လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

February 21, 2015

၂၀၁၄ ခုနှစ်တွင် အင်တာနက်ပေါ်၌ အများဆုံး အသုံးပြုခဲ့ကြတဲ့ password



ကိုယ်ရေးအချက်အလက်တွေ လုံခြုံမှုရှိစေရန် တခြားလူတွေ မခန့်မှန်းနိုင်လောက်တဲ့ password တွေကို ထားလေ့ရှိကြပါတယ်။ ၂၀၁၄ခုနှစ်တွင် လူသုံးအများဆုံး password များကို SplashData ကထုတ်ပြန် ခဲ့ပါတယ်။
 မြောက်အမေရိက နှင့် အနောက် ဥရောပ ဒေသများရှိ အသုံးပြုသူ များထံမှ စစ်တမ်းကောက် ကြည့်ရာတွင် လူဦးရေ ၃.၃သန်းခန့်သည် အများအားဖြင့် အသုံးပြုလေ့ရှိသည့်  password ၂၅ခုရှိခဲ့ပါတယ်။
ထို password များသည် သာမန်ထက် hack ရပိုမိုလွယ်ကူသည့် စကားလုံးများဖြစ်ပြီး “123456” နှင့် “password” ဆိုသည့် စကားဝှက်များမှာ ၂၀၁၁ ခုတည်းက လူအများဆုံးသုံးခဲ့သည့် စကားဝှက်စာရင်းတွင် ထိပ်တန်းက ပါဝင်နေခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါတယ်။
 အသုံးများဆုံး password ၂၅ခု စာရင်းတွင် “12345”, “12345678”, “123456789” နှင့် “1234” စသည့် နံပါတ်စဉ်များ ပါရှိပါတယ်။ လူကြိုက်အများဆုံး အားကစားများဖြစ်သည့် “baseball” နှင့် “football” ကတော့ အသုံးများဆုံး top 10 တွင် ပါဝင်ခဲ့ပါတယ်။ “hockey”, “soccer” နှင့် “golfer” စသည်တို့ကတော့ top 100 စာရင်းတွင် ပါရှိခဲ့ပါတယ်။ 


Credit : http://www.news.com.au

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...