HTML ကို Edit လုပ်ပေးတဲ့ IDE ထဲမှာ လက်ရှိ လူသူအများဆုံးကတော့ Dreamwaver
Software ပဲ ဖြစ်ပါတယ်။ Dreamwaver Software ကို HTML မရေးတက်တဲ့သူတွေကအစ
အသုံးပြုလို့ရပါတယ်။
ဒီသင်ခန်းစာမှာ Beginner များအတွက် Dreamwaver ကို သုံးပြီး ကိုယ်ပိုင် Webpage လေးတစ်ခု ဖန်တီးပြမှာ ဖြစ်ပါတယ်။ `
ကျွန်တော်တို့
ပထမဦးဆုံး Website တစ်ခု မဖန်တီးခင် Mycomputer ထဲက D: မှာ Project
အမည်နဲ့ Folder တစ်ခုကို ကြိုတင်ပြုလုပ်ထားလိုက်ပါ။ ထို့ Project Folder
ထဲတွင် BusinessSite အမည်ဖြင့် Folder အသစ်တစ်ခုထပ်ပြုလုပ်ထားလိုက်ပါ။
၁။ Dreamwaver Software ကို ဖွင့်လိုက်ပါ။
ထို့နောက် ပုံမှာပြထားတဲ့အတိုင်း “Create New” အောက်မှာရှိတဲ့ “Dreamweaver Site” ကို Click နှိပ်လိုက်ပါ။
Site Definition Box ကျလာပါက “BusinessSite” ဆိုပြီး အမည်ပေးပြီး Next ကို နှိပ်လိုက်ပါ။ ဒီနေရာမှ မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလို့လည်းရပါတယ်။
ပုံတွင်ပြထားသည့်အတိုင်း ရွေးချယ်ပြီး Next ကို နှိပ်လိုက်ပါ။
ကျွန်တော်တို့ အခုနက ကြိုတင်တည်ဆောက်ခဲ့တဲ့ Project Folder ထဲမှ
BusinessSite ကို လမ်းကြောင်းရွေးချယ်ပေးပြီး Next ကို နှိပ်လိုက်ပါ။
Folder မဆောက်ရသေးတဲ့သူတွေကတော့ ပုံမှာပြထားတဲ့အတိုင်း လမ်းကြောင်းနေရာမှာ
ကျွန်တော်ပြထားတဲ့အတိုင်းရေးလိုက်ပါ။ ဒါဆို D: အောက်မှာ Project Folder ကို
သူ့ဘာသာသူတည်ဆောက်ပေးပါလိမ့်မယ်။
None ကို ရွေးပြီး Next နှိပ်လိုက်ပါ။
ထို့နောက် Done ကို နှိပ်လိုက်ပါက
ပုံတွင်ပြထားသည့်အတိုင်း မြင်တွေရရမှာဖြစ်ပါတယ်။ ထို့နောက် ကျွန်တော်တို့
ဓာတ်ပုံတွေသိမ်းဖို့အတွက် ညာဘက်ထောင့်မှာရှိတဲ့ Site - BusinessSite ကို နှိပ်ပြီး Right ClickNew Folder ကို ရွေးကာ images ဟုအမည်ပေးပြီး Folder တစ်ခုကို BusinessSite Folder အောက်မှာ ဆောက်လိုက်ပါတယ်။
အထက်ပါအဆင်များပြီးဆုံးပါက ကျွန်တော်တို့ Template တစ်ခုကို Create
ပြုလုပ်ဖို့ File Menu အောက်က New ကို နှိပ်လိုက်ပါ။ ထို့နောက်
ပုံတွင်ပြထားသည့်အတိုင်း ‘Blank Template’ > Template Type: ‘HTML
Template’ > Layout: ‘none’ ကို အဆင့်ဆင့်ရွေးလိုက်ပါ။
ထို့နောက် template ကို သိမ်းရန်အတွက် File အောက်မှ Save As ကို
နှိပ်လိုက်ပါ။ ထို့နောက် template လို အမည်ပေးပြီး Save မှတ်လိုက်ပါ။
ဒါဆိုလျှင် template ကို မိမိရဲ့ BusinessSite ရဲ့အောက်မှာ Template Folder
တစ်ခုကို တည်ဆောက်ပြီး template.dwt ဆိုပြီး Save မှတ်ပေးတာကို
တွေ့ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ Template မှာ ဒီဇိုင်ပြုလုပ်ရန်အတွက် Layout သတ်မှန်ရန်အတွက် Insert > Layout Objects > Div Tag ကိုရွေးချယ်ကာ header ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
