လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)
Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

August 11, 2015

မိမိတို့ဖုန်း သွက်လက်မြန်ဆန်စေရန်လုပ်ဆောင်ချက်လေးများ


မင်္ဂလာပါ.... ကျွန်တော် သည်တခါရေးဖြစ်တာလေးကတော့  ဖုန်းကိုင်ဆောင်သူတိုင်းအတွက် သိသင့်တဲ့ နည်းလမ်းလေး တစ်ရပ်ဖြစ်ပါတယ်.. ဒါလေးကတော့ မိမိတို့ ဖုန်းမှာ ဟမ်းတတ်တာ  လေးနေတာ အားကုန်မြန်စေတာ...တွေကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်.. သည်နည်းလမ်းလေး ကို လုပ်ခြင်းအားဖြင့် မူလကထက်တော့ သိသိသာသာ မြန်ဆန် လာမယ်.. အားကုန်သက်သာလာမယ် ဆိုတာတော့ ပြောနိုင်ပါတယ်.. သည်တော့ စမ်းသတ် လုပ်ဆောင်ကြည့်လိုက်ပါနော်.. ဘာမှ ခက်ခဲတဲ့ နည်းလမ်း တခုမှ မပါတာမို့ လူဆိုင်းသဘောက်ပေါက် နားလည် အောင် အသေးစိတ် ရှင်းပြထားပါတယ်..
နည်းလမ်းလေးတွေကတော့... 
(၁)     မိမိတို့ ဖုန်းရဲ့ Storge မှာရှိတဲ့ မလိုအပ်တဲ့ အပို ဖိုင်တွေ အမှိုက် တွေကို        
          ထုတ်ပယ်ခြင်း။
(၂)      မိမိတို့ ဖုန်းမှာ သွင်းထားတဲ့ Apk တွေကို  SD Card ကိုပြောင်းရွှေ့ပေးစေခြင်း။
(၃)      မိမိတို့ ဖုန်းထဲက အသုံးမပြု လိုတဲ့ Apk တွေကို  ပိတ်ထားပေးခြင်း။
စတဲ့ အချက်လက်လေးတွေကို ပြသပေးထားပါတယ်..နော် အောက်မှာလေ့လာလိုက်ပါ။
 မိမိတို့ ဖုန်းရဲ့ Storge မှာရှိတဲ့ မလိုအပ်တဲ့ အပို ဖိုင်တွေ အမှိုက် တွေကို ထုတ်ပယ်ခြင်း
 မိမိတို့ ဖုန်း  Setting ကနေ အောက်ကပုံမှာပြထားတဲ့ တိုင်း Storge ဆိုတဲကနေရာအရောက်သွားလိုက်ပါ.. ရောက်တာနဲ့ ကလစ် ဖွင့်ပေးလိုက်ပါနော်.. အဲမှာ ရှင်းသင့်တဲ့ ဖိုင် နဲ့ မရှင်းသင့်တာဆိုတာ တွေရှိမယ်.. အကုန်တော့ ၇မ်းမလ်ုပမိပါစေနဲ့နော်... အဓိက လုပ်ဆောင်ရမှာက ၂-နေရာထဲပါ.. ပထမ နေရာက.. Cached data ဆိုတာနဲ့  ဒုတိယကတော့ သူ့အောက်က Miscellaneous  files ဆိုတာဘဲဖြစ်ပါတယ်...ဒါလေးတွေကို ဘယ်လိုရှင်းမယ်ဆိုတာ ဆက်ကြည့်ပါ.။
ကဲပထမ ရှင်းသင့်တဲ့ အပေါ်က Caches data ဆိုတာရှင်းနည်းပါ....သူကတော့ လွယ်ကူပါတယ် ကလစ်လိုက်တာနဲ့ တက်လာတဲ့ ဘောက်လေးမှာ ok ပေးလိုက်တာပေါ့နော်.. ဒါဆို မိမိတို့ ထဲ့ Cached တွေလျော့ကျသွားတာတွေ့ရမှာဖြစ်ပါတယ်...
ဒုတိယ ရှင်းရမဲ့ ဖိုင်ကို ဖွင့်လိုက်ပါ.. ဖိုင်တွေ များကြီးတက်နေတာေ တွ့ရမှာ ဖြစ်ပါတယ်.. သည်နေရာမှ သတိထားရမှာပါ အဲ ဖိုင်တွေ အားလုံးတခုဆီလိုက်ကြည့်ပါ.. ရှေ့မှာ (.) ဆိုတာလေးပါတဲ့ ဟာတိုင်း အမှန်ပေးထားခဲ့လိုက်ပါ ဆုံးတဲ့ထိ ပေါ့  အိုကေပြီးတာနဲ့ အပေါ်က အမှိုက် ပုံးလေးကလစ်ပြီး ရှင်းလိုက်ပါ.. သည်အဆင့်မှာတော့ အဆင်ပြေပါပြီ...နော်....။
မိမိတို့ ဖုန်းမှာ သွင်းထားတဲ့ Apk တွေကို  SD Card ကိုပြောင်းရွှေ့ပေးစေခြင်း
ဒါကတော့ မိမိတို့ ဖုန်းမှာ အင်စတောလုပ်ထားတာတွေ အသုံးပြုထည့်သွင်းထားတဲ့ Apk တွေကို ဖုန်းမှာချည်း ထားမယ်ဆို Ph Storge အတွက် အဆင်မပြေသလို ဖုန်းလည်းေ လးလံစေပါတယ်.. တကယ်လို့ ပြည့်နေမယ်ဆို နောက်ထပ် သွင်းမရတတ်တာလည်းဖြစ်လာပါမယ်.. သည်တော့  SD CARD ထဲကို ပြောင်းလိုက်ကြရအောင်....
Setting >> Application Manager ကိုသွားလိုက်ပါ... မိမိတို့ အသုံးပြု နေတဲ့ Apk တွေတွေ့ကြရမှာဖြစ်ပါတယ်.. တခုချင်းဆီကို ကလ်စလိုက်ပါ.. နောက် SD CARD ကိုချိန်းကြမယ်



တခုကိုကလစ်ပြီး ကြည့်ပါ အဲခါမှာ Move To Sd card ဆိုတာပေါ်နေမယ်ဆို ကလစ်ပြီး ချိန်းပေးလိုက်ပါနော်...
မိမိတို့ ဖုန်းထဲက အသုံးမပြု လိုတဲ့ Apk တွေကို  ပိတ်ထားပေးခြင်း
နောက်ဆုံး နည်းလမ်ကတော့  မိမိတို့ အသုံးမပြု တဲ့ Apk တွေကို ရပ်ဆိုင်းထားကြမယ်...ဆိုတဲ့နည်းလမ်းလေးပါ သည်နည်းကလည်း အပေါ်က နည်းတိုင်းဝင်ပါ.. ကိုယ် အသုံးမပြု ဘဲ ရှိနေတဲ့ apk တခုခုကို ရှာလိုက်ပါ ကလစ်ပါ.. အပေါ်ပုံ နံပါတ် (၈)ပုံတိုင်းပေါ့ Show Notification ဆိုတာကိုအမှန်ဖြစ် ဖြု တ်လိုက်ပါ... နောက်တဆင့်ကတော့ အပေါ်က FORCE STOP ဆိုတာကို ကလစ်ပြီး  အသုံးမပြု တဲ့ APK တွေကို ပိတ်ပေးထားလိုက်ပါ.. ဒါဆို ဖုန်းအလေးသက်သာစေသလို အားကုန်ခြင်းကိုလည်း သက်သာစေမှာဖြစ်ပါတယ်...
နောက်ထပ် လိုအပ်တာကတော့ ကျွန်တော် ထည့်သွင်းမရေးတော့ပါဘူုး ဖုန်းတိုင်း လူုတိုင်းလိုလို သိနေပြီးဖြစ်သလို အသုံးပြု နေတဲ့  Cleaner Apk (or) Virus Cleaner တခုခုပေါ့... ဒါကို လည်း မဖြစ်မနေ အသုံးပြု ပေးလိုက်ပါ... မိမိ နှစ်သက်ရာ တခုခုကို သုံးနိုင်ပါတယ်.. ဒါဆို မိမိတို့ ဖုန်းလေးဟာ ယခင်ကထက်တော့ ပိုမို မြန်ဆန် လာတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်....
အားလုံးအဆင်ပြေ ကြမယ်လို့ မျှော်လင့်ရင်းးးး
(မျှဝေသူ)

