လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)
Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

March 05, 2015

Robin Van Persie ခြေကျင်းဝတ် ဒဏ်ရာကြောင့် နောက်လ အထိ နားရမည်



မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့  တိုက်စစ်မှုး Robin Van Persie ရဲ့ နောက် လ အထိ နားရမယ့် သတင်းကြောင့် နစ်နာမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဟောလန် နိုင်ငံသား တိုက်စစ်မှုးဟာ စနေနေ့ က ဆွမ်ဆီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 
 ဒါပေမယ့် အဲဒီ ပွဲစဉ်မှာတုန်းက Van Persie ဟာ ဒဏ်ရာ ရရချင်း နားခွင့်မရခဲ့ပါဘူး။ မန်နေဂျာဖြစ်တဲ့ Louis Van Gaal ကို လဲခွင့်ရှိတဲ့ ကစားသမား ၃ ယောက်လုံးကို လဲလိုက်တဲ့ အတွက် Van Persie ဟာ ပွဲပြီးသည်အထိ ဒဏ်ရာနဲ့ ဆက်ပြီး ကန်ခဲ့ရတဲ့ အတွက် အခုလို ဒဏ်ရာ ပြင်းထန် ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။ နောက်လအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်း ထဲ ပါဝင်ခွင့် ရဖို့အတွက် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တော့တင်ဟမ် ၊ လီဗာပူးတို့နဲ့လည်း ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေပါသေးတယ်။ 
 ဒါ့အပြင် FA ဖလားရဲ့ ကွာတား ဖိုင်နယ်ပွဲစဉ် တစ်ခုအဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့  အိုးထရက်ဖို့ဒ် ကွင်း မှာ ကန်ရမယ့် အာစင်နယ်နဲ့ ပွဲစဉ်ကိုလည်း Van Persie     ဟာ လွဲချော်ဦးမှာပါ။ အသက် ၃၁ နှစ်အရွယ်Van Persie ဟာ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာတုန်းက အသင်းအတွက် ၃၅ ဂိုးတိတိ သွင်းယူပေးနိုင်ခဲ့ သူ လည်း ဖြစ်ပါတယ်။ 

Credit : http://www.mirror.co.uk/sport/football/news

Related Posts Plugin for WordPress, Blogger...