လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 10, 2015

Pebble နာရီလေးတွေ ပြန်လာပြီ



၂၀၁၂ ခုနှစ်တွင် Kickstarter တွေ ပေါင်6.6 မီလီယံအထိ မြင့်တက်လာပြီးနောက် pebble နာရီလေးတွေ ကို ပိုမိုကောင်းမွန်ပြီး ပိုမိုသေးငယ်တဲ့ ဒီဇိုင်းနဲ့ ပြန်လည် ထုတ်လုပ်ပြန်ပြီ။ လွန်ခဲ့သည့် သုံးနှစ်ခန့်က Kickstater တွင် Pebble များသည် မူရင်း စမတ်နာရီများအဖြစ် ဝင်ငွေများစွာ ရှာဖွေပေးခဲ့ပါတယ်။
 လူဦးရေ ၇သောင်းခန့်က ထိုပရောဂျက်ကို ပြန်လည်အကောင်အထည်ဖော်ခဲ့ပြီးနောက် ပထမဆုံး ထွက်ပေါ်လာမည့် အဆင်မြင့်ထားသော စမတ်နာရီအသစ်ကို စမ်းသုံးကြည့်ချင်သည့် လူဦးရေလည်း မြင့်တက်လာခဲ့ပါတယ်။ ဘက်ထရီ အနေဖြင့် ၇ရက်ခန့်ကြာအောင် အသုံးပြုနိုင်မည် ဖြစ်ပြီး အသွင်အပြင်မှာလည်း ဆန်းသစ်လာကာ နေ့စဉ် လူနေမှုဘဝအတွက် လိုအပ်သော အရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
 ကြည့်ရှုရလွယ်ကူရန် မြင်သာစေသည့် အရောင်အသွေးများ ထည့်သွင်းပေးထားပြီး application များမှာလည်း ၆၅၀၀ကျော်ရှိမည် ဖြစ်ပါသည်။ မိုက်ခရိုဖုန်းပါရှိသောကြောင့် အသံဖြင့် reply လုပ်ခြင်း voice note များ မှတ်ခြင်းလည်း ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
 ရေစိုလည်းခံပြီး အဖြူ၊ အနီ နှင့် အနက်ဟူသော အရောင် သုံးရောင် ရှိသောကြောင့် မိမိကြိုက်နှစ် သက် ရာကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ ပရောဂျက်မှာ ပြုလုပ်နေဆဲဖြစ်ပြီး လာမည့် မေလတွင် ထုတ်နိုင် မည်လို့တော့ ခန့်မှန်းရပါတယ်။ 


Credit : http://news.sky.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...