လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 05, 2015

ကလေးများအတွက် ဗီဒီယို app ကို YouTube ထုတ်လုပ်ရန် စီစဉ်



      Mobile device များအတွက် YouTube က ကလေးများ အသုံးပြုနိုင်မည့် ဗားရှင်းသစ်ကို တနင်္လာနေ့က ထုတ်လုပ် လိုက်ပါတယ်။ အမေရိကန်နိုင်ငံ တစ်ခုတည်း တွင်သာ Andriod အတွက် ထုတ် လုပ်ပေး ထားသေး တာဖြစ် ပါတယ်။ “Music Key’s service” ကို ထုတ်လုပ် ထားပြီး ဖြစ်ကာ အခမဲ့ အသုံးပြုနိုင် သည့် ဗားရှင်းလည်း ဖြစ်ပါတယ်။ ကလေးငယ်များအတွက် သင့်တော်မည့် kids app တစ်ခု ဖြစ်ကာ ကြည့်ရှု ချိန် သတ်မှတ်ခြင်း၊ အသံချိန် ညှိပေးခြင်း စသည်တို့ကို လူကြီးမိဘများ အနေဖြင့် ထိန်းချုပ်နိုင်မည့် feature များလည်းပါဝင်ပါတယ်။ ထို့အပြင် ဗီဒီယိုများကို လွယ်ကူစွာ ရှာဖွေလာနိုင်မည် ဖြစ်ကာ ကလေးငယ်များ အတွက် အထူးသင့်တော် မည် ဖြစ်ပါတယ်။ TV shows, သင်ကြားရေး ဗီဒီယိုများ၊ သီချင်းများ စတာတွေလည်း ပါဝင်မည် ဖြစ်ပါတယ်။ ကလေးငယ်များ အနေဖြင့် ငယ်ရွယ်တဲ့ အချိန်မှာ ကြည့်ရှုသင့်တဲ့ ဗီဒီယိုများကိုသာ ရွေးချယ် ထည့်သွင်းပေး သွားမှာ ဖြစ်တာကြောင့် မိဘများ၏ စိတ်ပူပန်မှုများကို လျော့နည်းစေနိုင် မည် ဖြစ်ပါတယ်။
   အချို့ မိဘများမှာမူ မိမိ၏ ကလေးငယ်များအား စာအုပ်တွေဖတ်၊ ပျော်ရွှင်စွာ ဆော့ကစားက လက်တွေ့ ဘဝကြီးကို ဖြတ်သန်းစေချင်ကြပြီး အွန်လိုင်းပေါ်တွင်အချိန်တွေ အသုံးချနေတာကို မကြိုက်နှစ်တတ်ကြပါ။ သို့ပေမယ့် ဒီ app  လေးက ကလေးငယ်များအတွက်ကော မိဘများ အတွက်ပါအဆင်ပြေစေမည့် app ဖြစ်နိုင်တယ်လို့တော့ မိဘ တော်တော်များများ က ထောက်ခံ မှု ပြုထားကြပါတယ်။

Credit : http://techcrunch.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...