လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

August 07, 2015

ကျန်းမာလှပသော အသားအရည်ကို ပိုင်ဆိုင်စေဖို့အတွက် စားသုံးသင့်တဲ့ အစားအစာများ






အသားအရည်ဟာ လူရဲ့ ကျန်းမာရေးကို ဖော်ပြပေးသည့် အရာတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ အစားအစာ အမျိုးအစားကို ရွေးချယ်၍ မစားသောက်ပါက ဝက်ခြံများထွက်ခြင်း၊ အသားအရည် ခြောက်သွေ့ခြင်းများ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

ဖော်ပြပါ အစားအစာများကတော့ သင့်အသားအရည်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေးမည့် အစားအစာများဖြစ်ပါတယ်။

အပူပိုင်းဒေသထွက် သစ်သီးများ

ဗီတာမင်စီပါဝင်တဲ့ မာလကာသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ကီဝီသီး စသည့် အပူပိုင်းဒေသထွက် သစ်သီးတွေကို စားသုံးခြင်းဟာ သင့်အသားအရည် ပျက်စီးမှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင်မှ ကိုလာဂျင်နှင့် ပရိုတင်း ထုတ်လုပ်နှုန်းကို မြင့်တက်စေတာကြောင့် အသားအရည်ကို တင်းရင်းလှပစေမှာ ဖြစ်ပါတယ်။

ပန်းဂေါ်ဖီ

ဗီတာမင် စီနှင့် အီး ပါဝင်သည့် ပန်းဂေါ်ဖီကို စားသုံးခြင်းဖြင့် ဗီတာမင် စီက သင့်အသားအရည် အတွက် လိုအပ်သော ကိုလာဂျင်ကို ထုတ်လုပ်ပေးကာ အသားအရည် စိုပြေလှပမှုကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဗီတာမင် အီးကတော့ UV ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရည်ကို အသစ်တစ်ဖန် ပြန်လည် လှပစေမှာ ဖြစ်ပါတယ်။

ဖရုံစေ့

ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်သည့် ဖရုံစေ့ကို စားသုံးခြင်းဟာ သင့်ကိုယ်တွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကိုလာဂျင်ကို ထုတ်လုပ်ပေးကာ အသားအရည်အတွင်းရှိ ဆဲလ်သေများကို ပြန်လည် မွေးဖွားပေးမှာ ဖြစ်ပါတယ်။

( NSD )
#health.thithtoolwin.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...