လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

July 30, 2015

အမြင်အာရုံ ပြန်လည် ရရှိစေနိုင်မယ့် Bionic Eye Implant ကို ဗြိတိန်တွေ တီထွင်






အမြင်အာရုံ ပြန်လည် ရရှိစေနိုင်မယ့် Bionic Eye Implant ဟာ ဗြိတိန်အမျိုးသား တစ်ဦးရဲ့ အမြင်အာရုံ ကို ပြန်လည် ကုသပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာမြို့မှာနေထိုင်တဲ့ အသက် ၈၀ အရွယ် Ray Flynn ဆိုသူဟာ ကမ္ဘာမှာ Artificial Retina ကို ရရှိခဲ့တဲ့ ပထမဆုံး လူတစ်ယောက် အဖြစ် မှတ်တမ်းတင်သွားပါပြီ။ ထို Retina ကိုတော့ ဗြိတိန်နိုင်ငံမှာ အဖြစ်အများဆုံး မျက်စိ ရောဂါ တစ်ခုဖြစ်တဲ့ age-related macular degeneration (AMD) ဆိုတဲ့ ရောဂါ ကို ကုသတဲ့ နေရာမှာ အသုံးပြုနိုင်သွားခဲ့ပါပြီ။

မန်ချက်စတာမြို့ Royal မျက်စိဆေးရုံက ခွဲစိတ်ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ လကပဲ Mr Flynn ရဲ့ မျက်စိနောက်မှာ Chip ပြားတစ်ခုကို တပ်ဆင်ပေးခဲ့ကြတာဖြစ်ပါတယ်။ Mr Flynn ဟာ AMD ရောဂါ ကိုခံစားနေရတာ ၈ နှစ်ခန့် ရှိနေပြီဖြစ်ပြီး  သူဟာ အရင်တုန်းက သူ့မျက်လုံး ရဲ့ ထောင့်စွန်းလောက်ထိသာ မြင်နိုင်စွမ်းရှိသူတစ်ဦးဖြစ်ပါတယ်။

အခုချိန်မှာတော့ စတာလင်ပေါင် ၈၀၀၀၀ ကုန်ကျခဲ့တဲ့ လုပ်ဆောင်မှုက သူ့ကို နဂို အမြင်အာရုံ ပြန်လည် ရရှိစေခဲ့ပါပြီ။ သူဟာ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ ပါဝါ ပါတဲ့ မျက်မှန်တွေ မလိုတော့ ပဲ သတင်းစာတွေကို ကောင်းမွန်စွာ ဖတ်ရှုနိုင်သွားပါပြီ။

ထို Bionic စနစ်ဟာ ကင်မရာ ကတစ်ဆင့် ရိုက်ကူးထားတဲ့ ဗီဒီယို ပုံရိပ်တွေကို အီလက်ထရစ် လှုံ့ဆောင်မ့တွေ အဖြစ်ပြောင်းလဲလိုက်ပြီး ဦးနှောက်ဆီ ပို့ဆောင်ပေးတာဖြစ်ပါတယ်။ အဲဒီကတဆင့် အီလက်ထရောနစ် အချက်ပြမှုတွေဟာ ကြိုးမဲ့စနစ် နဲ့ မျက်ကြည်လွှာအောက်က ထိခိုက်ထားတဲ့ ဆဲလ်တွေဆီ ပို့ဆောင်နေရာယူလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အီလက်ထရစ် လှုံ့ဆော်မှုတွေဟာ မျက်ကြည်လွှာရဲ့ ကောင်းမွန်စွာ ကျန်ရှိနေတဲ့ ဆဲလ်တွေကို လည်း ထပ်မံ လှုံ့ဆော်ပေးပြီး ဦးနှောက်ထဲမှာ အလင်းရောင် တုံ့ပြန်မှု ရလဒ် တွေ ပြန်လည် ရရှိစေခဲ့တာပဲ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ AMD ရောဂါကို ခံစားနေရသူ ၅၀၀၀၀၀ ယောက်ခန့် ရှိနေပြီး ထိုလူနာအားလုံးဟာ မျက်ကြည်လွှာ အနောက်မှာရှိတဲ့ ဆဲလ်တွေ ထိခိုက်ပျက်စီးမှု ကြောင့် အမြင်အာရုံချို့တဲ့သွားရသူတွေပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေကတော့ Mr Flynn ရဲ့ စမ်းသပ်မှု အောင်မြင်သွားတဲ့နောက်ပိုင်း အခြားလူနာတွေကိုလည်း ခွဲစိတ်ကုသမှု တွေ ပြုလုပ်ပေးတော့မယ်လို့ ဆိုထားပါတယ်။

( Mario )
သစ်ထူးလွင်(ကျန်းမာရေး)
health.thithtoolwin.com

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...