လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 13, 2015

တယ်လီနော ဆင်းမ်ကတ်များ လစဉ်ပုံမှန်ချပေးမည်ဖြစ်ပြီး မှောင်ခိုဈေးကွက်မှ မဝယ်ရန် တိုက်တွန်း




ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်းတွင် အော်ပရေတာ ဝန်ဆောင်မှုပေးနေသည့် တယ်လီနော မြန်မာကုမ္ပဏီက လစဉ်ဆင်းမ်ကတ် တစ်သန်းခွဲ ချထားပေးသွားမည်ဖြစ်ပြီး မှောင်ခိုဈေးကွက်မှ ဝယ်ယူခြင်းမပြုရန် တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က တိုက်တွန်းပြောကြားလိုက်သည်။
Telenor-Sim
တယ်လီနော ဆင်းမ်ကတ် အရောင်းဆိုင်တွင် ပြထားသည့် ဆင်းကတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
Mr. Petter Furberg က "လစဉ်ဆင်းမ်ကတ် တစ်သန်းခွဲ ချထားပေးသွားပါမယ်။ မှောင်ခိုဈေးကွက်ကနေ မဝယ်ဖို့ တိုက်တွန်းချင်ပါတယ်" ဟု ဆိုသည်။
ပြင်ပမှောင်ခိုဈေးကွက်မှ ဝယ်ယူထားသည့်ဆင်းမ်ကတ်များသည် မှတ်ပုံတင်စာရင်းသွင်းထားခြင်း မရှိသဖြင့် ကတ်ပျောက်ဆုံးပါက လက်ကျန်ငွေနှင့် ယခင်နံပါတ် ပြန်လည်ရရှိမည် မဟုတ်သဖြင့် ကျပ် ၁,၅ဝဝ ထက်ပိုမပေးဘဲ တရားဝင် မှတ်ပုံတင်စာရင်းသွင်းရမည့် အရောင်းဆိုင်များတွင်သာ ဝယ်ယူရန် တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်းက အကြံပြုသည်။
၎င်းက "အပြင်ကဝယ်တဲ့ကတ်တွေ ပျောက်သွားရင် အရင်နံပါတ်ပြန်လျှောက်လို့ မရပါဘူး။ လက်ကျန်ငွေလည်း ပြန်မရတော့ပါဘူး။ ဒါကြောင့် တရားဝင်မှတ်ပုံတင် စာရင်းသွင်းပေးတဲ့ နေရာမှာပဲ ဝယ်ဖို့ အကြံပြုချင်ပါတယ်" ဟု ဆိုသည်။
တယ်လီနောမြန်မာက ၂ဝ၁၅ ခုနှစ်အကုန်တွင် မြန်မာ တစ်နိုင်ငံလုံးရှိမြို့ကြီးများ၏ ရာခိုင်နှုန်း ၉ဝ အထိ ကွန်ရက်ဖြန့် ကျက်နိုင်ရန် ဆောင်ရွက်သွားမည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က မဇ္ဈိမ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားထားခဲ့သည်။
တယ်လီနောမြန်မာ၏ ဆင်းမ်ကတ်များကို  ၂ဝ၁၅ ဖေဖော်ဝါရီအထိ ကတ် ၄ ဒသမ ၅ သန်းချထားပေးပြီး ၂ဝ၁၄ နှစ်ကုန်အထိ စာရင်းများအရ ကတ် ၃ ဒသမ ၅ သန်းအထိ အသုံးပြုနေသည်ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေးအရာရှိက ဆိုသည်။ အသုံးပြုနေသည့်ကတ်များတွင် အင်တာနက်အသုံးပြုသည့်အရေအတွက်သည်  ရာခိုင်နှုန်း ၅ဝ အထိ  ရှိသည်ဟု လည်း ၎င်းက ဆိုသည်။
တယ်လီနောမြန်မာကအသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်(Post Paid) ကိုလည်း ဖေဖော်ရီလ ၁၉ ရက်တွင် မိတ်ဆက်ခဲ့ပြီး လက်ရှိအသုံးပြုနေသည့် နှုန်းထားများအတိုင်းသာ ကောက်ခံသွားမည်ဟု တယ်လီနောမြန်မာက ထုတ်ပြန် ထားသည်။
                                                         Written by  မောင်မန်း

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...