Mobiles Phone များကိုလုံခြုံစိတ်ချစေရန် လုပ်ဆောင်သင့်သောနည်းလမ်းများ



အားလုံး မင်္ဂလာပါဗျာ.  သည်တစ်ခါတော့ Mobile နည်းပညာနဲ့ပါတ်သက်လို့ တွေကရှိ မှတ်သားထားတာလေးကို ပြန်လည် ဝေမျှလိုပါတယ်... ကျွန်တော်တို့ ယနေ့ မျက်မှောက်ခေတ်တွင် အသုံးပြုသည့် User များ၏ လိုအပ်ချက်များပေါ် မူတည်၍ ယခင်နှစ်များထက် နည်းပညာပိုင်းဆိုင်ရာများ ပိုမို တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြရမှာဖြစ်ပါတယ်။ သည်လိုဘဲ တိုးတက်လာသည်နဲ့အမျှ Mobile Phone များကို အသုံးပြုမူ့များပြား လာသည်ကြတယ်   Hacker များသည် Cyber Crime ဆိုင်ရာလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အတွက်လည်း Mobile Phone များကို ပိုမိုစိတ်ဝင်စားလာကြပါတယ် ။ ဒါကြောင့်လည်း မိမိတို့ရဲ့  Mobile Phone များကိုလည်း လုံခြုံစိတ်ချစွာ အသုံးပြုရန်မှာ အရေးကြီးသော အကြောင်းအရာ တစ်ခု ဖြစ်လာမယ်လို့ မြင်မိပါတယ် ။ အဲသည်လိုဘဲ  လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အတွက် အသုံးပြုနေသော User များတွင် Mobile Phone နှင့်ပတ်သက်သော အသိပညာ ဗဟုသုတ များရှိနေရန် လိုအပ်ပါတယ် ဒါကလည်း အရေးပါတဲ့ အချက်တခုပါဘဲ။ Mobile Phone အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် လိုက်နာသင့်သော အချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်......။ ကျွန်တော် တို့ဘလော့ကာတွေ နည်းပညာလေ့လာသေူတွဆိုတာ ကိုယ်တိုင်ဖန်တီးတီထွင်နိုင်စွမ်းမရှိပေမယ့် တွေ့ရှိလေ့လာမိသမျှ နည်းပညာလေးတွေကိုတော့  အများသိစေရန် လေ့လာနိုင်စေရန် ဆိုတဲ့ စိတ်လေးနဲ့ သည်လိုဘဲ
ကောင်းနိုးရာရာလေးတွေကို ပြန်လည် ဝေမျှခံစားတတ်ကြပါတယ်.. ဒါကလည်း ကျွန်တော် ပြန်လည် ဝေမျှထားတဲ့ နည်းပညာတစ်ခုဆိုတာ ပြောခြင်ပါတယ်.. အောက်မှာ ဆက်လက် လေ့လာနိုင်ဖို့ အချက်လက်လေးတွေ စုစည်းထားပါတယ်။
၁။ လုံခြုံစိတ်ချရသော နေရာမှ Application ကိုသာ Install လုပ်ပါ။
Android Application များကို Install လုပ်ရာတွင် Google Play သည် လုံခြုံစိတ်ချရဆုံး နေရာ ဖြစ်ပါသည်။ ထို့ကြောင့် Application များကို Google Play Store ကဲ့သို့ လုံခြုံ စိတ်ချရသော နေရာမှသာ Install လုပ်သင့်ပါသည်။ အကယ်၍များ တခြားနေရာမှ Application ကို Install လုပ်မည် ဆိုလျှင် ထိုနေရာသည် မိမိ Mobile Phone အတွက် မည်မျှလုံခြုံမူ့ ရှိမည်ကို အရင်ဆုံး လေ့လာပြီးမှသာ Application ကို Install ပြုလုပ်သင့်ပါသည်။ ထို့အပြင် ၄င်း Application သည် User Review နှင့် Rating မည်မျှရှိသည် ကိုလည်း ထည့်သွင်း စဉ်းစားပြီး မှသာ Install ပြုလုပ်သင့်ပါသည်။

၂။ Application ကို Install မလုပ်ခင် Permission ကို စစ်ဆေးပါ။
Third-party Application Market များမှ Application ကို Install လုပ်သည့်အခါတွင် Permission လိုအပ်သည့်အတွက် Permission တောင်းလာလျှင် Install ပြုလုပ်မည့် Application နှင့် မသက်ဆိုင်သော Permission များဖြစ်နေလျှင် သေချာစွာ စဉ်းစားသင့်ပါသည်။ (ဥပမာအနေဖြင့်- မိမိ Install ပြုလုပ်မည့် Application သည် Wallpapaer ကဲ့သို့ Application ဖြစ်ပြီး Install ပြုလုပ်သည့် အချိန်တွင် SMS နှင့်ဆိုင်သော Permission ကိုပါ တောင်းလာသည် ဆိုလျှင် သေချာစွာ စဉ်းစားပြီးမှ သာ Permission ကိုပေးပြီး Install ပြုလုပ်သင့်ပါသည်။)

၃။ မိမိအသုံးပြုထားသော application များကို အမြဲ up-to-date ပြုလုပ်ပါ။
မိမိ Mobile phone တွင် အသုံးပြုထားသော Application များ အားလုံးကို Update ဖြစ်နေစေရန်လည်း အမြဲ အထူးဂရုပြုသင့်သည်။ ထိုကဲ့သို့ Update ဖြစ်နေသော Application ကိုသာ မိမိ Mobile Phone တွင် အသုံးပြုခြင်းဖြင့် အားနည်းချက်များကို အသုံးပြုပြီး အန္တရယ်ပေးနိုင်သော Attacker များ ရန်မှ ကာကွယ်နိုင်မည် ဖြစ်သည်။
၎။ Anti-Virus Software များကို install လုပ်ထားပါ။
မိမိ Mobile Phone ကို ကာကွယ်ရန်အတွက် Anti-Virus Software ကိုလည်း Install လုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ Anti-Virus Software များကို Install ပြုလုပ်ထားသည့် အတွက် မိမိ Mobile Phone ဆီသို့ ၀င်ရောက်လာနိုင်သည့် Virus များကို ကာကွယ် ပေးထားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၄င်း Anti-Virus Software သည်လည်း အမြဲ Update ဖြစ်နေရန် လိုအပ်ပါသည်။

၅။ မိမိ၏ Mobile phone ကို password (သို့) PIN ထားရှိပါ။
မိမိ၏ Mobile Phone တွင် အရေးကြီးသည့် အချက်အလက်များကို ကာကွယ်ရန် အတွက် Password (သို့) PIN ထားရှိသင့်ပါသည်။ Password ထားရှိရာတွင်လည်း မတူညီသော Program များအတွက် မတူညီသော Password ကိုသာ ထားရှိသင့်ပါသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သော အကြောင်းအရာများကို ရှောင်ဖယ်၍ Password ကို ၈လုံးထက်ပို၍ ထားရှိသင့်ပြီး ၄င်း Password ထဲတွင် နံပါတ်များ၊ အက္ခရာ အကြီးအသေး စာလုံးများ၊ Special Character များကို ထားရှိသင့်ပါသည်။ ထိုကဲ့သို့ ထားရှိသည့် အတွက် အခွင့်မရှိပဲ ယူငင် သုံးစွဲ ခြင်းများကို ကာကွယ် နိုင်မည် ဖြစ်ပါသည်။

၆။ မိမိ၏ Mobile phone ရှိ Data များကို Backup လုပ်ထားပါ။
Smartphone အများစုနှင့် Tablet များတွင် Data ကို အလွယ်တကူ Backup ပြုလုပ်နိုင်သည့် Feature ပါရှိပြီး ဖြစ်ပါသည်။ မိမိ Phone အတွင်းရှိ Data များသည် မတော်တဆ တခုခုကြောင့် ပျောက်ပျက်သွားသည် ဖြစ်စေ၊ မိမိ၏ Phone ပျောက်ဆုံးသွားလျှင် ဖြစ်စေ Data များကို Google Drive ကဲ့သို့ Cloud Service များတွင် Backup ပြုလုပ်ထားခြင်းဖြင့် မိမိ Phone အတွင်းရှိ Data များကို ပြန်လည် ရရှိစေနိုင်မည် ဖြစ်ပါသည်။

၇။Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Log Out ထွက်ရန် မမေ့ပါနှင့်။
Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Browser ကိုတန်းမပိတ်ပဲ Log Out ထွက်ပြီးမှသာ Browser ကိုပိတ်သင့်ပါသည်။

၈။ Wi-Fi, Location Service များနှင့် Bluetooth များကို အသုံးမပြုလျှင် ပိတ်ထားပါ။
မိမိ အသုံးပြုနေသော Public Wi-Fi connection သည် လုံခြုံမူ့ မရှိလျှင် မိမိ မသိရှိလိုက်ပဲ Attaker များမှ Phone အတွင်းရှိ မိမိ၏ အရေးကြီး အချက်အလက်များကို ရယူသွားနိုင်သည့်အတွက် အသုံးမပြုလျှင် Wi-Fi ကို ပိတ်ထားသင့်ပါသည်။

၉။ Personal Information များကို Phone ထဲတွင် မှတ်သားထားခြင်း ကိုမပြုလုပ်သင့်ပါ။
မိမိ၏ Phone ထဲတွင် Personal Information များကို မှတ်သားထားပါက ဖုန်းပျောက်ဆုံး သွားလျှင် မိမိ၏ အရေးကြီးသော အချက်အလက်များ (ဥပမာ- Password များ၊ Banking Information များ) အားလုံး ကို တခြားသူမှ ရရှိသွားနိုင်မည် ဖြစ်ပါသည်။

