ကျွန်တော်တို့ သင်ခန်းစာ (၁)မှာ ပြုလုပ်ခဲ့တဲ့ ‘content’ div ထဲက ‘Content
for id “content” Goes Here’ ဆိုတဲ့ စာသားကို ဖျက်ပြီး Insert >
Template Objects > Editable Region ကို ရွေးလိုက်ပါ။

New Editable Region တွင် content ဟု အမည်ပေးလိုက်ပါ။


ကျွန်တော်တို့ Page တစ်ခု ဖန်တီး၇န်အတွက်
- File > New
- Page From Template > BusinessSite > template
ကို ရွေးပြီး Create ကို နှိပ်လိုက်ပါ။ ထို့နောက် File Name ကို index.html လို့ အမည်ပေးပြီး Save မှတ်လိုက်ပါ။



ထို့နောက် Title ရှိ ‘Untitled Document’ နေရာတွင်
မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခုပေးလိုက်ပါ။ ကျွန်တော်ကတော့ ဒီမှာ
BusinessSite Home Page လို့ပေးလိုက်ပါတယ်။ ထို့နောက် အပေါ်ပုံတွင်
အမဲဖြင့်ပြထားသော Content နေရာတွင် စာမျက်နှာတွင် မိမိရေးချင်သည့်
မိမိကြိုက်နှစ်သက်သည့် Post တစ်ခုကိုရေးလိုက်ပါ။ Post တွင်
ခေါင်းစဉ်ပါအောင်တော့ရေးပါ။ ထိုရေးထားသော စာများသည် Browser ပေါ်တွင်
မြင်တွေ့ရမည့်စာများဖြစ်ပါသည်။

ထို့နောက် မိမိရေးထားသည်ကို ပြန်ကြည့်ရန် File> Preview in
Browser > ထဲမှ မိမိကြိုက်နှစ်သက်သည့် Browser ကို ရွေးကာ Preview
ကြည့်လိုက်ပါ။

ထို့နောက်
ကျွန်တော်တို့ရေးထားတဲ့ Post မှ ခေါင်းစဉ်ကို Select မှတ်ပြီး Format >
Paragraph format > Heading 1 ကိုရွေးလိုက်ပါပြီး Preview
ကြည့်လိုက်ပါ။


ကျွန်တော်တို့ အခုနကအတိုင်း မိမိတို့ရေးထားတဲ့ Post ၇ဲ့ခေါင်းစဉ်ကို Select မှတ်ကာ layout အသစ်တစ်ခုဖန်တီးရန် Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ပြီး New CSS Rule ကို နှိပ်လိုက်ပါ။

New CSS Rule Box ကျလာပါက အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: h1
- Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။

‘CSS Rule Definition for h1’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Type > Font-size: 18 px
- Type > Color: #D6130A
- Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။

ယခုဆိုလျှင်တော့ ကျွန်တော်တို့ခေါင်းစဉ်ဟာ အရောင်ပြောင်းသွားပြီ ယခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ထို့နောက် မိမိရေးထားတဲ့ Post မှာ ဓာတ်ပုံတင်ရန်အတွက်
မိမိဓာတ်ပုံထည့်လိုသည့်နေရာတွင် cursor ချပြီး Insert > Image
ကိုနှိပ်လိုက်ပါ။ထို့နောက် ကျွန်တော်တို့ ပုံတွေသိမ်းထားတဲ့ images folder
ထဲက picture.jpg ကို ရွေးလိုက်ပါ။ ထို့နောက် alternate text တွင်
မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ပြီးလျှင် OK နှိပ်လိုက်ပါ။ ဒါဆို
မိမိရဲ့ Post မှာ ဓာတ်ပုံလေးရောက်လာမှာ ဖြစ်ပါတယ်။ ထို ဓာတ်ပုံ
ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘Align’ တွင် Right ကို
ရွေးပေးလိုက်ပါက မိမိရဲ့ ဓာတ်ပုံဟာ စာသာတွေရဲ့ ညာဘက်ကို ရောက်ရှိသွားမှာ
ဖြစ်ပါတယ်။


