လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

July 30, 2015

အကောက်ခွန်မဲ့ တရားမ၀င်ရွှေတုံး ကီလို ၂၀ ခန့် ဖမ်းဆီးရမိ




မူဆယ် ဇူလိုင် ၂၉

မူဆယ်မြို့မှ တစ်ဖက်နိုင်ငံထွက်ပေါက်ဖြစ်သော ဆင်ဖြူဂိတ်တွင် ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီခွဲက ရွေ့လျားလှုပ်ရှား (မူဆယ်) ဦးဝင်းထွန်းအောင်အဖွဲ့က တရုတ်နိုင်ငံဘက်မှ လူနှစ်ဦးစီးနင်းလာသော တရုတ်ဆိုင်ကယ် 4N/----- ကို တားဆီးစဉ် ဆိုင်ကယ်ထားခဲ့ပြီး ထွက် ပြေးသဖြင့် ရှာဖွေရာ ရွှေအတုံး ၂ဝ ကို သိမ်းဆည်းရမိသည်။

 အဆိုပါရွှေတုံးများကို စစ်ဆေးပြီး ညနေ ၄ နာရီခွဲတွင် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနသို့အပ်နှံခဲ့ရာ ရွှေတုံး ၂ဝ (၁၉ ဒသမ ၄၄၂ ကီလိုခန့်) ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၃၉၈၉၄၄ဝဝ နှင့် ဆိုင်ကယ်တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အယ်လ်စိုး(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...