လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 05, 2015

Chat app တစ်ခု ဖြစ်တဲ့ Viber က ကမ္ဘာတစ်လွှားက အသုံးပြုတွေ အားလုံးအတွက် ဂိမ်းဝန်ဆောင်မှု ပြုလုပ်ပေး


ကမ္ဘာတစ်လွှားက အသုံးပြု သူတွေ အားလုံး ကစားနိုင်မည့် ဂိမ်းဝန်ဆောင်မှုကို တိတ်တ ဆိတ်ပြုလုပ် ခဲ့ ပါ တယ်။ လွန်ခဲ့တဲ့ နှစ်က Rakuten က ဒေါ်လာ သန်း၉၀၀ ပေးကာ ဝယ်ယူခဲ့တာဖြစ်ပြီး ထိုကုမ္ပဏီမှပင် မလေးရှား၊ အစ္စရေး၊ စင်ကာပူ၊ ဘယ်လာရုစ် နှင့် ယူကရိန်းနိုင်ငံ များရှိ အသုံးပြု သူများအတွက် ဂိမ်း ၃မျိုး ထုတ်လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
 Viber Candy Mania, Wild Luck Casino နှင့် Viber Pop စသည့် ဂိမ်းများဖြစ်ပြီး viber အသုံးပြု သူများ အနေဖြင့် အမှတ် များ ဝေ မျှခြင်း ၊ ပြိုင် ဆိုင်ခြင်း များ ပြုလုပ်နိုင်သောကြောင့် အသုံးပြုသူများကို စွဲဆောင်နိုင် သည့် ဂိမ်းများ ဖြစ်ပါတယ်။ အဓိကအနေဖြင့် အသုံးပြု သူတွေကို ဆွဲဆောင်နိုင်မှ app ကနေ တစ်ဆင့် ဂိမ်း အတွက်လိုအပ်တာတွေကို ဝယ်ယူခြင်းဖြင့် ဝင်ငွေရရှိနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ Viber ၏ CEO ဖြစ်သူ Talmon Marcus က တစ်ကမ္ဘာလုံးက အသုံးပြု သူတွေအတွက် Viber ကို ဖန်တီးပေး ရတာ ကိုက သူ့အတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ Marcus က မကြာမီ မှာ ရရှိတော့ မယ့် ဂိမ်းတွေကို Viber အသုံးပြု သူတွေ လည်း မျှော်လင့်စောင့်စားနေမှာပါ လို့ လည်း ပြော ခဲ့ပါတယ်။ ဒါပေမယ့် ဒီအစီစဉ်နဲ့ ပတ်သတ်ပြီး သတင်း အတိအကျတော့ မပေးခဲ့ပါဘူး။ 

Credit : http://techcrunch.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...