လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

August 04, 2015

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရေလှောင်တမံများတွင် ရေလှောင်ပမာ ဏ ပြည့်မီကျော် လွန်ဟင်္သာတမြို့တွင် ဇူလိုင် ၃၁ ရက်မှ စ၍ စိုးရိမ်ရေ အမှတ် ကျော်လွန်ပြီး နေ့စဉ်မြင့်တက် လျက်ရှိ




နေပြည်တော် သြဂုတ် ၎

မြန်မာနိုင်ငံတစ်ဝန်းတွင် ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်းထန်စွာရွာ သွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံ မှုများဖြစ်ပွားခဲ့ရာ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတွင် ဧရာဝတီမြစ်ရေနှင့် င၀န်မြစ်ရေများ မြင့်တက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ ၄၄ ဒသမ ၀၂၉ ပေဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှစ၍ စိုးရိမ်ရေအမှတ်ကို နေ့စဉ်ကျော် လွန်လျက်ရှိကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ နန်ကသူ၊ ကညင်၊ မမြနှင့် ကွန်ချောင်းရေလှောင်တမံများတွင်လည်း သတ်မှတ်ရေလှောင်ပမာ ဏ ပြည့်မီကျော်လွန်သဖြင့် ရေပိုလွှဲများမှ ရေထုတ်လွှတ် မှုနှင့် ရေကျော်ကျမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းကို ကောင်းကင်ဓာတ်ပုံနှိုင်းယှဉ်ချက်များ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့၏ မှတ်တမ်းများအရ သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...