လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)
Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

August 06, 2015

အသက် ၁၂ နှစ်ကျောင်းသူ မုဒိမ်းကျင့်သည်ဟု ယူဆထားသူကို ဖမ်းဆီးရမိ



ကုန်းသာကျေးရွာအဝင် ကျောက်ထုတ်စခန်းနား၌ရှိသော တော (ဓါတ်ပုံ-ဖြိုးဝေအောင်)    
  သြဂုတ်လ ၂ ရက်နေ့ ညနေ ၄လနာရီအချိန်ခန့် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအရှေ့ဖက် တောတွင် ၀ါးမြစ်ချိုးနေသော ဒုတိယတန်း ကျောင်းသူလေးအား အတင်းအဓမ္ဓ မုဒိမ်းကျင့်ခဲ့သည်ဟု ယူဆသူ အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦးအား လွိုင်ကော်မြို့နယ် ရဲစခန်းက ဖမ်းဆီးထားသည်ဟု သိရသည်။

ဖြစ်စဉ်မှာ အသက် ၁၃အရွယ်ရှိ ကုန်းသာကျေးရွာ ၄ ရပ်ကွက်နေ ကျောင်းသူသည် ၄င်းမိဘ အလုပ်လုပ်ရန် ကျောက်ထုတ်စက်ရုံ အနီးရှိ တောထဲတွင် ၀ါးမြစ်သွားချိုးသွားနေစဉ် မောင်မျိုးနိုင်ဆိုသူသည် တောထဲတွင် အတင်းအဓမ္ဓပြုကျင့်ခဲ့ကြောင်း ကုန်းသာကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါသည်။

၎င်းဒေသခံတစ်ဦးက “အခုဖြစ်တဲ့နေရာက ရွာရဲ့အရှေ့ဖက် ကျောက်ထုတ်တဲ့နေ ရာရဲ့ မနီးမဝေးမှာ ကျောက်ထုတ်တဲ့နေရာမှာ သူ့အဖေ၊ သူ့အမေ ၊ သူ့အစ်ကိုရယ် အလုပ်လုပ်တယ်။ အဲတော့သူက ကျောက်ထုတ်တဲ့နေရာ အနားက တောထဲမှာ ၀ါးမြစ်သွားချိုးတော့ အဲကောင်က သူ့ကိုတွေ့တော့ ခေါ်တယ်တဲ့။ အစကလည်း အဲကောင်က ကောင်မလေးအစ်ကိုတို့နဲ့သိတော့ ကောင်မလေးက စကားပြန်ပြောတာပေါ့။ နောက်ပြီး သူ့ကို အတင်းအဓမ္ဓ ပြုလိုက်တယ်ပြောတာပဲ။”ဟု ပြောသည်။

ထို့ကဲ့သို့ ပြုကျင့်ခြင်းအပေါ် မောင်မျိုးနိုင်ဆိုသူသည် မိဘများကို ပြန်ပြီး အကြောင်းကြားခြင်း မပြုလုပ်ရန် သူမကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် ကြောက်ရွံ့နေသည့် မျက်နှာထားအပေါ် အဒေါ်ဖြစ်သူက မသင်္ကာ၍ မေးများရန်တွင် သိခဲ့ခြင်းဖြစ်သည်။

မောင်မျိုးနိုင်သည် ဧရာဝတီတိုင်းမှ မတ်လတွင် ရောက်လာပြီး အလုပ်အတည်တကျ မလုပ်မရှိ နေအိမ်လည်း အတည်တကျမရှိဘဲ ကျောက်ထုတ်သောစခန်းတွင် အလုပ်လုပ်သည်ဟု သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသူအပေါ် မုဒိမ်းပြုကျင့်သည်ဟု ယူဆထားသူ မောင်မျိုးနိုင်အား တရားဥပဒေအတိုင်း စီရင်အမိန့်ချမည်ဟု ကုန်းသာကျေးရွာ ဥက္ကဌ ဦးမိုးစက်ပြောပါသည်။

“အစကတော့ ကျနော်တို့ ရပ်ရွာအနေနဲ့ ကောင်မလေး မိဘဖက် ကျေနပ်တဲ့အထိ နှစ်ဖက်ညှိနှိုင်းဖို့ရှိတယ်။ ဒါပေမယ့် ကောင်လေးမိဘက ဧရာဝတီ တိုင်းကနေ လာရမယ်ဆိုတော့ အယူခြင်းလည်းမတူ ၊ ပြီးတော့ ရက်တွေ စောင့်ရမယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ဥပဒေလက်ထဲပဲ အပ်လိုက်တယ်။” ဟု ဦးမိုးစက်က ပြောသည်။

