လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

April 03, 2015

Facebook က ဗီဒီယိုတွေ upload လုပ်နေစရာ မလိုတော့တဲ့ စနစ်တစ်ခုကို မိတ်ဆက်



ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး လူမှု ကွန်ရက်တွေကို ပိုင်ဆိုင်ထားတဲ့ Facebook ကုမ္မဏီဟာ အမြဲတမ်း လုပ်ဆောင်ချက် အသစ်တွေနဲ့ သုံးစွဲသူတွေကို update ပြု လုပ်ပေးလေ့ ရှိခဲ့ပါတယ်။ အခုလည်း Facebook က ဗီဒီယို နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အသစ်တွေကို ဖန်တီး လိုက်ပြန်ပါပြီ။
 Facebook က ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး Newsfeed မှာ autoplay စနစ်နဲ့ ပြသစေခဲ့ပြီး တဲ့နောက် မှာတော့ ထိုဗီဒီ ယိုတွေကို Facebook မှာ upload လုပ်နေစရာ မလိုတော့တဲ့ စနစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ Facebook ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေဟာ Facebook ပေါ်မှာပဲ ရှိနေမှာ မဟုတ်တော့ပါဘူး။ Facebook ဟာ သူ့ ရဲ့ လူမှုကွန်ရက်မှာ embeddable player တစ်ခုကို ထည့်သွင်းလိုက်ပြီး အဲဒီ Player ဟာ သုံးစွဲသူတွေကို အခြား ၀က်ဘ်ဆိုက်တွေမှာ ရှိတဲ့ ဗီဒီယို ကလစ်ပ်တွေကို Facebook မှာပြသ ခွင့်ပြုပေး မှာဖြစ်ပါတယ်။
အသုံးပြု ပုံကတော့ သုံးစွဲသူတွေ Facebook ပေါ်တင်ချင်တဲ့ ဗီဒီယိုရဲ့ code ကို Copy လုပ်ပြီး Facebook ရဲ့  Blog သို့ status မှာ Paste လုပ်လိုက်ရုံနဲ့ တင်ရပါတယ်။ တစ်ကယ်လို့ သုံးစွဲသူက ထိုဗီဒီယို ကို တစ် ကမ္ဘာလုံးနဲ့ ပြန်လည်ဝေမျှ ချင်တယ် ဆိုရင်တော့ မိမိဘာသာ Upload ပြန်လုပ် ဖို့လိုပါလိမ့်မယ်။ 
Credit : http://www.engadget.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...