လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

August 04, 2015

ရေဘေးကြုံတွေ့ နေရတဲ့ ဒေသတွေက လိုအပ်ချက်တွေနဲ့ လှူဒါန်းလိုသူတွေကို ဆက်သွယ်ပေးလို



ရေဘေးကြုံတွေ့ နေရတဲ့ ဒေသတွေကို သွားရောက် လှူဒါန်းချင်သူတွေ၊ ကိုယ်တိုင်မသွားဖြစ်လို့ သွားလှူဒါန်းမယ့် သူတွေက တဆင့်လှူဒါန်းချင်တွေက သစ်ထူးလွင်ဝက်ဆိုဒ်ကို ဆက်သွယ် မေးမြန်းမှုတွေ ရှိနေပါတယ်။ လှူဒါန်းချင်သူတွေအတွက် ဘယ်နေရာဒေသမှာ ဘာတွေ အရေးတကြီး လိုအပ်နေတယ်။ ဘယ်သူတွေကို ဆက်သွယ်ရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ပေးပို့ ကြဖို့ မေတ္တာ ရပ်ခံပါတယ်။

မြန်မာနိုင်ငံအတွင်း ရေဘေးကြုံတွေ့  နေကြတဲ့ ဒေသတွေက ဒေသခံတွေအနေနဲ့ သတင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုတွေနဲ့ အတူ အလှူရှင်တွေကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် ------ တွေကိုပါ ထည်သွင်းဖော်ပြပြီ သစ်ထူးလွင်ဝက်ဆိုဒ်ကို အမြန်ဆုံးပေးပို့ စေချင်ပါတယ်။ ပေးပို့ လာတဲ့ သတင်းအချက်အလက်တွေကို သစ်ထူးလွင်ဝက်ဆိုဒ်ကနေ အချိန်နဲ့ တပြေးညီ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ https://www.facebook.com/thithlwin (Thit Htoo Lwin Facebook message box ) နဲ့  Email; thithtoolwin9@gmail.com ကို ဆက်သွယ်ပေးပို့ နိုင်ပါတယ်။ ရေဘေးကြုံတွေ့ နေရတဲ့ ဒေသတွေက သတင်းအချက်အလက် အမှန်တွေ ပေးပို့ ရင်း သစ်ထူးလွင်ဝက်ဆိုဒ်နဲ့ အတူတူ ကုသိုလ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်။

ညောင်တုန်းမြို့မှာ ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကို ကြိုတင်ကာကွယ် နေပုံ ဖြစ်ပါတယ်။

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...