လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 05, 2015

Google ရဲ့ မိုဘိုင်းလ် ငွေပေးချေစနစ် သို့မဟုတ် Google Wallet


Googel ဟာ AT&T , Verizon နဲ့ T-Mobile တို့နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ Android ဖုန်းတွေမှာ Google Wallet ဆိုတဲ့ မိုဘိုင်းလ် ငွေပေးချေ စနစ် app တစ်ခုကို အသုံးပြုနိုင်အောင် ဒီနှစ်ထဲမှာ ထုတ်လုပ်တော့ မှာဖြစ်ပါတယ်။ ထို app ကတော့ ငွေပေးချေရေး စနစ်တစ်ချို့ အတွက် အချိန်မပေးနိုင် တဲ့လူ အချို့ကို Google က အဆင်ပြေအေင် စီစဉ်ပေးလိုက်တာပဲဖြစ်ပါတယ်။ 
ထို app ရဲ့ အသုံးပြု ပုံကတော့ Google Wallet app ကို KitKat (သို့) ပိုမို အဆင့်မြင့်တဲ့ Android စနစ်ကို အသုံးပြု ထားတဲ့ ဖုန်းတွေမှာ ကနဦး တပ်ဆင်ရမှာဖြစ်ပါတယ်။ ဖုန်း ဘီလ် ပေးဆောင်ခြင်း၊ ငွေလွှဲပေးပို့ခြင်း စတဲ့ လုပ်ဆောင်မှုတွေကို Credit Card တစ်ခုလို အသုံးပြုနိုင်မယ့် Softcard စနစ် ဖြစ်ပါတယ်။ Googel ဟာ Softcard စနစ်နောက်ကို အမှီလိုက်နိုင်မှ ရတော့မှပါ။ နည်းပညာ တိုးတက်မှုဟာ လက်ရှိမှာ မိုဘိုင်းလ်ငွေပေးချေ စနစ် ထဲကို ရောက်ရှိလို့နေပါပြီ။
 Apple ကုမ္မဏီ ကလည်း Apple Pay ဆိုတဲ့ မိုဘိုင်းလ်ငွေချေ စနစ် နဲ့ အမေရိကန် အစိုးရ ရဲ့ ထောက်ခံမှု ကို ပါရရှိထားသလို Samsung ကလည်း Buying Loopay ဆိုတဲ့ ကိုယ်ပိုင် Softcard စနစ် app တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ Google ဟာ ထို app ကို ထုတ်လုပ်နိုင်ဖို့အတွက် မိုဘိုင်းလ် ငွေချေ စနစ် အသုံးပြုတဲ့ ကုမ္မဏီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းကိုတော့ ဇန်န၀ါရီ လကတည်းက Tech Crunch သတင်းဌာန ကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။


Credit : http://www.engadget.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...