လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

February 21, 2015

iPhone 6 Plus ကို အမှီလိုက်လာတဲ့ Xiaomi ရဲ့ Mi Note

iPhone 6 Plus ကို အမှီလိုက်လာတဲ့ Xiaomi ရဲ့ Mi Note


ကမ္ဘာပေါ်မှာ တန်ဖိုးထိုက်တန်တဲ့ အရာတွေကို ရပ်တန့်လို့မရနိုင်ပါဘူး။ IP ကင်မရာတစ်ခု ၊ စမတ်မီးသီး တစ်လုံး နဲ့ Redmi 2 တို့ကိုထုတ်လုပ်ပြီးတဲ့နောက်မှာ Xiaomi ဟာ သူ့ရဲ့ အရည်အသွေးမြင့် Phablet တစ်လုံးဖြစ်တဲ့ ၅.၇ လက်မ အရွယ်အစားရှိ Mi Note နဲ့ Apple ရဲ့ iPhone 6 Plus ကို အမှီ လိုက်လာ ပါတယ်။
 Xiaomi ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Lei Jun က ၆.၉၅ မီလီမီတာ ထူပြီး ၁၆၁ ဂရမ် လေးတဲ့ Mi Note ဟာ iPhone 6 Plus ထက်ပိုမို ပေါ့ပါးပြီး ပိုမို ပါးလွှာတယ်လို့ ဆိုထားပါတယ်။ အရည်အသွေးချင်း ယှဉ်ကြည့်တဲ့ အခါမှာလည်း Dual Sim ထည့်သွင်းနိုင်တဲ့ Mi Note ဟာ Gorilla Glass 3 နဲ့ ပြုလုပ်ထားတဲ့ မျက်နှာပြင်လည်း ပါဝင်တဲ့အတွက် လူကြိုက်များ နေခဲ့တာဖြစ်ပါတယ်။
 Samsung ရဲ့ နောက်ဆုံးထုတ် ဖုန်းတွေလိုပဲ သတ္တုကိုယ်ထည် ကို သုံးထား တဲ့အ တွက်   ရွေးချယ်စရာ တစ်ခုဖြစ်နေခဲ့တာပါ။ ဈေးနှုန်းကလည်း ဒေါ်လာ ၃၇၀ ၀န်းကျင်ဖြစ်တဲ့အတွက် သက်သာ တယ်လို့ ဆိုနိုင်ပေမယ့်လည်း တရုတ်နိုင်ငံ က Xiaomi ပရိတသတ်တွေကတော့ အရင်တုန်းက ထုတ်လုပ်ခဲ့တဲ့ Xiaomi ရဲ့ ဒေါ်လာ ၃၀၀ မကျော်တဲ့ စမတ်ဖုန်းတွေလောက် သဘောမကျ ဘူးလို့ သိရပါတယ်။

Credit : http://www.engadget.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...