၁၀။ Redirect Link ကို အသုံးမပြုပဲ Original Website Link ကိုသာ အသုံးပြုပါ။
Social Media Page များ၊ Banking Website များ၊ Shopping Website များ ကို မိမိဖုန်းကို အသုံးပြု၍ ၀င်ရောက်မည် ဆိုလျှင် Redirect Link များသည် စိတ်ချ ယုံကြည်ရခြင်း မရှိသဖြင့်စိတ်ချယုံကြည်ရသော နဂိုမူရင်း Original Website ကိုသာ သွားရောက် အသုံးပြု သင့်ပါသည်။ အထက်ပါ အချက်များသည် Mobile Phone ကို လုံခြုံစိတ်ချမှုရှိစေရန် လုပ်ဆောင် သင့်သည့် ယေဘုယျအချက်များ ဖြစ်ပါသည်။ 
အားလုံးအဆင်ပြေပါစေလို့ဆုတောင်းရင်းကျွန်တော် လေ့လာရှာဖွေမိသမျှကောင်းနိုးရာရာနည်းလမ်း  နည်းပညာများကို ယခုလိုပြန်လည် ဝေမျှရင်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်..
( မျှဝေသူ ) မောင်ဝံသ

August 07, 2015

NetGuide Vol. (3) , Issue (96)


5.8.2015 နေ့ထုတ် NetGuide Vol. (3) , Issue (96) ရဲ့ PDF ပါ..
မင်္ဂလာပါသည်အပါတ်စဉ် ဂျာနယ်မှာတော့ နည်းပညာဆောင်းပါးအဖြစ် ကျွန်တော် ရေးသားထားတာလေးကတော့ Andoid ဖုန်းတွေမှာ ဖြတ်တတ်တဲ့ Camera Faild ဆိုတဲ့ ပြသနာလေးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အကြောင်းရာလေးဘဲ ဖြစ်ပါတယ် အောက်မှာ ဂျာနယ်ကို ဒေါင်းယူနိုင်ပါတယ်...

(OR)
2.

July 31, 2015

3D ပုံနှိပ် နည်းပညာ



An Airbus employee presents three model airplanes in blue, white and red, made from starch using a 3D printing technique during the opening of 50th Paris Air Show, at the Le Bourget airport near Paris, June 17, 2013. In the future the company hopes to useAn Airbus employee presents three model airplanes in blue, white and red, made from starch using a 3D printing technique during the opening of 50th Paris Air Show, at the Le Bourget airport near Paris, June 17, 2013. In the future the company hopes to use
3D printing သုံးဖက်မြင် ပုံနှိပ်တာကို Additive Manufacturing လို့လည်း ခေါ်ကြပါတယ်။ ဒါဟာ စက်ထဲသွင်းထားတဲ့ အချက်အလက်တွေကနေ တဆင့် အလျား၊ အနံ၊ အမြင့် ဘက်သုံးဘက် စလုံးကို မြင်နိုင်တဲ့ ပုံတူ ရုပ်ကြွတွေကို ထုတ်ပေးတာလို့ 3D printing  နည်းပညာနဲ့ အမေရိကန် အာကာသ စူးစမ်းရေးအဖွဲ့ နာဆာမှာ သုတေသန လုပ်တဲ့ ဒေါက်တာပဒေသာတင်က ပြောပါတယ်။
ပေါင်မုန့်တလုံးကို အလွှာလိုက်ဖြတ်ပြီး တချပ်ချင်း ပြန်ထပ်တဲ့ သဘောမျိုးလို့ ပြောရင် 3D printing မှာ လုပ်ဆောင်တဲ့ အနေထားကို မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်နိုင်ပါတယ်။ တချပ်နဲ့ တချပ်ကို ဆက်တဲ့အခါ ပုံနှိပ်စက်ထဲ မှင်အစား တွဲဆက်ပစ္စည်း အဖြစ် ပလပ်စတိတ်တို့၊ သတ္တုအမှုန်တို့ကို သုံးပါတယ်။
ဒီနည်းပညာကို သုံးပြီး  ပန်းပုဆရာတွေက ပုံတူရုပ်တုတွေထုတ်ကြသလို၊ ကားပုံစံ ဒီဇိုင်း အသစ်တွေ၊ ဖန်ထည်ပစ္စည်းတွေ၊ ရွှေငွေနဲ့ လက်ဝတ်ရတနာတွေ အပြင် တခြား ကိုယ်လိုချင်တဲ့ ပုံစံမျိုးစုံကို ထုတ်နိုင်တဲ့ စက်အရွယ်အစား အမျိုးမျိုး ပေါ်နေပြီဖြစ်ပါတယ်။
နာဆာမှာတော့ အာကာသထဲသွားတဲ့ ယာဉ်တွေက စက်တွေအတွက် အာကာသထဲမှာတင် ပျက်တဲ့စက်ရဲ့ ပုံစံတူပစ္စည်းကို ထုတ်ပြီး အစားထိုး သုံးတာမျိုးလုပ်နေကြတယ်လို့ ဆိုပါတယ်။
ဆေးပညာလောကမှာလည်း ဒီနည်းပညာကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီဖြစ်ပါတယ်။ bio printing technology နဲ့ သွေးကလပ်စည်းတွေရဲ့ ပုံတူတွေနဲ့ သွေးဥတွေ အထိ ထုတ်နိုင်သလို ခြေတု လက်တုလို ကိုယ်အင်္ဂါ အစိတ်အပိုင်း အတုတွေ ပုံစံတူ ထုတ်ပြီး လက်တွေ့ သုံးနေကြပြီဖြစ်ပါတယ်။

July 29, 2015

Android Root ဖုန်းများအတွက် Internal Memory တိုးနည်း



တချို့ Android ဖုန်းတွေမှာ ဖုန်းတွင်း Memory အရမ်းနည်းနေတတ်ပါတယ် 256MB လောက်ပဲ ပါပဲ တဲ့ Version နိမ့် Android ဖုန်းမျိုး မြင်ဖူးပါတယ်... ခု Memory နည်းလို့ စိတ်ညစ်နေသူများ ဒါမှ မဟုတ် အတော်သင့်ပါရဲ့နဲ့ App တွေ များများသုံးချင်သူများအတွက် (တစ်ချို့ဖုန်းတွေမှာ default stroage location) ပြောင်း တာမပါဘူးလေ :D) SD ကတ်မှ Memory တစ်ချို့တစ်ဝက်ကို ဖုန်းတွင်း Internal Memory နဲ့ ချိတ် ဆက်ပုံကိုကို ပြောပြပါမယ်....

ဖုန်းကနေပဲ လုပ်မှာမို့ အဆင့်တွေတော့များတယ်နော် ပြိးတော့ ဒီ ဆော့ဖ်ဝဲက App2SD ရဲ့သဘောနဲ့ တူတယ် ဒါပေမယ့် သူ့လောက် Error မရှိပါဘူး App2SD သုံးရင် imei ပျောက်သွားတာတို့ Internal Memory လုံးဝသုံးမရတာတို့ဖြစ်တတ်ပါတယ်
ခုပြောပြမယ် ကောင်က သဘောချင်တူပေမယ့် အလုပ်လုပ်ပုံချင်မတူပါဘူး ပြီးတော့ ဒီတော့ ဒီကောင်က Errorကင်းတယ်လေ တော်တော်များများလဲသိပြိးသားဖြစ်မှာပါဒါပေမယ့်မသိသေးသူများအတွက်  ပြောပြမယ်နော်....

လိုအပ်တာကတော့ အနည်းဆုံး 4GB ရှိတဲ့ microSD ကတ်လိုပါတယ် အကြံပေးချင်တာကတော့ တတ်နိုင်ရင် 8GB သုံးစေချင်ပါတယ် ပြီးတော့ 8GB ဆိုရင် Classes 6 လောက် ရရင်ပိုကောင်းတာပေါ့နော် ပြိးတော့ Data တွေ ရှိရင်လဲ တစ်ခုခုမှာသိမ်းထားပေါ့ SD ကတ်ကို အဲ app လေးက format ချသွားမှာမို့ပါ

ဟုတ် ပြိးတော့ ဒီ Software တွေကိုဒေါင်းလိုက်ပါ

- Aparted ကို ဒေါင်းရန်

http://pc.cd/BjR7

-Link2SD ကိုဒေါင်းရန်
 ဒီကောင်က (plus) နော် Update ပေးရင်လဲ မလုပ်ပါနဲ့
ဒေါင်းပြီးတဲ့ Software တွေ Install လုပ်ပြိးရင်တော့ စကြတော့မယ်နော်

၁ ။ Sotware တွေ Install လုပ်ပီးရင် အရင်ဆုံး အဲဒီ Software တွေမသုံးခင် ဖုန်း Setting ထဲကိုသွားလိုက်ပါ Storage ဆိုပြိးပါပါတယ် အဲမှာ SD card ဒါမှ မဟုတ် external SD ဆိုပြိး ပါပါတယ် အဲ SD ကို Unmount SD card လုပ်လိုက်ပါ

၂ ။ Ok လား Cancel လားမေးရင် Ok ပေးလိုက်ပါ

၃ ။ mount sd card ဆိုပြိး ပြောင်းသွားရင်ရပါပြိး အဲ Setting ထဲက ထွက်လိုက်ပါ

၎ ။ ခု Install လုပ်ခဲ့တဲ့ app တွေ ထဲက Aparted ဆိုတဲ့ app ကိုဝင်ပါ ပြိးရင် အစိမ်းရောင် အပေါင်းလက္ခဏာလေးပါပါတယ် အဲကောင်ကို တစ်ချက်စိ ၃ ခေါက်နှိပ်လိုက်ပါ