ဓာတ်ပုံ ကလစ်နှိပ်ပြီး ‘Properties’ Panel မှာရှိတဲ့ ‘H Space’မှာ 10 လို့ရိုက်လိုက်ပါ။

ယခုဆိုလျှင်တော့ ကျွန်တော်တို့ မှုလစာမျက်နှာဖြစ်တဲ့ index.html ကို
ဖန်တီးလို့ပြီးစီးပါပြီ။ ထို့ကြောင့် Save မှတ်ပြီး Preview ကြည့်လိုက်ပါ။
အပေါ်အဆင့်တွေမှာ လုပ်ပြခဲ့တဲ့ index,html ဖန်တီးသလိုမျိုး about-us.html
၊ contact-us.html၊ services.html တို့ကို မိမိတို့
စိတ်တိုင်းကျဖန်တီးလိုက်ကြပါ။ ဒါပေမယ့် contact-us.html ကိုတော့ Page
တစ်ခုသာ ဖန်တီးပြီး ဒီအတိုင်းထားထားလိုက်ပါ။ Content ကို ဖျက်ပြီး Post
မတင်ထားပါနှင့်။
ကျွန်တော်တို့ Page တွေ ဖန်တီးပြီးပြီဆိုလျှင် Page တွေကို Link
ချိတ်ရန်အတွက် Window > Files ကိုခေါ်လိုက်ပါ။ ဒါမှမဟုတ်လည်း ညာဘက်ခြမ်းက
File အောက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

‘Templates’ folder ထဲက template file (template.dwt) ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။
‘Home’ menu button ကို Select မှတ်ပြီး ‘Properties’ Panel ထဲက Link နေရာတွင် http://multiplygroups.multiply.com/index.html
ဟုတ်ရိုက်လိုက်ပြီး ‘Border’ field တွင် 0 လို့ပေးလိုက်ပါ။ Link တွင်
index.html ကို မရိုက်ချင်ပါက Link ဘေးမှာရှိတဲ့ နာရီလိုပုံလေးကို Click
နှိပ်ပြီး ညာဘက် File အောက်မှာရှိတဲ့ index.html ဖိုင်ကို Drag
ဆွဲးသွားလည်းရပါတယ်။

ကျန်တဲ့ menu icon တွေကိုလည်း သက်ဆိုင်ရာ Page များနှင့် အပေါ်အဆင့်ကအတိုင်း Link ချိတ်လိုက်ပါ။
Link ချိတ်ပြီးလျှင် Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။

ကျွန်တော်တို့ contact-us.html ကို ဖွင့်လိုက်ပါ။
ထို့နောက် အမည်းနဲ့ရေးထားတဲ့ content ကို Select မှတ်လိုက်ပြီး Insert
> Form > Form ကို သွားလိုက်ပါ။ ထိုအခါ Form tag အတွက်နေရာကို
အနီရောင်ဖြင့် မြင့်တွေ့ရပါမယ်။
ထို့နောက် Insert Form > Text field ကို သွားပြီး Name လို့အမည်ပေးလိုက်ပါ။

Text field ရပါက Email အမည်ဖြင့် Field တစ်ခုထပ်လုပ်ရန်အတွက် Text field
ရဲ့အနောက်မှာ cursor ချပြီး Enter ၂ ချက်လောက်ခေါက်လိုက်ပါ။ ထို့နောက်
Insert Form > Text field ကို သွားပြီး Email လို့အမည်ပေးလိုက်ပါ။
Email field ရပါက Message အတွက် Field ကို အထက်က အတိုင်းဖန်တီးလိုက်ပါ။
ထို့နောက် Message Field ကို Click နှိပ်ပြီး Properties အောက်မှာရှိတဲ့
Char Width တွင် 45 Max Chars တွင် 5 နှင့် Multi line
တို့ကိုရွေးချယ်ပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ Message ရဲ့အောက်မှာ Button ပြုလုပ်ရန် Insert >
Form > Button ကိုရွေးပြီး OK ကို နှိပ်လိုက်ပါ။ အားလုံးပြီးဆုံလျှင်
ယခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

