လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 10, 2015

ဖုန်းတွေရဲ့ တည်နေရာဒေတာ ကို ခြေရာခံဖို့ ရဲဝန်ထမ်းတွေ အတွက် ၀ရမ်းလိုအပ်



ပြည်နယ်တော်တော် များများဟာ ရဲတွေကို ပြည်သူတွေရဲ့  ဖုန်းတည်နေရာ သမိုင်းကို ၀ရမ်း မပါပဲ ခြေရာခံချင်းကို တားမြစ်ထားတဲ့ ဥပဒေတွေ ရှိပြီးသားပါ။ ဒါပေမယ့် ဒါဟာ သက်ဆိုင်ရာ တရားရုံးပေါ် မူတည်နေပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက် ဖက်ဒရယ် တရားသူကြီး ကတော့ ရဲ တွေဟာ ထိုကိစ္စရပ်ကို ဆောင်ရွက်ဖို့ ၀ရမ်းလိုတယ်လို့ ဆိုပါတယ်။ 
ဘာကြောင့်လဲဆိုတော့ ဖုန်းပိုင်ရှင်ရဲ့ တည်နေရာ Data ဟာ ပုဂ္ဂလိက ပိုဆိုင်မှု တစ်ခု ဖြစ်သလို အသုံးပြု ခဲ့တဲ့ ဆဲလ်တာဝါတွေရဲ့ သတင်း အချက် အလက်တွေကို သိနိုင်ဖို့ အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်လို အပ်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ထိုတည်နေရာ Data ဟာ သုံစွဲသူရဲ့ ဘ၀ကို သင်ထား တာထက်ပိုပြီး ဝေမျှပေးနိုင်ပါတယ်။ ဒါဟာ မိုဘိုင်းလ် ဖုန်းတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တရားဥပဒေ စိုးမိုးမှု တစ်ခုဖြစ်ပြီး တရားဝင် လုပ်ဆောင် လို့မရတော့ ပါဘူး။
ဒါကြောင့် အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ ရဲအရာရှိတွေဟာ သူတို့ ရှာချင် တဲ့ သူဘယ် မှာရှိတယ် ဆိုတာကို တည်နေရာ Data အသုံးပြု ပြီးမရှာ ခင်မှာ ပြေလည်စွာ အရင်မေးမြန်းရမှာဖြစ်ပါတယ်။ ၀ရမ်း ပါ မှ သာ တည်နေရာ Data ကို အသုံးပြု ခွင့် ရှိမှာပါ။

Credit : http://www.engadget.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...