၅ ။ နှိပ်ပြိးပါက Part1 ၊ Part2 ၊ Part3 ဆိုပြိး သုံးခုတွေ့ရမှာပါ ပြိးရင် Internal Memory ကို ဘယ် လောက် GB ထိတိုးမှာလဲ 1GB လား 2GBလား 4GB လား
ဟုတ် ဘယ်လောက်ပဲတိုးတိုး အဲတိုးမယ့် GB ကို Part2 မှာသွားသတ်မှတ်ရမှာပါ Part1 နဲ့ မဆိုင်ပါဘူး

၆ ။ ဒါဆို Part2 ကွင်းထဲက fat32 ကိုသွားနှိပ်လိုက်ပါ

၇ ။ နှိပ်တာနဲ့ Format တွေ အများကြိးပေါ်လာမှာပါ ext2, ext3, ext4, fat32/fat16, f2fs,swap
အဲ Format များထဲက အနိမ့်ဆုံး ext2 ကိုတော့ ဖုန်းတော်တော် များများ support ပေးပါတယ် ဒါပေမယ့် နောက်ပိုင်း huawei model မြင့် တစ်ချိုနဲ့ ဈေးကွက်မှာ နာမည်သိပ်မထင်ရှားတဲ့ ဖုန်းအချိုကတော့ fat32 ပဲ support ရပါတယ် huawei အစောပိုင်းတွေကထွက်ခဲ့တဲ့ဖုန်းတွေကတော့ ext support ရပါတယ် ext format support လုပ်ရင် Software ရဲ့ အရသာကို အပြည့်ဝခံစားရမှာဖြစ်ပြိး fat32 ဆိုရင်တော့နည်းနည်း အကန့်သတ်ရှိပါတယ် အဲဒီက မိမိဖုန်းနဲ့ကိုက်ညီမယ့် format တစ်ခုရွေးလိုက်ပါ

၈ ။ ပြီးရင် Part2 ကပဲ 0MB ဆိုတာ Click လိုက်ပါ

၉ ။ နံပါတ်ရိုက်ရမယ့် Boxတစ်ခုပေါ်လာပါမယ် အဲဒီမှာ Internal အတွက်
2GB စဉ်းစားထားတယ်ဆိုရင်2044 ရိုက်ပါ
4GB စဉ်းစားထားရင် 4088 ရိုက်ပါ

SD ကတ်သာ 4GB ပဲရှိတယ်ဆိုပါက
1GB ပဲ ရိုက်ပါ 1022 ပေါ့ ပြိးရင် OK နှိပ်

၁၀ ။ ပြီးရင် Part3 ကိုဆက်သွားပါမယ် Part1 ကိုချန်ထားခဲ့ပါနောက်ဆုံးမှ လုပ်ပါမယ်
Part3 မှ fat32 ကိုပဲ Click ပါ

၁၁ ။ Format တွေအများကြီးပေါ်လာပါမယ် swap ကိုပဲရွေးပေးပါ

၁၂ ။ ပြီးရင် Part3 မှပဲ 0MB ကိုနှိပ်ပါ

၁၃ ။ နံပါတ်ရိုက်မယ် box တစ်ခုပေါ်လာပါမယ် 256 ဟုရိုက်ပါ 256 ထက်မပိုပါစေနဲ့ ဒီ Part3 အသုံးပြုနည်းကို ဒီပိုစ်မှာ မရှင်းပြသေးပါဘူး ရှုပ်သွားပါမယ် သူက Ram ကို support လုပ်တဲ့ format ဖြစ်ပါတယ် ဘာအတွက် ဒီမှာ ခုကတည်းလုပ်သလဲဆိုတော့ နောက် ဒီကောင်ကို လုပ်ချင်လာရင် ထပ် Partition ခွဲရင် အရင်လုပ်ထားတာတွေ အကုန်ပျက်သွားမှာမို့ပါ

၁၄ ။ Part2 နဲ့ Part3 ပြီးရင် Part1 ကိုခုမှ သွားလုပ်ပါမယ်
Part1 ကတော့ fat32 ပဲထားရမှာမို့ fat32 ပဲထားပါ ပီးရင် 0MB ကိုနိပ်ပြီး New Partition Table msdos အောက်မှ part2 နှင့် Part3 ကိုလုပ်ပြိး ကျန်သော memory ပမာဏ နံပါတ်ကို ရိုက်ထည့်ရမှာပါ

၁၅ ။ တစ်ခုနဲ့တစ်ခုမတူပါဘူး ဘာပဲဖြစ်ဖြစ် Total MB မှ Part2 နင့် Part3 ကိုနှုတ်လို့ရလာတဲ့ နံပါတ်ကိုထည့်ရမှာပါ

၁၆ ။ ပြီးရင်အပေါ်ထောင့်က Menu ကိုနိပ်ပြီး Apply Changes နိပ်ပါ

၁၇ ။ ပြီးရင် ok ကိုထပ်နှိပ်ပါ

၁၈ ။ sd card ready ဆိုပြီးပြလာရင် ထပ်ပြီး ok ကိုနှိပ်ပါ

၁၉ ။ ပြီးရင် App ထဲမှထွက်လိုက်ပါ

၂၀ ။ ခု Link2SD ဆိုတဲ့ software ကိုစဖွင့်လိုက်ပါ Part2 တွင်မိမိ လုပ်ခဲ့သော format ကိုရေးလိုက်ပါ

၂၁ ။ reboot ချလိုက်ပါ

၂၂ ။ reboot ပြန်တက်လာရင် Link2SD ကိုပြနိဝင်ပြီး Yပုံစံလေးကို နှိပ်ပါ ပြီးရင် user ကိုနိပ်ပါ
user applications အောက်ရောက်သွားပါမည်

၂၃ ။ Menu ကိုနိပ်ပီ multi select လုပ်လိုက်ပါ

၂၄ ။ အပေါ်က select all ကိုနိပ်ပါ

၂၅ ။ Menu ကိုထပ်နိပ်ပြီး crate link ကိုနိပ်ပါ

၂၆ ။ Link တွေအကုန် အမှန်ခြစ်ပေးပါ

၂၇ ။ linked->SDcard ဆိုရင် ထပ်တိုးထားတဲ့ memory ထဲရောက်သွားပါပြီး

၃၀ ။ Menu ကိုနိပ်ပါ stroage info ဆိုပီးပါပါတယ် ၀င်လိုက်ပါ

၃၁ ။ sdcard 2nd part ဆိုတာ ထပ်တိုးးထားတဲ့ memory ပါပဲ

၃၂ ။ cache တွေ ရှင်းပေးတဲ့ shortcut တစ်ခု ဒါမှ မဟုတ် widget မှတဆင့် Desktop ပေါ်တင်ရပါတယ်
ပြိးတော့ တခြား Tool တွေလဲပါပါသေးတယ်။
အောက်မှာ ရှင်းလင်းချက်ပုံလးတွေပါ














ကဲ အားလုံးအဆင်ပြေစွာနဲ့ မိမိတို့ memory များကို တိုးနိုင်ကြပါစေ..
မျှဝေသူ-မောင်ဝံသ (တနင်္သာရီ) 

Samsaung Phone အတု-အစစ် ကိုဘာတွေကြည့်ကြမလဲ


မင်္ဂလာပါ ကျွန်နော် သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့ Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို သိသလောက်ပြန်လည် တင်ပြ ဝေမျှလိုက်ပါတယ်...
ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို သိထားဖို့ အမှန်တကယ်လိုအပ်ပါတယ်.. ဒါကြောင့် အောက်မှာ လေ့လာလိုက်ပါနော်...
မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ ဥပမာအားဖြင့်ပေါ့  4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-ထုတ်လုပ်တဲ့ နိုင်ငံကို ဖေါ်ပြထားခြင်းဖြစ်ပါတယ်.. အောက်မှာ ဖေါ်ပြလိုက်ပါတယ်.....။
မိမိတို့ဖုန်းကို call ကနေ *#06#  ဆိုတာရေးလိုက်ပါ ကျလာတဲ့ IMEI နံပါတ်တွေကိုကြည့်ပါ...။
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။

(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
နောက်ထပ် ဆက်လက် စမ်းသတ်လိုပါက.. မိမိတို့ဖုန်းမှာ   *#0*#    ကို call ပါ။ Original
စစ်ရင် colour လေးတွေပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။
 ဆက်လက်ပြီး    sensor    ကိုနှိပ်ဝင်ပြီး image test နှိပ်ပေးရင် ခွေးပုံလေး
ပေါ်လာလိမ့်မယ် အတုဆိုရင် မပေါ်ပါဘူး ဒါကလည်း စစ်ဆေးဖို့ လွယ်ကူပါတယ်...
 နောက်ဆုံး မဖြစ်မနေ စစ်ဆေးရမဲ့ နည်းလမ်းကတော့ မိမိတို့ ၀ယ်မဲ့ဖုန်ူးက Font Style ဆိုတာပါကိုပါရပါမယ် Samsaung Phone အစစ်မှန်ရင်ပါရမှာဖြစ်ပါတယ်.. ဒါကြောင့်
Phone Seting >> Display >> Font >> Font Style ဆိုတဲ့တိုင်း ၀င်ကြည့်လိုက်ပါ...မပါဘူးဆို ဆမ်ဆောင်းဖုန်း မစစ်ပါဘူးဗျာ..