ပြီးလျှင် Save မှတ်လိုက်ပါ။
ကျွန်တော်တို့ template.dwt ကို ဖွင့်လိုက်ပါ။
ထို့နောက် ‘submenu’ div မှာ ရှိတဲ့ ‘Content for id “submenu” Goes
Here’ ကို Select မှတ်ပြီး ဖျက်လိုက်ပါ။ nsert > Table ကို ရွေးပြီး
ပုံတွေင်ပြထားသည့်အတိုင်း ပြုလုပ်ကာ OK ကို နှိပ်လိုက်ပါ။

- Select the table [Right click within the table > Select Table] and align it ‘Center’ in the ‘Properties’ Panel.
- Click within the top row of the table and insert the image ‘submenu-top-bg.jpg’
- Click within the bottom row of the table and insert the image ‘submenu-btm-bg.jpg’
To give the background image to the middle:
- Click within the middle row
- From the Properties panel, select and click the ‘Edit Rule’ button
- Create a ‘class’ style called ‘.sub-bg’ within ‘styles.css’
- ပုံတွင်ပြထားသည့်အတိုင်း အဆင့်ဆင့်ပြုလုပ်လိုက်ပါ။
- Type in the submenu items
Save မှတ်လိုက်ပါ။ Box ကျလာပါက Update ကို ရွေးလိုက်ပါ။
styles.css
ကိုဖွင့်ပါ။ ထို့နောက် Window > CSS Styles ကို ဖွင့်လိုက်ပါ။
ထို့နောက် #menu style ကို Select လုပ်ပြီး Right click ကိုနှိပ်ကာ Edit
ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။

ထို့နောက် #footer style တွင်လည်း Right
click ကိုနှိပ်ကာ Edit ကိုရွေးပြီး Box > Margin > Top: 20 px
လုပ်လိုက်ပါ။ styles.css ကို Save မှတ်လိုက်ပါ။
#middle style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။
#middle style တွင်လည်း Right click ကိုနှိပ်ကာ Edit ကိုရွေးပြီး အောက်ပါအတိုင်း ပြုလုပ်လိုက်ပါ။

ပြီးရင်တော့ File တွေအားလုံးကို Save All မှတ်လိုက်ပါ။ Preview ကြည့်လိုက်ပါ။ အားလုံး completed ဖြစ်သွားပါပြီ။

နောက်ဆုံးအဆင့်အနေနဲ့ File တွေကို Upload လုပ်ပါမယ်။
င်္ ‘Files’ panel ထဲက ‘Expand to show local and remote sites’ icon ကို Click နှိပ်လိုက်ပါ။

‘Connects to remote host’ icon ကို Click နှိပ်ပါ။

FTP ကို ရွေးပြီး ပုံတွင်ပြထားသည့်အတိုင်း ပြုလုပ်ပါ။


‘Test Connection’ button ကို နှိပ်လိုက်ပါ။

Next ကို နှိပ်ပါ။ No, do not enable check in and check out ကိုရွေးပါ။ Next ကို နှိပ်ပါ။

Done ကို နှိပ်ပါ။ ပြီးလျှင်တော့
- You will be taken back to the Expanded ‘Files’ Panel again.
- Click the ‘Connects to Remote host icon’ again.
ထို့နောက် ဖိုင်တစ်ခုခြင်းစီကို ‘Put Files’ icon ကို နှိပ်ပေးပါ။ ( template file မပါ)

Congratulations! အားလုံးပြီးဆုံးပါပြီ။ သင်ခန်းစာအစက မိမိပြုလုပ်ခဲ့တဲ့
D:> Project>BusinessSiter မှာ ရှိတဲ့ File တွေကို စမ်းသပ်ကြည့်ပါ။
အားလုံးအဆင်ပြေကြပါစေ။ ယခုပြုလုပ်ခဲ့သော BusinessSite ကို လိုချင်ရင်တော့
ဒီနေရာကနေရယူပါ။
0 မှတ်ချက်ရေးရန်:
Post a Comment