လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 07, 2015

အလုပ်ခန့်ရာတွင် အသုံးပြုသော စည်းမျဉ်းတစ်ခုကို Facebook တည်ထောင်သူ Zuckerberg ပြောပြ



သန်းကြွယ်သူဌေး Mark Zuckerberg သည် ဝန်ထမ်းခန့်အပ်ရာတွင် သူလိုချင်တဲ့ အချက်တစ်ချက်ကို ကြည့်ကြောင်း ဘာစီလိုနာရှိ Mobile World Congress မှာ အမေး အဖြေ လုပ် ရင်း ပြောကြား ခဲ့ တာ ဖြစ်ပါတယ်။ “ကျွန်တော်က သူ့အတွက် အလုပ်လုပ်ပေးသလို သူကလည်း ကျွန်တော့ အတွက် တိုက်ရိုက် အလုပ်ပြန်လုပ်ပေးနိုင်မယ့် လူမျိုးတွေကိုသာ ကျွန်တော် အလုပ်ခန့်ပါတယ်” လို့ Zuckerberg က ပြောကြားခဲ့ပါတယ်။
 ဒါက ကောင်းမွန်တဲ့ စမ်းသပ်မှုဖြစ်သလို ဒီစည်းမျဉ်းဟာ သူအတွက် ကောင်းကောင်း အထောက် အကူ ဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။ Facebook သည် အယုံကြည်ရဆုံး နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်ပြီး အခြားသော လုပ်ငန်းစုတွေထက် ဝန်ထမ်းဦးရေကလည်း နည်းပါးပါတယ်။ Mr Zuckerberg က အရေးကြီးဆုံးအချက်ဟာ ကိုယ့် အသင်းအဖွဲ့ကို တတ်နိုင်သမျှ သေးအောင် လုပ်နိုင်ဖို့ပါပဲ လို့  လည်း ပြော ခဲ့ပါတယ်။ Facebook က တစ်ကမ္ဘာလုံးရှိ သန်းကျော် လူဦးရေကို ဝန်ဆောင် မှုပေးနေသော် လည်း တကယ့် ဝန်ထမ်း လူဦးရေမှာ ၁သောင်းအောက် သာ ရှိပါတယ်။
Credit :  http://news.sky.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...