လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

July 30, 2015

ယွမ်ကြေးနှုန်းထားမြင့်တက်၍ မူဆယ်၌ ဒေသခံဈေးဆိုင်များ အရောင်းအ၀ယ်ပါး



 


မူဆယ် ဇူလိုင် ၂၉

 အိမ်နီးချင်းနိုင်ငံ ဖြစ်သော တရုတ်နိုင်ငံ၏ ငွေကြေးနှုန်းထား မြင့်တက်မှုကြောင့် နယ်စပ်ကုန်သွယ် ရေး မြို့ဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၌ ဈေးဆိုင် များ ယခုရက်ပိုင်းအတွင်း အရောင်း အဝယ် အေးလျက်ရှိသည်။

ယခုအချိန်တွင် တရုတ်ငွေကြေး နှုန်းထားမြင့်တက်မှုကြောင့် မူဆယ် မြို့ရှိ တရုတ်ပစ္စည်းရောင်းချသည့် ဆိုင်များတွင် ဝယ်သူနည်းပါးပြီး အချို့ဆိုင်များမှာ တစ်နေ့လုံးဈေးဦး မပေါက်ဘဲ အရောင်းအဝယ် ကျဆင်းလျက်ရှိသည်။ ငွေကြေးနှုန်း ထား အတက်အကျအပေါ် မြန်မာ ကုန်သည်များက အကဲခတ်စောင့် ကြည့်ပြီး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
''အခုရက်ပိုင်း တရုတ်ငွေကြေး နှုန်းထားမြင့်တက်မှုကြောင့် မူဆယ် မြို့ပေါ်ရှိ ဆိုင်တွေ အရောင်းအဝယ် များကျဆင်းပြီး ပစ္စည်းအဝယ် ရပ်ထားရတယ်။ ဆိုင်မှာရှိတဲ့ ပစ္စည်း တွေကိုပဲ လက်ကားရောင်းချမှုမရှိ ဘဲ လက်လီအဖြစ်သာ ရောင်းချရ တယ်။ ရောင်းချပြီးတဲ့ ပစ္စည်းတွေ အတွက် နောက်ထပ် ပစ္စည်းအစား ထိုးဝယ်ယူ နိုင်ခြင်းလည်းမရှိပါဘူး''ဟု ကုန်သည် ဦးစိုးနိုင်က ပြောသည်။

ဆက်လက်၍ ပို့ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် ဦးဝင်းကိုကလည်း ''တရုတ်ငွေကြေးနှုန်းထား မြင့်တက် မှုကြောင့် တရုတ်နယ်စပ်ရှိဒေသများ တွင်သာ အရောင်းအဝယ် အကျပ် အတည်း ကြုံတွေ့ရတာမဟုတ်ပါဘူး။ မြန်မာပြည်အရပ်ရပ် ဒေသများတွင် လည်း အရောင်းအဝယ် အကျပ် အတည်း ကြုံတွေ့နေရပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာကုန် သည်အများစုက တရုတ်ပြည်သို့ ပို့ကုန်လုပ်ငန်းကို အဓိကထားလုပ် ကိုင်နေကြရပါတယ်။

 အခုလို တရုတ် ငွေကြေးနှုန်းထားမြင့်တက်နေတော့ မြန်မာပြည်ဘက်က ပို့ကုန်တွေတင် ပို့ဖို့ မြန်မာပြည်ကုန်သည်တွေ အနေနဲ့ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ် နေ ရပါတယ်''ဟု ဒေသခံကုန်သည် များက ပြောသည်။

ကိုမျိုး ( ရွှေပေါက်ကံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...