New CSS Rule Box ကျလာပါက #header လို့အမည်ပေးပါ။ New Style Sheet File ကို ရွေးပေးပြီး Ok ကို နှိပ်လိုက်ပါ။
styles လို့အမည်ပေးပြီး Save မှတ်လိုက်ပါ။
CSS Rule Box ကျလာပါက ပုံမှာပြထားတဲ့အတိုင်း
အဆင့်ဆင့်ပြုလုပ်လိုက်ပါ။ ဒီနေရာမှာတော့ ကျွန်တော်တို့ Tutorials
ဖြစ်တဲ့အတွက် ကျွန်တော်လုပ်ပြထားတဲ့အတိုင်းပဲလိုက်လုပ်ပါ။ ပုံတွေကိုတော့
ဒီနေရာမှာ
Download ပြုလုပ်ပြီး ပုံတွေကို Copy ကူးကာ မိမိပြုလပ်ထားတဲ့
D:>Project>images ထဲမှာ Paste လုပ်ထားလိုက်ပါ။ ပြီးရင်တော့
အောက်မှာပြထားတဲ့အတိုင်း လုပ်လိုက်ပါ။
Background
ပုံထည့်ရန်အတွက် Browser ကို နှိပ်ကာ D:>Project>images ထဲက
ကျွန်တော်တို့ သိမ်းထားတဲ့ header-bg ဆိုတဲ့ပုံကိုရွေးလိုက်ပါ။
ထို့နောက် Ok ကို နှိပ်လိုက်ပါက Insert Div tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ပြီးလျှင် Design ကို Click နှိပ်ပြီးကြည့်လိုက်ပါ။
ထို့နောက် ကျွန်တော်တို့ Layer နောက်တစ်ခုလုပ်ရန်အတွက် Window >
CSS Styles ကို Click နှိပ်လိုက်ပါ။ ‘New CSS Rule’ icon ကို
နှိပ်လိုက်ပါ။
ပြီးလျှင် အောက်မှာပြထားတဲ့အတိုင်း ဖြည့်လိုက်ပါ။
- Selector type: Tag
- Selector Name: body
- Rule Definition: styles.css
OK ကို Click နှိပ်လိုက်ပါ။
ပြီးလျှင်တော့ အောက်ကပုံအတိုင်းလေူ လုပ်လိုက်ပါ။ 0 ပဲပေးလိုက်ပါ။ ဒါမှ ဘယ်ညာနှစ်ဖက်လုံး အပြည့်ဖြစ်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ‘Content for id “header” Goes Here’
ဆိုတဲ့နေရာမှာ Logo ထည့်မှာဖြစ်တဲ့အတွက် အဲ့ဒီစာသားတွေကို Delete
လုပ်လိုက်ပါ။ ထို့နောက် Insert > Image ကို နှိပ်ပြီး Logo ပုံလေးကို
ရွေးလိုက်ပါ။ ထို့နောက် alternate textါ်တွင်
မိမိကြိုက်နှစ်သက်တဲ့အမည်ပေးလိုက်ပါ။ ကျွန်တော်ကတော့ BusinessSite Logo
လို့အမည်ပေးလိုက်ပါတယ်။ ပြီးလျှင် OK နှိပ်လိုက်ပါ။
ဒါဆို ကျွန်တော်တို့ရဲ့ Header မှာ ယခုလိုမြင်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ Logo ထည့်ထားတဲ့ header ကို Select လုပ်လိုက်ပါ။
အောက်ဆုံးမှာ ဒီလိုလေးတွေရမှာဖြစ်ပါတယ်။ မတွေ့တဲ့သူတွေကတော့ Select
မှတ်တာမှားနေလို့ပါ။ မတွေ့ရင်လည်း Code ကို သွားပြီး အောက်မှာပေးထားတဲ့
Code ကိုရှာလိုက်ပါ။
Select မှတ်ပြီးလျှင် Code ကို သွားပါ။ Header Code ကို Select
မှတ်ပေးထားတာတွေ့ရပါမယ်။ အပေါ်က မတွေ့တဲ့သူတွေကတော့ ဒီ Code ကို ရှာလိုက်ပါ။
ကျွန်တော်တို့ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Code ရဲ့နောက်ဆုံးမှာ cursor လေး ချပြီး Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ menu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
