လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

February 21, 2015

Lego Braille Printer ကို ကလေးငယ်တစ်ဦးက စွန့်ဦးတီထွင်ခဲ့



California ရှိ ဆယ်ကျောက်သက် ကလေးငယ်တစ်ဦးသည် သိပ္ပံဘာသာရပ်အတွက် ပရောဂျက်ပြုလုပ်ခဲ့ရာ ယခုအခါ ထိုကလေးငယ်၏ တီထွင်မှုတွင် Intel မှ ရင်းနှီးမြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။
 ၁၃နှစ်အရွယ် Shubham Banerjee ဟုခေါ်သူ အမေရိကန်ကလေးငယ်တစ်ဦးသည် Lego အရုပ်လေးများကို အသုံးပြု၍ Braille printer ကို တီထွင်ကာ ရင်းနှီမြှုပ်နှံမှုရရှိခဲ့တဲ့ အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူ ဖြစ်လာခဲ့ပါတယ်။ Braille printer တစ်လုံး၏တန်ဖိုးမှာ အနည်းဆုံး ဒေါ်လာ၂၀၀၀ ရှိပြီး အလေးချိန်မှာ  လည်း  ပေါင် ၂၀ခန့်  လေးကာ  အလွန်ဈေးကြီးသောကြောင့် သူ့အနေဖြင့် အလွန် အံ့သြခဲ့ရပါတယ်။
သူဟာ ဈေးနှုန်းချိုသာပြီး ပိုမိုပေါ့ပါးတဲ့ ပရင်တာတစ်လုံးကို ကျောင်းရဲ့ သိပ္ပံပရောဂျက် အတွက် တီထွင်ရန် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ Lego Mindstorms EV3 robotics kit ကိုအသုံးပြုကာ ညဘက်တွေမှာ တီထွင် ခဲ့ပါတယ်။ ဈေးနှုန်းတွေက အဲ့လောက်မကြီးသင့်ဘူး ဒါကို ပိုမိုရိုးရှင်အောင် ပြုလုပ်လို့ရမယ်လို့ ကျွန်တော် ထင်ပါတယ် လို့သူက AP news agency ကို ပြောကြား ခဲ့ပါတယ်။
 Shubham ဒေါ်လာ ၃၅၀တန် ပေါ့ပါးတဲ့ပရင်တာ အမျိုးအစားတွေကို ရောင်းချ ချင်ခဲ့ပါတယ်။ သူတီထွင် ဖန်တီးခဲ့တဲ့ ပရင်တာကို Braille နှင့် Lego အမည်ပေါင်းကာ Beaigo ဟု အမည်ပေးခဲ့ပြီး သူ၏ ဖခင်မှ ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၃သောင်းခွဲ ထုတ်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ Intel မှ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့ပြီး ထုတ်လုပ်ပေးတော့မည်  ဖြစ်ပါတယ်။ 
Credit : http://news.sky.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...