နောက်ဆုံး စမ်းသတ်ဖို့လိုအပ်တာကတော့  မိမိတို့ ဖုန်းကို  Download Mode သာဝင်ကြည့်လိုက်ပါ  ဖုန်းအတုတွေမှာ လုံးဝ မပါပါဘူး… ဖုန်းအစစ်တွေမှသာလျှင် Download Mode ဆိုတာပါတာဖြစ်ပါတယ်…

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။ သည်နည်းလမ်းလေးကို ကျွန်တော် အမြဲ Note Pad နဲ့သိမ်းထားပါတယ်.. မေးတဲ့သူရှိတိုင်း ကိုယ်တိုင်ဝယ်တိုင်းလည်း သည်နည်းလေးနဲ့ စမ်းသတ်ခဲ့ပါတယ်.. အားလုံးအဆင်ပြေကြပါစေ...

July 21, 2015

Tatus Bar ၏ Carrier Logo ကို မိမိစိတ်ကြိုက် ဖန်တီးနည်း



 မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးသားမျှဝေလိုခြင်တဲ့ နည်းပညာလေးကတော့ IOS ဆိုင်ရာထဲက နည်းလမ်းလေးတစ်ခုဖြစ်တဲ့ Tatus Bar ၏ Carrier Logo ကို မိမိစိတ်ကြိုက် ဖန်တီးနည်း ဆိုတဲ့
နည်းလမ်းလေးကို နည်းပညာရှင်   ကိုမိုးသိကြား   ကနေရေးသားထားတဲ့ သည် POST လေး နဲ့ အားလုံးပန်းသီးခရေစီ များအတွက် မိတ်ဆက်ပေးလိုက်ခြင်ပါတယ်.. ဒါကတော့ ကျွန်တော့်ရဲ့ ပြန်လည် ဝေမျှ ခံစားခြင်းသက်သက်သာဖြစ်ပါတယ်... အောက်မှာ လေ့လာမှတ်သားနိုင်ရန်အတွက် ပြန်လည် မျှဝေထားပါတယ်..
iOS 7+ ကို Jailbreak ထွက်လာပြီးနောက်မှာတော့ iDevice ကို စိတ်ကြိုက် customize (ကလိ) နိုင်မယ့် Tweaks များကို အပြိုင်အဆိုင် ရှာဖွေသွင်းယူ နေကြတာကတော့ လတ်တလောမှာ Hot အဖြစ်ဆုံးဖြစ်နေပါတယ်... 

သို့ပေမယ့် Tweaks တိုင်းဟာ iOS 7+ နှင့် Competable မဖြစ်သေးတဲ့ အတွက် Tweaks များသွင်းယူရာမှာ သတိထားပြီးမှ သွင်းယူသင့်ပါတယ်။ အခန့်မသင့်ပါက iOS crash ဖြစ်ပြီး Restore/ReJailbreak လုပ်ရတတ်ပါတယ်။ ဒါကြောင့် iOS 7+ အတွက် ပြင်ဆင်ထားပြီးသော Tweaks များ စာရင်းကို အမြဲ Update ပေးနေပါတယ်.. 


ယခုတင်ပြမည့် Carrier Logo ကို စိတ်ကြိုက်ဖန်တီးနည်းတွင် "Zeppelin" tweak ကို အသုံးပြုထားပြီး မိမိနှစ်သက်သော Logo များ ဖန်တီးရန် အတွက်မူ Photo/Image Editing လုပ်နိုင်သော (Photoshop/Illustrator) ကဲ့သို့ အစရှိသော software တစ်ခုခုနှင့် ဖန်တီးရမှာ ဖြစ်ပါတယ်။ 
 
   Zeppeline သွင်းယူခြင်း  

  • ပထမဦးစွာ Cydia -> Sources -> Edit -> Add တွင် " http://repo.alexzielenski.com/ " ကို ထည့်သွင်းပါ။
  • Search တွင် "Zeppelin Beta for iOS 7" ဟု ရှာပြီး Install လုပ်ပါ။ 

  • ထို့နောက် Settings -> Zeppelin -> Enable ကို ON ပေးပါ။ 

  • Theme တွင် စိတ်ကြိုက် ရွေးလို့ရပါပြီ...
 
   စိတ်ကြိုက် Logo ဖန်တီးခြင်း  

ဤနေရာတွင် လိုအပ်သော Software အသုံးချပြီး Logo ဖန်တီးခြင်း ပညာကိုတော့ ကိုယ်တိုင် သိရှိထားရမှာ ဖြစ်ပါတယ်...
ကျွန်တော့် အနေနှင့် Zeppelin နှင့် အလုပ်လုပ်နိုင်ရန် လိုအပ်ချက်များကိုသာ လမ်းညွှန်သွားမှာဖြစ်ပါတယ်... 

>>Logo file အတွက် လိုအပ်ချက်များ<< 

  • ပုံတစ်ခုကို Image Size နှစ်မျိုးနှင့် သိမ်းပေးရပါမည်။
  • (120 x 40)pixel နှင့် (60 x 20)pixel ဖြစ်ပြီး 72dpi ထားရှိရပါမည်။
  • Logo file ကို (.png) အမျိုးအစား အဖြစ် Save လုပ်ရပါမည်။ 

    Save လုပ်ရာတွင် အောက်ပါအမည်များကိုသာ (ပုံသေ) သုံးရပါမည်။
  • black.png
  • black@2x.png
  • etched.png
  • etched@2x.png
  • silver.png
  • silver@2x.png
  • အဖြစ် စုစုပေါင်း (၆) file ဖန်တီးရပါမည်။ 
  • Image size (120 x 40) အတွက် (.....@2x.png) အဖြစ် Save လုပ်ပါ။
  • Image size (60 x 20) အတွက် (......png) အဖြစ် Save လုပ်ပါ။

>>black, etched, silver စသော file name များ၏ လုပ်ဆောင်ချက်များ<< 

  • "black" file သည် status bar အောက်ခံအနက်ရောင် ဖြစ်သည့် အချိန်မှာ အလုပ်ရန် အတွက်ဖြစ်ပါသည်။
  • "etched" file သည် Notification Center တွင် Zeppelin active ဖြစ်နေချိန်တွင် အလုပ်လုပ်ပါလိမ့်မည်။
  • "silver" file သည် status bar အောက်ခံ အဖြူ/ငွေရောင် ဖြစ်နေစဉ်တွင် အလုပ်ရန် အတွက်ဖြစ်ပါသည်။

ထို့ကြောင့် Logo design ဖန်တီးရာတွင် နောက်ခံ အရောင်များ ပြောင်းချိန်တွင် မိမိ၏ Logo လိုက်လျှောညီစွာ ထင်ရှားအောင် တစ်မျိုးစီ ဖန်တီးဖို့လိုပါတယ်။
ဥပမာ။ ။ "black" file အတွက် ဖန်တီးထားသော Logo စာသားသည် အဖြူရောင် ဖြစ်သင့်သည်၊ ဒါမှသာ နောက်ခံအနက်ရောင်မှာ ပေါ်လွင် ထင်ရှားပါလိမ့်မယ်။ အခြား file များအတွက်လည်း သင့်သလို ပြင်ဆင်ရပါလိမ့်မည်။ 

ဖန်တီးထားသော File (6) ခုလုံးကို Folder တစ်ခုတွင်ထည့်ပြီး Folder ကို မိမိစိတ်ကြိုက် အမည်ပေးပါ (ထိုအမည်သည် Zeppelin ထဲတွင် မိမိ Logo အမည်ဖြစ်မည်) 

>>Zeppelin ထဲသို့ Logo ထည့်သွင်းခြင်း<< 

- iFunbox / iTools တစ်ခုခုကို အသုံးပြုပါမည်... 
  • မိမိ၏ iDevice ကို PC နှင့် ချိပ်ဆက်ပြီး iFunBox ကို Run ပါ။
  • Raw File System -> Library -> Zeppelin ထဲသို့ သွားပြီး မိမိဖန်တီးထားသော Folder (file ၆ခုပါ) ကို Copy / Pasteလုပ်လိုက်ပါ။ 


    iDevice ၏ Settings -> Zeppelin -> Theme ထဲမှာ တွေ့မြင်ရပါလိမ့်မယ်... 