ပြီးလျှင်တော့ ဟိုအပေါ်အဆင့်မှာ ပြုလုပ်ခဲ့တဲ့အဆင့်အတိုင်း အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #menu
- Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။
‘CSS Rule Definition for #menu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Background> Background- image: images/menu-bg.jpg
- Box > Width: 100%
- Box > Height: 32px
- Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။
ပြီးလျှင်တော့
ကျွန်တော်တို့ Design ကိုရွေးပြီး ကြည့်လိုက်ပါ။ အခုလုပ်သွားတဲ့အဆင့်က
အပေါ်က အဆင့်တွေအတိုင်းဖြစ်တဲ့အတွက် ပုံနဲ့တကွမရှင်းပြတော့ဘူးနော်။
မလုပ်တက်ရင် အပေါ်အဆင့်တွေကို သေသေခြာခြာပြန်ကြည့်ပါ။
ထို့နောက် Menu ပြုလုပ်ရန်အတွက် Content for id "menu" Goes Here
ကို ဖျက်လိုက်ပြီး Insert > Image ကို နှိပ်ပြီး Home ပုံကိုရွေးပြီး
မိမိကြိုက်နှစ်သက်တဲ့အည်ကိုပေးပြီး OK နှိပ်လိုက်ပါ။ ထို့နောက် Home
ပုံလေးဘေးမှာ cursor ချပြီးအခုနကအတိုင်း Insert > Image ကို နှိပ်ပြီး
ပုံးတွေရွေးပြီးအမည်တွေပေးလိုက်ပါ။ အဲ့ဒီမှာ Menu အတွက် about-us ၊
contact-us၊ services တွေရှိပါတယ်။ တစ်ခုစီရွေးပြီး လုပ်လိုက်ပါ။
ပြီးရင်တော့ အောက်ကပုံအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ Code ကို သွားလိုက်ပါ။
ထို့နောက် <body> မှာရေးထားတဲ့ အောက်မှာ ပြထားတဲ့ Code ကိုရှာပြီး </div> ရဲ့နောက်မှာ cursor ချလိုက်ပါ။
ထို့နောက် အရင်အဆင့်တွေအတိုင်း Insert > Layout Objects > Div Tag ကိုရွေးကိုရွေးချယ်ကာ middle ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
ပြီးလျှင်တော့ ဟိုအပေါ်အဆင့်မှာ ပြုလုပ်ခဲ့တဲ့အဆင့်အတိုင်း အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #middle
- Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။
‘CSS Rule Definition for #middle’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 100%
- Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။
ထို့နောက် Content for id "middle" Goes Here ကို Select မှာကာ Delete လုပ်ပြီး Insert > Layout Objects > Div Tag ကိုရွေးကာ submenu ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #submenu
- Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။
‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 25%
- Box > Float: left
- Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။
ထို့နောက် မိမိရဲ့ submenu div တွင် Content for id "submenu" Goes Here ကိုတွေရပါမယ်။ ကျွန်တော်တို့ Code ကို သွားပြီး
