည့်
 ဆေးကောင်းတစ်လက်ပင်ဖြစ်သည်။

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဟူသော စကားနှင့်အညီ မြန်မာနိုင်ငံတွင် ပေါက်ရောက်နေသော အပင်များသည် တိုင်းရင်းဆေးအဖြစ် အသုံးဝင်လျက် ရှိသည်ကို အသိနည်းနေသေးသည်။ နိုင်ငံခြားဆေးများကိုသာ အလေးထား သုံးစွဲနေခြင်းကြောင့် ဘေးထွက်ဆိုးကျိုးတို့ကို တောရွာများသာမက မြို့ပေါ် ၌ပင် ခံစားနေရခြင်းဖြစ်သည်။ နိုင်ငံခြားမှတင်သွင်းသော ပဋိဇီဝဆေးများ သည် အခန့်မသင့်လျှင် ဆိုးကျိုးများဖြစ်ပေါ်စေပြီး အထူးသဖြင့် ကျေးလက် ဒေသနှင့်တောင်ပေါ်ဒေသတို့တွင် ကျွမ်းကျင်ဆရာ ဆရာမများ ရှားပါးနေ ခြင်းကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဟူသောစကားကို မေ့လျော့ လျက် ဆိုးကျိုးအချို့ကို ကြုံတွေ့နေရခြင်းဖြစ်သည်။ ကျောက်ကပ်ဝေဒနာ သည် လွန်စွာခံရခက်သော ဝေဒနာဖြစ်ကြောင်း ခံစားရဖူးသူတိုင်း သိရှိပြီး ဖြစ်သည်။ ယောက်ျားတွင် ဆီး၊ မိန်းမတွင် မီးဟူသော စကားနှင့်အညီ အမျိုးသမီးများအတွက် မီးယပ်ရောဂါသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရ သကဲ့သို့ အမျိုးသားများအတွက် ကျောက်ကပ်ရောဂါသည်လည်း ဆိုးရွားစွာ ခံစားရကာ အသက်အန္တရာယ်နှင့် နီးစပ်ကြောင်း ဝေဒနာခံစားရဖူးသူတိုင်း သိရှိပြီးဖြစ်သည်။

ကျောက်ဖရုံသီးတစ်လုံးလုံးသာမက အရွက်၊ အမြစ်ပါ ကျောက်ကပ် ရောဂါအတွက် အသုံးဝင်နေပါကြောင်းကို အသုံးပြုနိုင်ရန် စာဖတ်သူတို့ထံ တင်ပြအပ်ပါသည်။

ခင်မေတ္တာ(မြန်မာစာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Related Posts Plugin for WordPress, Blogger...