မိမိကိုယ်တိုင် ဖန်တီးမှုများ မပြုမိ ကျွန်တော် ဖန်တီးပေးထားသော "Myanmar Flag" logo လေးကို အထက်ပါနည်းအတိုင်း အရင်အစမ်း သွင်းကြည့်ကြပါလားဗျာ... 
 

http://pc.cd/UPh7
အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်...IOS ဆိုင်ရာလေးတွေကိုတော့ နည်းပညာဆရာသမားများ ရေးသားထားတဲ့အတိုင်း ကောင်းနိုးရာရာလေးတွေ ရှာဖွေကာပြန်လည် ဝေမျှ ပေးသွားမှာဖြစ်ပါတယ်...အဆင်ပြေကြပါစေ။

July 20, 2015

Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော)




မေးခွန်း = (ကိုလက်စထရော) များတဲ့သူ တပါတ် ကြက်ဥ ၁ဝ လုံးထက်ပို မစားသင့်ဘူးလားဆရာ။

• ကြက်ဥထဲမှာ (ကိုလက်စထော) များတယ်။ ဒါပေမဲ့ စားတာထဲမှာ (ကိုလက်စထော) ဘယ်လောက်များမှ ကျန်းမာရေးအတွက် သတိထားရမလဲဆိုတာ တယောက်နဲ့တယောက် မတူပါ။
• ကြက်ဥစားလို့ သွေးထဲမှာ (ကိုလက်စထော) တက်လာတာဟာ Trans fats (ထရန့်စ်) အဆီနဲ့ Saturated fats ပြည့်ဝဆီတွေလောက် မများပါ။ (ထရန့်စ်) အဆီအကြောင်း ရေးထားပါတယ်။
• နှလုံးရောဂါနဲ့ဆပ်စပ်နေတဲ့ အစားအစာဆိုတာ အမေရိကန်မနက်စာဖြစ်တယ်။ ကြက်ဥပါမယ်၊ (ဘေကွန်) ပါမယ်၊ ဝက်အူတောင့်ပါမယ်၊ ဝက်ပေါင်ခြောက်ပါမယ်။ အဲတာတွေထဲမှာ (ဆိုဒီယမ်) ဆားလဲများတယ်။
• တပါတ်မှာ ကြက်ဥ ၇ လုံးစားတဲ့သူတွေမှာ နှလုံးရောဂါပိုမဖြစ်ဘူးလို့ ဆန်းစစ်မှုတခုကဆိုပါတယ်။ အလွန်အကျွံသုတေသနတခုက ကြက်ဥစားရင် (ဆထုပ်ခ်) ဖြစ်တာတောင် နည်းသေးတယ်လို့ပြောတယ်။
• ဒါပေမဲ့ ဆီးချိုရောဂါပါတွဲနေသူဆိုရင်တော့ (ဆောရီး) ဖြစ်ပါမယ်။
• အမေရိကန်စိုက်ပျိုးရေးဌာနအဆိုအရ ကြက်ဥအကြီးစားတလုံးမှာ (ကိုလက်စထော) 186 mg ပါတယ်။ Yolk အဝါနှစ်ထဲမှာသာပါတယ်။
• ကျန်းမာရေးကောင်းနေသူ (ဆေးစစ်ထားလို့ ကိုလက်စထော၊ နှလုံးရောဂါနဲ့ ဆီးချိုမရှိသူ) ဆိုရင် တနေ့မှာ (ကိုလက်စထော) 300 mg ထက်မများသင့်ပါ။ ကြက်ဥကြိုက်သူဆိုရင် အဖြူကိုသာစားပါ။
• နှလုံး-သွေးကြောရောဂါခံရှိသူ၊ ဆီးချိုရှိသူ၊ မကောင်းတဲ့ LDL (ကိုလက်စထော) များနေသူဆိုရင် (ကိုလက်စထော) 200 mg ထက်မများစေပါနဲ့။
• နောက်ပြီး ကြက်ဥကနေရတဲ့ (ကိုလက်စထော) ကိုသာမက တခြားစားသောက်တာတွေထဲကရတာကိုပါ ထည့်တွက်ပါ။
• ကြက်ဥတွေအများကြီးစားရင် သွေးထဲမှာ (ကိုလက်စထော) တက်မယ်။ ဒါပေမဲ့ Egg yolks အဝါရောင်ကို တပါတ်မှာ ၄ လုံးထက်မပိုရင် နှလုံးရောဂါအတွက် မစိုးရိမ်ရပါ။

Eggs ကြက်ဥ အစရှာခြင်း http://doctortintswe.blogspot.com/2014/11/eggs.html
Cooking Oils စားသုံးဆီ http://doctortintswe.blogspot.com/2014/10/cooking-oils.html
Trans Fats အညာသားများ ဆီစားကြသည် http://doctortintswe.blogspot.com/2014/11/trans-fats.html

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

လျှပ်စစ်ဓာတ်အား ပြတ်တောက်ပါက အမှောင်ထုထဲတွင် LED မီးလုံးများက အလိုအလျောက် သုံးနာရီ မီးလင်း နိုင်တော့မည်




ဗြိတိန်နိုင်ငံ၌ ယခုနှစ် ဆောင်းရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ် လာနိုင်၍ စီးပွားရေး လုပ်ငန်းရှင်များ နှင့်တကွ ပြည်သူများ အမှောင်ထုထဲတွင် နေရမည်ကို စိုးရိမ်လျက်

ရှိသည်။ ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားပါက ပြတ်တောက်ပြီး သုံးနာရီ အတွင်း အလင်းရောင်အတွက် စိတ်ပူစရာ မလိုတော့ပေ။

ဗြိတိန်နိုင်ငံ ဝေလပြည် Litonics Ltd. မှ ထုတ်လုပ်လိုက်သော လျှပ်စစ်မီးလုံးသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားချိန် အတွင်း မည်ကဲ့သို့ဆက်၍ မီးလင်းမည်ကို ပြည်သူများ လက်တွေ့ မြင်ကြရတော့မည် ဖြစ်သည်။ အဆိုပါ မီးလုံးကို iViTi ON ဟု ခေါ်ပြီး ဘက်ထရီကို မီးလုံးအတွင်း ထည့်သွင်း တပ်ဆင်ပေးထားသည်။ အဆိုပါ ဘက်ထရီက နောက်ထပ် ၃ နာရီ အလိုအလျောက် မီးလင်းအောင် လုပ်ပေးနိုင်ခြင်း ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ပြန်ဝင်လာသည်နှင့် ဘက်ထရီကို အလိုအလျောက်အား သွင်းပေးထားမည် ဖြစ်ပြီး လျှပ်စစ်မီးလုံးကလည်း ပုံမှန်အတိုင်းဆက်၍ မီးလင်းစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ ဤမီးလုံး ထုတ်လုပ်သော Litonics Ltd.. မှာ ဝေလပြည်f Powys ပြည်နယ် Knig-hton မြို့၌တည်ရှိ၍ ၎င်းတို့၏ နည်းပညာကို မီးလုံးများ၌ အသုံးပြုထားသည်။ ON အလိုအလျောက် ခလုတ်ပြောင်းခြင်းသည် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြတ်တောက်၍ မီးမှောင် ကျသွားသည့်အခါ အမှောင်ထုထဲတွင် မနေစေရန် အာမခံချက် ပေးနိုင်ခြင်းသည် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်သည်။

ယနေ့ကျွမ်းကျင် သူများ၏ သတိပေး ပြောကြားချက်အရ ဗြိတိန်နိုင်ငံသည် ပြင်းထန်သော ဆောင်းရာသီနှင့် ကြုံတွေ့ရပါက လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်နိုင်သည်။ သတ်မှတ်ထားသော လျာထားချက် ပြည့်မီရန် ကျောက်မီးသွေးဖြင့် လည်ပတ်သော လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို အရေးတကြီး ပိတ်သိမ်းလိုက်ပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဖြင့် လည်ပတ်သော လျှပ်စစ်ဓာတ်အားပေး စက်ရုံများ စတင်၍ ပြန်လည် လည်ပတ်ကာ စက်ရုံ၊ အလုပ်ရုံများလည်း လျှပ်စစ်ဓာတ်အား ခြိုးခြံရေးအတွက် ပိတ်ပစ်ရန် ဖြစ်လာခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင်များကို သတိပေးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဗြိတိန်နိုင်ငံ၌ လျှပ်စစ်မီး မပြတ်စေရေး စီမံချက်ကောင်း ကောင်းရေးဆွဲရန် ပျက်ကွက်နေခဲ့ သည်။ National Grid ဌာနမှ Supply နှင့်De-mand မှာ ၄ ဒသမ ၁ ရာခိုင်နှုန်းသာ ဖြစ်၍ ရှစ်နှစ်အတွင်း အကျဉ်းမြောင်းဆုံး ဖြစ်နေပြီဟု ပြောသည်။