ကိုရှာပြီး </div> ရဲ့နောက်မှာ cursor ချပြီးရင်တော့ အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် content ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #content
- Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။
‘CSS Rule Definition for #submenu’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 75%
- Box > Float: left
- Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။
ထို့နောက် ကျွန်တော်တို့ CSS မှာ Body ကို ပြင်ရန်အတွက် Window
> CSS Styles ကို နှိပ်လိုက်ပါ။ ထို့နောက် Body ကိုရွေးပြီး Right Click
နှိပ်ပြီး Edit ကို ရွေးလိုက်ပါ။
ပုံမှာ ပြထားတဲ့အတိုင်းပြင်ပြီး Click နှိပ်လိုက်ပါ။
င်္Font ပြောင်းသွားတာကို တွေ့ရပါမယ်။
ကျွန်တော်တို့ footer အတွက် Div တစ်ခုထပ်လုပ်ပါမယ်။ သိတဲ့အတိုင်းပဲ Code
ကို သွား </div>ရဲ့နောက်ဆုံးမှာ cursor ချပြီးရင်တော့
အရင်ကအတိုင်းပါပဲ။ Insert > Layout Objects > Div Tag ကိုရွေးကာID တွင် footer ဟုအမည်ပေးပြီး New CSS Rule ကို နှိပ်လိုက်ပါ။
အောက်မှာပေးထားတာတွေကို မှန်အောင်ဖြည့်လိုက်ပါ။
- Selector Type: ID
- Selector Name: #footer
- Rule Definition: styles.css
ပြီးလျှင်တော့ OK ကို နှိပ်လိုက်ပါ။
‘CSS Rule Definition for #footer’ Box ကျလာရင် အောက်ကအတိုင်း ဖြည့်လိုက်ပါ။
- Box > Width: 100%
- Box > Height: 33 px
- Box > Clear: both
- Block > Text align: Right
- Background> Background-image: footer-bg.jpg
- Type > Color: #FFF
- Click OK
ထို့နောက် Insert Div Tag Box ကျလာပါက OK ကို နှိပ်လိုက်ပါ။ ပြီးရင် Design
Tag ကို နှိပ်ပြီးကြည့်လိုက်ပါ။ ထို့ နောက် ‘Content for id “footer” Goes
Here’ ဆိုတဲ့ စာသားကို Select မှတ်ကာ မိမိကြိုက်တဲ့အမည်ပေးလိုက်။
ကျွန်တော်ကတော့ ‘© 2009 Company Name. All Rights Reserved.’
လို့ပေးလိုက်ပါတယ်။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။
အခုဆိုရင်တော့ basic layout template လုပ်လို့ပြီးပါပြီခင်ဗျာ။ File > Save All ကိုနှိပ်ပြီး Save မှတ်လိုက်ပါ။
ဟူးးးးးးးးးးး ဖတ်တဲ့သူတွေတော့နားလည်မလည်မသိဘူး။ ရေးတဲ့ကျွန်တော်တော့
လက်တွေ တော်တော်ညောင်သွားပြီ။ ဒါကြောင့် ဒီမှာ ခဏနားမယ်။ ပြီးလျှင်
ဒုတိယပိုင်း သင်ခန်းစာ (၂) ကိုရေးပြီး Dreamwaver CS4 နဲ့ အခြေခံ Website
ပြုလုပ်နည်းကို ဆက်လက်ရှင်းပြပါမယ်။ Software မရှိသေးတဲ့သူတွေကတော့
Dreamweaver CS4 Portable ကို ဒီနေရာကနေ Download လုပ်လိုက်ပါ။
Webpage အတွက် ပုံတွေကို ဒီနေရာကနေရယူပြီး rar ဖိုင်ဖြေပြီး m51aimage ထဲက ပုံတွေကို Copy ကူးပြီး images အောက်မှာ သိမ်းလိုက်ပါ။
0 မှတ်ချက်ရေးရန်:
Post a Comment