လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 05, 2015

တစ်နာရီအတွင်း ရောက်ရှိလာမယ့် Amazon ရဲ့ ပို့ဆောင်ရေး စနစ်



အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မြို့တော် ရဲ့  မြို့နယ်တစ်ခုဖြစ်တဲ့ Manhattan မှာနေထိုင်သူတွေနဲ့ အလုပ်လုပ်သူတွေ အတွက်တော့ ထိရောက်တဲ့ ကောင်းကျိုးတွေဖြစ်ပေါ်ခဲ့ပါပြီ။ ကမ္ဘာသုံး အွန်လိုင်းဈေး ၀ယ်ဌာန ဖြစ်တဲ့ Amazon က Prime Now ပို့ဆောင်ရေး စနစ်က နယူးယော့ခ်မြို့တော် ဧရိယာ အတွင်း စတင် လုပ်ဆောင်နေပြီလို့ တရားဝင် ပြောကြားလိုက်ပါတယ်။ 
 အခုချိန်မှာ သင်ဟာ လမ်းထိပ်နားက စတိုးဆိုင်ကိုတောင် သွားဖို့မအားခဲ့ဘူး ၊ ဒါမှမဟုတ်လည်း သင်ကိုယ် တိုင်က မသွားချင်ခဲ့ဘူးဆိုရင်တော့ တစ်နာရီအတွင်း ရောက်ရှိလာမယ့် Amazon ရဲ့ ပို့ဆောင်ရေး စနစ်ကို အမေရိကန် ဒေါ်လာ ၈ ဒေါ်လာ တည်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 
အရင်က ဧရိယာ အနည်းငယ်မှာသာ အသုံးပြုနိုင်ခဲ့ပေမယ့် အခုတော့ နယူးယော့ခ်မြို့တွင်း မှာပါ အသုံးပြုနိုင် မှာဖြစ်ပြီး Manhattan မှာတော့ နောက်ဆုံး အသုံးပြု ခွင့်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...