လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

March 13, 2015

အူရီးဒူးဖုန်းများ ပြည်ပနိုင်ငံ ၂၄ နိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ပြီ


Written by 
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ ဝန်ဆောင်မှုပေးနေသည့် အူရီးဒူးမြန်မာ၏ ဖုန်းများကို ပြည်ပနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု အူရီးဒူးမြန်မာက မတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
Ooredoo-1
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အိမ်နီးချင်း နိုင်ငံများအနက် ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုးနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
အခြားနိုင်ငံများဖြစ်သည့် ဂျပန်၊ မော်ဒိုက်စ် တောင်ကိုရီးယား၊ လင်ချင်းစတိုင်၊ ဆွစ်ဇာလန်၊ ဘရာဇီး၊ ကနေဒါ၊ အစ္စရေး၊ လက်ဘနွန်၊ နယူးဇီလန်၊ အိုမန်၊ ကာတာစသည့်နိုင်ငံများသို့လည်း အူရီးဒူး၏ ဖုန်းများသယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများကိုလည်း မတ်လအတွင်းတွင် သယ်ဆောင်အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အူရီးဒူး၏ အကြီးတန်း လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက "နိုင်ငံခြားရောက်နေတဲ့ အချိန်မှာ အသိမိတ်ဆွေတွေနဲ့ ဖုန်းအဆက်အသွယ်မပြတ်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်" ဟု ဆိုသည်။
ပြည်တွင်းမှ အူရီးဒူးဖုန်းအသုံးပြုသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက "ကိုယ့်ဖုန်းကို နိုင်ငံခြားသယ်သွားလို့ရတယ် ဆိုတော့ စီးပွားရေးသမားတွေအတွက် အဆင်ပိုပြေပါတယ်။ အချိန်မရွေး ပြန်ဆက်သွယ်နေလို့ ရသွားတာပေါ့" ဟု ဆိုသည်။ ပြည်ပသို့ သယ်ဆောင်အသုံးပြုမည်ဆိုပါက ဖုန်းဘေလ်ကို လုံလောက်စွာ ထည့်သွင်းထားရမည်ဟုလည်း အူရီးဒူး၏ ထုတ်ပြန် ချက်တွင် အသိပေးဖော်ပြထားသည်။

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...