ရန်ကုန်။ ။ဂူးဂဲ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့်
gmail တွင်မြန်မာဘာသာဖြင့် အသုံးပြုနိုင်အောင်ဆောင် ရွက်သွားမည်ဟု ဂူးဂဲက
ထုတ်ပြန်ကြေညာသည်။

ဂူးဂဲ၏ထုတ်ကုန်မန်နေဂျာ Divon Lan က ''ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေ ကိုမြန်မာဘာသာနဲ့ အသုံးပြုနိုင်စေ ဖို့သာမကမြန်မာနိုင်ငံက ဝက်ဘ်ဆိုက် အသုံးပြု သူတွေ ကြုံတွေ့နေတဲ့ ဘာသာစကားအခက်အခဲ ကိုပြေလည်စေ ဖို့ဆောင်ရွက်နေ ပါတယ်'' ဟုဆိုသည်။
Gmail မြန်မာဗားရှင်းသည် ၂ဝ၁၃ ခုနှစ်က စတင်ပေးခဲ့သည့် google.com.mm အပါအဝင်လေးခုမြောက် ဂူးဂဲ၏ ထုတ်ကုန်ဖြစ်သည်။
ဂူးဂဲက ဘာသာပြန်ဝန်ဆောင်မှုဖြစ်သည့် ဂူးဂဲဘာသာပြန်စနစ်တွင် မြန်မာဘာသာကို ထည့်သွင်းခဲ့ပြီး Love Your Language အမည်ဖြင့်Translate-a-thoon ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ပထမဆုံးအကြိမ် ကျင်း ပသွားမည်ဟု ဂူးဂဲ၏ ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။
အွန်လိုင်း တွင်မြန်မာ ဘာသာပြန်ဆိုမှု ပိုမိုကောင်း မွန်စေရန်နှင့်မြန်မာ စကားပြော ဆိုသူများ ကြုံတွေ့နေရ သည့် ဘာသာရပ် အခက်အခဲ ကိုဖြေ ရှင်းနိုင်ရန် ပညာရှင်များက ဘာသာပြန်ပြိုင်ပွဲတွင် ဝင်ရောက်ပါဝင် ကြရန် ဂူးဂဲက ဖိတ်ခေါ်ထားသည်။
Written by မဇ္ဈိမ
0 မှတ်ချက်ရေးရန်:
Post a Comment