National Grid ကအစီရင်ခံရာ၌ ဗြိတိန်သည် အခြေခံအကျဆုံး ကုန်လျှပ်စစ်ဓာတ်အားကို အသုံးပြုနေပြီး အကယ်၍ ယခု ဆောင်းရာသီဥတု ပြင်းထန်ပါက အခက်အခဲဖြင့် ကြုံတွေ့ နိုင်မည်ဟု သတိပေးထားသည်။ လက်ရှိ အသုံးပြုနေသော လျှပ်စစ်မီးလုံးများ နေရာတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်သွားသည်နှင့် အလိုအလျောက် ဘက်ထရီစနစ်ဖြင့် ဆက်လက် မီးလင်းပေး နိုင်သော မီးလုံးများကို အစားထိုးရန် လိုအပ်လျက်ရှိပြီး ယင်းမီးလုံးက ၎င်း၏ကိုယ်ထည် အတွင်းထည့်သွင်း တပ်ဆင်ထားသော ဘက်ထရီအားဖြင့် ၃ နာရီအထိ မီးလင်းနိုင်၍ ဤကာလအတွင်း လျှပ်စစ်ဓာတ်အား ပြန်လာနိုင်သည် ဖြစ်ရာ တောက်လျှောက် မီးလင်းနေမည် ဖြစ်သည်။ လျှပ်စစ်ဓာတ်အား အမှန်တကယ် ပြတ်တောက်ခြင်းရှိ၊ မရှိနှင့် တစ်ယောက်ယောက်က မီးခလုတ်ကို ပိတ်ပစ်လိုက်ခြင်း ဟုတ်၊ မဟုတ်ကိုလည်း ခွဲခြားသိရှိနိုင်ကာ လိုအပ်လျှင် မီးလုံးကို ဝက်အူရစ်၍ အလွယ်တကူ ဖြုတ်ယူနိုင်မည် ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ပြန်လာသည်နှင့် 600 mAh ဘက်ထရီက အလိုအလျောက် ပြန်၍ အားသွင်းမည် ဖြစ်ပြီး မီးလုံးကလည်း ပုံမှန်ဆက်၍ လင်းမည်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် မီးကြိုးသွယ်ရန် မလိုအပ်ပေ။ မီးလုံးကို ဝက်အူရစ်၍ ပုံမှန် မီးလုံးကဲ့သို့ တပ်ဆင် လိုက်နိုင်သည်။ လျှပ်စစ် ဓာတ်အား ၈ ဝပ်သာ အသုံးပြုသည်။ အလင်းရောင် လွှတ်ထုတ်၍ အလင်းပေးသည့်အခါ ၆ဝ ဝပ် မီးလုံးကဲ့သို့ တောက်ပစွာ အလင်းရောင် ပေးသည်။ iViTi ON LED မီးလုံး ကို နှစ်ကုန်တွင် ဈေးကွက်တင် ရောင်းချတော့မည် ဖြစ်၍ အသုံးပြု လိုသူများ သိရှိနိုင်ပါရန် ရေးသား တင်ပြလိုက်ရ ပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia

♪ မိုဘိုင်းဖုန်းပြုပြင်ခြင်း နည်းပညာရပ်များကို လက်တွေ့ပိုင်း ဦးစားပေးပြီး သင်ကြားလိုသူများအတွက် ♫


မိုဘိုင်းဖုန်း ပြုပြင်နည်း နည်းပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်း ပြုရန် စဉ်းစားနေသူများ ၊ Software , Hardware Technician တစ်ယောက် အဖြစ် ရပ်တည်ရန် ဆန္ဒ ရှိသူများနှင့် တစ်ပိုင်တစ်နိုင် မိုဘိုင်းဖုန်း ဆိုင် ဖွင့်လှစ်လိုသူများ အတွက် …. လက်တွေ့ သင်ခန်းစာများ ကိုသာ ဦးစားပေးပြီး ဘ၀ အာမခံချက် အပြည့်အ၀ ပေးနိုင်တဲ့ မိုဘိုင်းဖုန်း သင်တန်းကျောင်း လေး တစ်ခုကို မိတ်ဆက်ပေးပါရစေ ….. ။

ကျွန်တော်တို့ The Last Mobile Service & Training Centre မှာ ဖုန်းနဲ့ ပတ်သတ်ပြီး အဓိက အားဖြင့်  Software , Hardware ၂ မျိုး ကို သင်ကြားပေးပါတယ် … ။

Software ပိုင်းအတွက် လက်ရှိ မြန်မာနိုင်ငံမှာ လူကြိုက်များ ရေပန်း အစားဆုံး ဖြစ်တဲ့ Android OS နဲ့ iOS အပိုင်း ၂ ပိုင်းလုံး ကို သင်ကြားပေးပါတယ်… ။ Android အပိုင်း အတွက် လူသုံးအများဆုံး Brand တွေ ဖြစ်တဲ့ Samsung , Sony , HTC , Huawei , Lenovo , Coolpad အစရှိတဲ့ ဖုန်းတွေ အပြင် ကို ခု နောက်ပိုင်း တစ်ဟုန်ထိုး အောင်မြင်လာတဲ့ Vivo , Oppo , Xiaomi (mi) , SingTech, MyPhone အစရှိတဲ့ ဖုန်းတွေ အကုန်လုံး နဲ့ နယ်ဘက်တွေမှာ အသုံးများတဲ့ China Clone ဖုန်းတွေ ဖြစ်တဲ့ Samsung Clone ဖုန်းတွေ ၊ Sony Clone ဖုန်းတွေ က အစ Firmware ပြန်တင်တာ ၊ Root ဖောက်တာ ၊ မြန်မာဖောင့် ထည့်တာ ၊ Pattern , Password Lock ဖြည်တာတွေ အကုန်လုံးကို ထည့်သွင်းသင်ကြားပေးပါတယ် …. ။


သင်တန်းနဲ့ တွဲပြီး Service ဆိုင်ပါ ဖွင့်ထားတာကြောင့် နေ့စဉ် ကြုံတွေ့နေရတဲ့ Software Error များကိုလည်း Customer များ လာပြတဲ့ ဖုန်းများ နဲ့ တွဲပြီး နေ့စဉ် သင်ကြားပေးပါတယ် … ။ Customer များ လာပြတဲ့ Software Error ဖြစ်တဲ့ ဖုန်းများ ကိုပါ တွဲဖက် သင်ကြားပေးရင်း ဘယ် Error မျိုးကို ဘယ်လောက် ထိ လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ တွဲပြီး သင်ကြားပေးတဲ့ အတွက် မိမိ ကိုယ်တိုင် ဆိုင်ပြန်ဖွင့်သည့် အချိန် (သို့) Software နဲ့ ပတ်သတ်ပြီး အလုပ် ပြန်လုပ်တဲ့ အချိန် မှာ အရာအားလုံး ဟာ လွယ်ကူသွားပါလိမ့်မယ် …. ။

ဖုန်းနဲ့ ပတ်သတ်တဲ့ Software Error များကို သင်ကြားပေးရင်း ဖုန်း ပြင်ဖို့ အတွက် လိုအပ်တဲ့ Computer အခြေခံ နဲ့ တစ်ခြား သိသင့်တဲ့ Computer နဲ့ ပတ်သတ်တဲ့ General Knowledge များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် … ။

Software သမားများ အတွက် နောက်ထပ် ငွေရပေါက် ဖြစ်တဲ့ Facebook Account ဖွင့်တာ Lock ဖြည်တာတွေ အပြင် ၊ အခြား အကောင့်တွေ ဖြစ်တဲ့ Gmail , Viber , WeChat , Line , Skype အစရှိတဲ့ အကောင့်တွေ အကုန်လုံး ဖွင့်နည်းတွေ ကိုလည်း သင်ကြားပေးပါတယ် …. ။

သင်တန်းပြီးသွားတဲ့ သင်တန်းသားတွေ အတွက်လည်း တိကျ သေချာစွာ စီစဉ်ပြီး ထည့်ပေးထားတဲ့ Data များကိုလည်း တစ်ခါတည်း ထည့်ပေးလိုက်မှာ ဖြစ်ပါတယ် …. ။ ဖုန်း Model တစ်မျိုးစီ တိုင်း အတွက် တိကျ သေချာစွာ မှတ်သားထားတဲ့ Folder တစ်ခုချင်းစီရဲ့ အောက်မှာ လုပ်ပုံ လုပ်နည်း က အစ မြန်မာလို တစ်ဖုံ ၊ အင်္ဂလိပ် လို တစ်သွယ် ရေးမှတ်ပြီး ထည့်ပေးထားတာကြောင့် Service ပြုလုပ်ရမှာလည်း လွယ်ကူ လျှင်မြန်စွာနဲ့ ပြုလုပ် နိုင်ပါလိမ့်မယ် …. ။


ဖုန်းနဲ့ပတ်သတ်တဲ့ Data တွေ အပြင် ကို နောက်ထပ် ၀င်ငွေ ရစေနိုင်တဲ့ အသုံးဝင်မဲ့ တစ်ခြား သော Data တွေကိုလည်း တစ်ခါတည်း ထည့်သွင်းပေးပါတယ် …. ။

ကျွန်တော်တို့ သင်တန်းရဲ့ Software သင်ကြားမှု အပိုင်း ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် … ။

ဆိုင်တစ်ဆိုင်ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ Hardware ပိုင်း အတွက် ကိုလည်း Software ပိုင်း နည်းတူ အပြည့်အ၀ ပံ့ပိုးပေးပြီး သင်ကြားမှုတွေ ပြုလုပ်ပေးပါတယ် …. ။

Customer လာအပ်တဲ့ ဖုန်းများ ကို ကိုယ်တိုင် ကိုယ်ကျ ပြုပြင်ရင်း လိုအပ်တဲ့ ပစ္စည်း အစိတ်အပိုင်းက အစ Spare Parts ဆိုင်မှာ ကိုယ်ကိုယ်တိုင် သွားရောက် ၀ယ်ယူရမှာပါ …. ။ Customer လာပြင်တဲ့ ဖုန်း ရဲ့ Error ဖြစ်တဲ့ အပိုင်းကို ကိုယ်ကိုယ်တိုင် စစ်ဆေး ၊ Spare Parts ပိုင်းကို ကိုယ်တိုင် သွားဝယ်ရင်း ၊ ဈေးနှုန်း ကိုလည်း ကိုယ်တိုင် ကိုယ်ကျ Customer ဆီက တိုက်ရိုက် ပြောဆိုပြီး တောင်းယူပုံ တောင်းယူ နည်းက အစ သင်ကြားပြသပေးပါတယ် …. ။