အတင်းအဓမ္မပြုကျင့်ခံရသည်ဟု ယူဆသည့် သူမအား ကရင်နီအမျိုးသမီးအစည်းအရုံးအဖွဲ့မှ သွေးစစ်ဆေးရန် ခေါ်ဆောင်သွားသည်ဟု သိရသည်။

ဇူလိုင်လအတွင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် ငွေတောင်အုပ်စုကျေးရွာအတွင်းတွင် အသက် ၁၂ အရွယ်ကျောင်းသူလေး တစ်ဦးကို အသက် ၅၈ နှစ်အရွယ်အမျိုးသားတစ်ဦးက အတင်းအဓမ္မပြုခဲ့သည့် ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး ၎င်းအမျိုးသားအား ဒီးမော့ဆိုမြို့ ရဲစခန်းမှ ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

Written by ဖြိုးဝေအောင်
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org

March 12, 2015

မောင်းနှင်ခွင့်မရှိယာဉ်နောက်လိုက် ယာဉ်တက်မောင်းရာမှ အရှိန်မထိန်းနိုင်သည့် တော်ဝင်ကား လမ်းလယ်တုံးများကိုတိုက်


12 March 2015 05:31(+0630)


နေပြည်တော် မတ် ၁၁

ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် (၁၂၉/၁) နှင့် (၁၂၉/၂)အကြား အုတ်တွင်းမြို့နယ် ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်း ပိုင်နေရာ၌ ယမန်နေ့ ည ၉ နာရီ မိနစ် ၂ဝ က ယာဉ်မတော်တဆမှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်သို့ အောင်နွယ်ဦး (ယာဉ် နောက်လိုက်)မောင်းနှင်လာသော 6I/--- တော်ဝင်ခရီးသည်တင် မှန်လုံ ယာဉ်မှာ ရှေ့မှကားလေးကို ကျော် တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်း လယ်ကျွန်း ကာရံထားသော ကပ်တုံး ၁၅ တုံးကို တိုက်မိပြီးနောက် Under Pass တံတားပေါင်အစပ်၌ ရပ်တန့် ကာ ယာဉ်မောင်းသူနှင့် ယာဉ်မောင်း ခွင့်ပြုခဲ့သူတို့နှစ်ဦးမှာ ထွက်ပြေးသွား ခဲ့သည်။ တော်ဝင်ခရီးသည်တင် မှန်လုံယာဉ်ပေါ်၌ ခရီးသည် အမျိုး သား ၁၅ ဦး၊ အမျိုးသမီး ၂ဝ စီးနင်း လိုက်ပါခဲ့ပြီး ခရီးသည် ၃၅ ဦး အနက် မှ ဦးဆန်းအောင်ထွေး(၃၄နှစ်)နှင့် ဦးအောင်မင်းထွန်း (၃၃နှစ်)၊ ခင်ငြိမ်း ချမ်း (၂၇နှစ်)တို့ (မစိုးရိမ်ရ)ဒဏ်ရာ များ ရရှိခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်း၊ ဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်း၊ ဖြူးအမြန် လမ်းမကြီး ရဲစခန်း၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့၊ အမြန်လမ်းမကြီး ဆောက်လုပ်ရေး(လမ်းပြင်/ထိန်း)မှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိကာ ဒဏ်ရာရသူများကို တပ်ဖွဲ့ပိုင် လူနာ တင်ယာဉ်ဖြင့် ဖြူးမြို့နယ် ဆေးရုံသို့ ကူညီပို့ဆောင်နိုင်ခဲ့သည်။ ယာဉ် မတော်တဆ ဖြစ်ပွားမှုကြောင့် 6I/---- တော်ဝင်ခရီးသည်တင် မှန်လုံ ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ရှေ့ ခေါင်းပိုင်းပိန်ချိုင့်၊ ဝဲ/ယာ ရှေ့မီးကွဲ၊ အတက် အဆင်းတံခါးပိန်ချိုင့်၊ မှန်ကွဲ၊ ဘော်ဒီယာဘက်ခြမ်း ပိန်ချိုင့်ပျက်စီး ဆုံးရှုံးသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းနှင်ခွင့်မရှိသူ တက်ရောက် မောင်းနှင်ရာမှ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားသူ ယာဉ်မောင်း အောင်နွယ်ဦး (ယာဉ်နောက်လိုက်)နှင့် မောင်းနှင်ခွင့်မရှိသည့် ယာဉ် နောက်လိုက်အား တက်ရောက် မောင်းနှင်စေရာမှ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် ယာဉ်မောင်း သုခစိုး တို့ နှစ်ဦးအပေါ် ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး တာဝန်ရှိ သူများက အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်း ဓာတ်ပုံရိုက်ခြင်း၊ သက်သေခံ ယာဉ်အား သိမ်းဆည်းခြင်းများ ပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသော ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရ သည်။

မျိုးဇေယျာ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Related Posts Plugin for WordPress, Blogger...