နောက်ဆုံးပေါ် မှန်ဖြုတ်စက် ကို အသုံးပြုပြီး တန်ဖိုးကြီး ဖုန်းများ အတွက် အပေါ်မှန် ဖြုတ်လဲ နည်းက အစ ကိုယ်တိုင် ကိုယ်ကျ လုပ်နည်းများ ကိုလည်း သင်ကြားပြသပေးပါတယ် … ။

ရေစို ပါဝါပျောက်တဲ့ ဖုန်းတွေ ၊ Touch မရတာတွေ ၊ LCD မလင်းတာတွေ ၊ စကား ပြောတာ မကြားရတာတွေ နဲ့ တစ်ခြား Error အမျိုးမျိုး အတွက်လည်း အချိန်တို အတွင်းမှာ Error လမ်းကြောင်း လိုက်နိုင်ဖို့ အတွက် လည်း အဓိက ထားပြီး သင်ကြားမှု ပေးပါတယ် …. ။

ခု နောက်ဆုံး ဖုန်းတွေ မှာ အဖြစ်များနေတဲ့ EMMC လဲနည်းက အစ သင်ကြားပြသမှုတွေ ပေးပါတယ် …. ။
Hardware သင်ကြားမှု အပိုင်းတွေပါ …. ။

အထက်ပါ အတိုင်း သင်ကြားမှု ပြည့်ပြည့်စုံစုံ နဲ့ ထောက်ပံ့ ပေးထားတဲ့ အတွက် သင်တန်းပြီးတာနဲ့ ချက်ခြင်း Software , Hardware Technician တစ်ယောက် အဖြစ် ရပ်တည် နိုင်သည် အထိ သင်ကြားမှု တွေကို ချမှတ်ပေးပါတယ် …. ။ ( သင်တန်းသား ဘက်က လိုလို ချင်ချင်နဲ့ လိုက်လံ သင်ယူဖို့တော့ အရေးကြီးပါတယ် …. ။ )
သင်တန်းကြေး အနေနဲ့ က Software ၂ သိန်း ၊ Hardware ၃ သိန်း နဲ့ နှစ်မျိုးပေါင်း အတွက် ၅ သိန်း သတ်မှတ်ထားပါတယ် … ။

Software , Hardware နှစ်မျိုးလုံး တက်မဲ့ နယ်က ကျောင်းသားများ အတွက်လည်း အဆောင် အခမဲ့ စီစဉ် ထားရှိပေးပါတယ် … ။

သင်တန်းချိန်တွေ အနေနဲ့ …
“Software ပိုင်း ဆို ”
မနက် ၉ နာရီ ခွဲ ~ ၁၁ နာရီ ခွဲ ( 9 : 30 ~ 11 : 30 )
နေ့လည် ၁၂ နာရီ ခွဲ  ~ နေ့လည် ၂ နာရီ ခွဲ ( 12 : 30 ~ 2 : 30 )
ညနေ ၃ နာရီ ခွဲ  ~ ညနေ ၅ နာရီ ခွဲ ( 3 : 30 ~ 5 : 30 )
ည ၆ နာရီ ~ ည ၈ နာရီ ( 6 : 00 ~ 8 : 00 )
ထိ တစ်နေ့ကို ၂ နာရီနဲ့ အချိန် ၄ ချိန် ခွဲပေးထားပါတယ် … ။
 “Hardware  ပိုင်း အတွက် ”
မနက် 9 နာရီ ~ နေ့လည် ၁၂ နာရီ ( 9 : 00 ~ 12 : 00 )
နေ့လည် ၁၂ နာရီ ခွဲ ~ ညနေ ၃ နာရီ ခွဲ ( 12 : 30 ~ 3 : 30 )
ညနေ ၄ နာရီ ~ ည ၇ နာရီ  ( 4 : 00 ~ 7 : 00 )
ထိ တစ်နေ့ ၃ နာရီ နဲ့ ၃ ချိန် ခွဲပေးထားပါတယ် …. ။
သင်တန်းအပ်မယ်ဆိုရင်တော့ ကြိုပြီး ဖုန်းဆက်ပေးရပါမယ် ။ ကြိုပြီး သင်တန်းအပ်ရပါမယ် ။ တစ်မျိုးစီ ကို စရံ ငါးသောင်းနဲ့ ၂ မျိုး အတွက် စရံ တစ်သိန်း အရင် ပေးသွင်းရပါမယ် …. ။ ( နယ်သမားများ အနေနဲ့ကတော့ ဘဏ် ကနေ တစ်ဆင့် ငွေလွှဲပြီး သင်တန်းကြိုတင် အပ်နှံနိုင်ပါတယ် …. ။ )
တစ်ခြား သိလိုတာတွေ အတွက် ကိုလည်း ဖုန်း ဆက်ပြီး စုံစမ်း မေးမြန်းနိုင်ပါတယ် …. ။

The Last Mobile
Service & Training Centre
တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီ လမ်းထောင့် (ဘုရားလမ်း မီးပွိုင့် အနီး ) ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။
၀၉-၃၃၈၀၅၅၈၁ ၊ ၀၉-၃၃၈၀၅၅၉၁
http://www.facebook.com/thelast2014

June 04, 2015

ဘလော့ဧည့်ကောင်တာလုပ်နည်း (၂)

 ဒါလေးကလည်း ဧည့်ကောင်တာ တမျိုးလေးပါ..သူလဲ လှပါတယ်.. ဒီဇိုင်းမျိုးစုံကို
စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်တဲ့ ကောင်တာလေးပါ..သုံးကြည့်နော်..

အဆင့်-(၁)    အေနနဲ့   သည်ကနေ    သွားလိုက်ပါနော်...။

ပုံမှာ ပြထားသလို ပထမဆုံး  Singup For Free ဆိုတာကိုကလစ်လိုက်ပါ။

အဆင့် (၂) ။                  ။  နောက်စာမျက်နှာရောက်ပါ့မယ်...

Config tool

ကာလာချိန်ရန် အောက်က
Format Skin (ရွေးချယ်ပါ)
Type fonts

Size tool  (ရွေးချယ်ပါ)
Coloring Who is online
Period  (ရွေးချယ်ပါ)
Coloring Who is offline

မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ်..ကာလာတွေလဲ ချိန်နိုင်ပါတယ်..
မိမိတို့ ကောင်တာ ဇယားလေး အတွင်းက ကာလာတွေကို ပြောင်းလဲ ပြီး သင့်တော်မယ့် အရောင်
ကို ရွေ.ချယ်ပေးပါ။
 သည်ပုံလေးတွေ ကိုတော့ ကိုယ်စိတ်ကြိုက် ဘေးက မျှားလေးကတေ တစ်ခု ချင်းရွေးချယ်လိုက်ပါ
စိတ်ကြိုက်တွေ့တာနဲ့ အဲပုံကို ကလစ်ပေးလိုက်ပေါ့.. သူ့အောက်မှာ နိုင်ငံပေါင်းစုံကိုတွေ့ ရှိရမှာပါ
မိမိတို့ ကောင်တာကို လာလည်သူ တွေ နိုင်ငံအလိုက် တောင် ကြိုတင် ထည့်ပေးလို့ ရပါတယ်..
ဥပမာ   ။     ။ လာလည်သူ ၁၅၀၀ ကစမယ်ဆိုရင်.. ၁၅၀၀ ..လူဦးရေကို သင့်တော်တဲ့ နိုင်ငံတွေကနေ  ထည့်ထားပေးလို့ ရပါတယ် .   ။
အားလုံး ပြီးတာနဲ့ အောက်ဆုံးက  Valider la Comfiguration ဆိုတာကိုကလစ်ပေးပါ။

အဆင့်  (၃) ။            ။  နောက်အဆင့်သွားမယ်နော်..

အီးမေး နဲ့ ပါတ်ဝပ် ဖြည့်ပါ.. Name Of Youe Site နေရာမှာ မိမိတို့ ဘလော့ဆိုဒ် လိပ်စာပါ...
Gategory နေရာကတော့ အဆင်ပြေသလို ထည့်နိုင်ပါတယ်..
ပြီးတာနဲ့  Submit Query ကိုကလစ်ပေးလိုက်ပါ။

အဆင့် (၄) ။              ။  နောက်ဆုံးအဆင့်ပါနော်...

မိမိတို့ လိုခြင်တဲ့ ကုဒ်ကျလာပါပြီ ကော်ပီ ယူလိုက်ပါနော်...
ဘလော့တွင် ထည့်နည်း ကတော့..


   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ
  ►3.  Page Elements
   ►4.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►5.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►6. အပေါ်က ယူလာတဲ့ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
အဆင်ပြေကြပါစေနော်။။။။။။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...
www.aungsanmks.blogspot.com 
www.ledimyethar.com 

Related Posts Plugin for WordPress, Blogger...